မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်မှာအင်အားဖြည့်တင်းဖို့လာတဲ့ အကြမ်းဖက် စစ်ကောင်စီကားတွေကို လမ်းပိုင်းတစ်နေရာကနေ​ စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း TGYR-Youth Guerrilla Counter Revolution-NZ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

မေလ ၁၉ရက် ညပိုင်းက တောင်သာမြို့နယ်၊ ဂွေးကုန်း တပ်ဂိတ်စခန်းကနေ ထွက်လာတဲ့ စစ်ကောင်စီကား၂စီးကို မြို့သာစက်မှု အဝိုင်းအရှေ့ဘက်အရောက်မှာ ပေပါမိုင်းကြီး ၂လုံးနဲ့ စတင်မိုင်းဆွဲဲခဲ့တယ်လို့ သိရပါတယ်။

“ည ၉နာရီ ကျော်ကျော်လောက်မှာ တံတားဦး၊ ဂွေးကုန်းအထိုင် ဂိတ်စခန်းကနေ ငါန်းဇွန်နယ်၊ မြို့သာ စက်မှုဇုံ ဘဏ်အစောင့်တွေဆီ အင်အားဖြည့်ဖို့လာကြတယ်ပေါ့။ ကျနော်တို့မိုင်းဆွဲတဲ့အခါ ကား၂စီးလာတာမှာ ရှေ့ကလိုက်ထရပ်ကားကို ထိပါတယ်။ ဖောကားတော့ မထိပါဘူး။ ဖောကားက မိုင်းထိတဲ့လိုက်ထရပ်ကားနားကို ချက်ချင်းတန်းမလာဘူး။ မီတာ၃၀၀ အကွာကနေပဲ ကျနော်တို့ဆီ မိနစ်၂၀ ကျော်လောက် ရမ်းသမ်းပစ်ပါတယ်”လို့ TGYR-YouthGuerrillaCounter Revolution-NZ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

နှစ်ဖက်ပစ်ခတ်မှုအပြီး အခင်းဖြစ်စဥ်နေရာဆီ TGYR-ရဲဘော်တွေ ဝင်ရောက်ရှင်းလင်းရေးလုပ်ဆောင်ချိန်မှာတော့ ကားအပျက်အစီးတွေနဲ့သွေးစွန်းသွေးအိုင်တွေ တွေ့ရှိခဲ့ရကြောင်း၊ အခင်းနေရာကနေ တပ်ဖွဲ့ဝင်တွေ ထိခိုက်မှုမရှိ အောင်အောင်မြင်မြင်နဲ့ ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။

အခင်းဖြစ်ရာနေရာတွင် စစ်ကောင်စီကား အပျက်အစီးများကို တွေ့ရစဥ် (ဓာတ်ပုံ TGYR-Youth Guerrilla Counter Revolution-NZ)

0 Shares:
You May Also Like
Read More

ပျူခေါင်းဆောင် လင်းဦး၏ စခန်းကို ရေးဘီလူး ဝင်တိုက်၊ လင်းဦး ဒုတိယအကြိမ် ဆေးရုံရောက်ကာ လက်အောက်ခံ ပျူ ၄ဦး သေ

“အခုက ပျူစောထီးခေါင်းဆောင် လင်းဦးကို ဒုတိယအကြိမ် ဝင်ရောက်တိုက်ခိုက်တာပါ။ သူ့ရဲ့ ရုံးပေါ့။ အဲ့မှာ သူ့ရဲ့ တပ်သား ၄ဦးကျတယ်။ စိုးရိမ်ဒဏ်ရာရတာလည်း ရှိတယ်။ လင်းဦးကိုယ်တိုင်လည်း သေနတ်ထိသွားလို့ ရေးဆေးရုံကို ပို့ထားတယ်” လို့ ရေးဘီလူးခေါင်းဆောင်က မောင်းကို ပြောပါတယ်။
Read More

အုတ်ဖိုတွင် အကြမ်းဖက်စစ်ကြောင်း တိုက်ခိုက်ခံရပြီး ၅ ဦး သေ၊ အရပ်သားများကို ၃ လောင်း သယ်ခိုင်းကာ ၂ လောင်း လယ်ကွင်းထဲ ကျန်ခဲ့

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ကြို့ကိုးပင်ရွာထိပ် ရောက်ရှိနေတဲ့ စစ်အုပ်စုကို ကာကွယ်ရေးတပ်ဖွဲ့တွေက စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ (၆) Black Dragon GBK-PDF ထံက သိရပါတယ်။
Read More

ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့် မောင်တောဒေသခံများ တွေ့ဆုံပြီးနောက် ၁၃ နှစ်ကြာ ပိတ်ထားသည့် မေဂျာဗလီ ပြန်လည်ဖွင့်လှစ်

ရခိုင်ပြည်နယ်၊ မောင်တောမြို့မှာ ၁၃ နှစ်ကြာ ပိတ်ထားခဲ့တဲ့ ဂျာမေဗလီကို အာရက္ခတပ်တော် (AA) ရဲ့ ခွင့်ပြုချက်နဲ့ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပြီလို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ရဲထွက် အုပ်ကြီးနှင့် လူမိုက်အဖွဲ့ရှိသည့် မြောက်ဥက္ကလာ ၂၂ ရပ်ကွက်ရုံးကို ဖောက်ခွဲတိုက်ခိုက် 

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ (၂၂) ရပ်ကွက်က ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို တော်လှန်ရေးအဖွဲ့တွေက မိုင်း၊ လက်ပစ်ဗုံးတွေနဲ့ ဖောက်ခွဲ ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ Yangon Army ထံက သိရပါတယ်။ 
Read More

ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦးရဲ့ အပတ်စဥ်(၃) အခြေခံစစ်ပညာသင်တန်း ပုံရိပ်များ (ဓာတ်ပုံသတင်း)

အညာဒေသ အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး ( BLDF ) က အပတ်စဥ်(၃) အခြေခံစစ်ပညာသင်တန်း ပြုလုပ်နေတဲ့ ပုံရိပ်တွေကို ထုတ်ပြန်ဖော်ပြလာပါတယ်။
Read More

ဘုတလင်မှာ စစ်ရှောင်တွေအတွက် ကျောင်းသားလက်ရုံးတပ်တော်က ဆေးဝါးလှူဒါန်းမှုနဲ့ ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ခဲ့ (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်ရဲ့ ပြင်းထန်စွာ စစ်ကြောင်းထိုးလာမှုတွေကြောင့် ရှောင်တိမ်းနေထိုင်ရတဲ့ စစ်ရှောင်ပြည်သူတွေကို ရန်ကုန်အခြေစိုက် တက္ကသိုလ်ကျောင်းသားများသမဂ္ဂများ (တကသများ-ရန်ကုန်) / ကျောင်းသားလက်ရုံးတပ်တော်က လိုအပ်တဲ့ ဆေးဝါးပစ္စည်းတွေ လှူဒါန်းပေးခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေ ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။