စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ရပ်ရွာလူထုကို လူ့အခွင့်အရေးတာဝန်ခံ ဦးဆောင်ပြီး စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်စည်း ကမ်းသင်တန်းကို ပို့ချပေးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ပါတယ်။

အဆိုပါ သင်တန်းမှာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းပါ အချက်အလက်တွေ၊ စစ်ဘက်ဆိုင်ရာကျင့်ဝတ်တွေနဲ့ ပြည်သူလူထုအပေါ် ကျင့်ဝတ်နဲ့အညီ  ကာကွယ်စောင့်ရှောက်ရမယ့် အကြောင်းအရာတွေကို NUG အစိုးရက ပြဌာန်းထားတဲ့ စစ်ဘက်ဆိုင်ရာ ကျင့်ဝတ် (COC) ပါအချက်အလက်တွေ၊ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှုဆိုင်ရာဥပဒေ စတာတွေကို ကိုးကားပြီး ပို့ချခဲ့တယ်လို့ သိရပါတယ်။

သင်တန်းတက်ရောက်ခဲ့တဲ့ သင်တန်းသားတစ်ယောက်က “အရင်ကတော့ ဒီအကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ကြားဖူးနားဝတော့ရှိခဲ့ပါတယ်၊ အခုလိုသေချာရှင်းလင်းပြောကြားပေးတော့ လက်နက် ကိုင်ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ ပြည်သူတွေအပေါ်အပြင် ဖမ်းဆီးရမိတဲ့ သုံ့ပန်းတွေအပေါ်ကို ဆက်ဆံတဲ့အခါမှာလည်း ဘယ်လိုအရာတွေကို လိုက်နာပြီး ဘယ်လိုအရာတွေကို ရှောင်ကြဉ်ရမယ်ဆိုတာတွေ ကို ပိုပြီး သိရှိလာတယ်” လို့ ပြောကြားကြောင်း NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဆိုပါတယ်။

ဝက်လက်မြို့နယ်အတွင်း စစ်ဘက်ဆိုင်ရာကျင့်ဝတ်သင်တန်းတွေကို (၂) ကြိမ်ပြုလုပ်ခဲ့ရာ ရပ်ရွာ ဒေသရှိ ကာကွယ်ရေးအဖွဲ့ဝင်တွေနဲ့ ဒေသခံတွေအပါအဝင် သင်တန်းသား အယောက်(၅၀) တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဖြူး ခလရ ၅ မှ တပ်သားတစ်ဦး တော်လှန်ရေးတပ်ဖွဲ့ထံ လက်နက်နဲ့တကွ အလင်းဝင်ရောက်လာ

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ညောင်ပင်သာ ဘေးမှာရှိတဲ့ ခြေလျင်တပ်ရင်း ၅ (ခလရ ၅) မှ တပ်သားတဦးဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၃ ရက်နေ့မှာ လက်နက်နဲ့တကွ အလင်းဝင်ရောက်လာတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်ခံ၊ အမှတ် (၂) စစ်ဒေသ တောင်ပိုင်းတိုင်း၊ ၃၅၀၃ တပ်ရင်းထံမှ သိရပါတယ်။ အလင်းဝင်ရောက်လာသူမှာ အသက် ၃၃ နှစ်အရွယ်ဖြစ်ပြီး မန္တလေးတိုင်းထဲကနေ ပြည်သူ့စစ်မှုထမ်းတပ်အဖြစ် စစ်တပ်ထဲကို ရောက်လာသူ ဖြစ်တယ်လို့ သိရပါတယ်။
Read More

ရွှေပေါက္ကံရဲစခန်း ဖောက်ခွဲတိုက်ခိုက်ခံရပြီး လှည့်ကင်းထွက်ဖို့လုပ်နေတဲ့ ရဲများ ထိခိုက်ဒဏ်ရာရ

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်ရှိ ရွှေပေါက္ကံနယ်မြေရဲစခန်းကို သွားရောက်ဖောက်ခွဲတိုက်ခိုက်မှုမှာ လှည့်ကင်းထွက်ဖို့လုပ်နေတဲ့ ရဲတွေ ထိခိုက်သွားတယ်လို့ Yangon Army (YA) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။ အောက်တိုဘာလ ၃၁ရက် မနေ့ညပိုင်းက အကြမ်းဖက်စစ်ကော်မရှင်လက်ပါးစေ ရွှေပေါက္ကံနယ်မြေရဲစခန်းကို ပြောက်ကျားတပ်ဖွဲ့ဝင်တွေက လက်ပစ်ဗုံး ၁လုံးပစ်ခတ်မှုနဲ့အတူ ပြင်းအားမြင့်မိုင်း ၂ခုနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
Read More

ဧရာ၀တီ၊ မကွေး နဲ့ပဲခူးက စစ်ကောင်စီ တပ်စခန်းတွေကို AA က စတင်ထိုးစစ်ဆင်တိုက်ခိုက်နေပြီလို့ ထုတ်ပြန်

ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့  ဒေသသုံးခုက စစ်ကောင်စီတပ်စခန်းတွေကို အာရက္ခတပ်တော် AA က ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ AA က မနေ့က ဇန်နဝါရီ ၂၀ ရက်ညပိုင်းမှာ ထုတ်ပြန်လိုက်ပါတယ်။ 
Read More

မင်းအောင်လှိုင်က သူ့စစ်တပ်ကို အမွှန်းတင်၊ ဒီချုပ်အစိုးရကာလကို အပြစ်တင်ပြီး တိုင်းရင်းသားလက်နက်ကိုင်တွေကို ကတိမတည် အခွင့်အရေးသမားတွေအဖြစ် စွပ်စွဲ

ပြီးခဲ့တဲ့ ဒီချုပ်အစိုးရဟာ တိုင်းတစ်ပါးသားတွေကို ယုံကြည်မှုလွန်ကဲလို့ တိုင်းပြည်ဘဏ္ဍာတွေ ဆုံးရှုံးခဲ့ရပြီး ပြည်တွင်းရေးလျှို့ဝှက်ချက်တွေလည်း ပေါက်ကြားခဲ့ရတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
Read More

စစ်ရေးတင်းမာမှုတွေကြောင့် ပုလော၊ မြိတ်၊ တနင်္သာရီ တလျှောက် ပြည်ထောင်စုလမ်းမကြီးကို မနက် ၆ နာရီမှ ညနေ ၆နာရီအတွင်းသာ သွားလာကြဖို့ NUG (MOD) တနင်္သာရီစစ်ဆင်ရေးဌာန ထုတ်ပြန်

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်အတွင်းက ပုလောမြို့နယ်၊ မြိတ်မြို့နယ်နဲ့ တနင်္သာရီမြို့နယ်တို့မှာ စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ကြား စစ်ရေးတင်းမာနေတာကြောင့် အဲဒီမြို့နယ်တွေ တလျှောက်မှာရှိတဲ့ ပြည်ထောင်စုလမ်းမကြီးကို မနက် ၆ နာရီကနေ ညနေ ၆နာရီအတွင်းသာ သွားလာကြဖို့ NUG (MOD) တနင်္သာရီစစ်ဆင်ရေးဌာနက မနေ့က စက်တင်ဘာ ၁၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။
Read More

Breaking News : စစ်ကောင်စီ၏ ဂျက်ဖိုက်တာတစင်းကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ပစ်ချ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန့်ဒေါင့်စခန်းသိမ်း တိုက်ပွဲမှာ ​အကြမ်းဖက်စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာ ၁ စီးကို ပစ်ချနိုင်ခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA က ထုတ်ပြန်ပါတယ်။