ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ် ပစ်ချမှုကြောင့် ပျက်ကျသွားတဲ့ အကြမ်းဖက်စစ်ကောင်စီ စစ်ရဟတ်ယာဉ်ကို စက်ချို့ယွင်းမှုကြောင့် ပျက်ကျတယ်လို့ စစ်ကောင်စီက မနေ့က ညပိုင်းမှာ လိမ်လည်သတင်းထုတ်ပြန်ထားပါတယ်။

အကြမ်းဖက်စစ်ကောင်စီရဲ့ သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်တွေဟာ မေလ ၂၀ ရက် မနေ့က နေ့လယ်ပိုင်းမှာ ဗန်းမော်မြို့နယ်အတွင်း တပ်ဖွဲ့ဝင်တွေအတွက် လိုအပ်တဲ့ ထောက်ပံ့ပစ္စည်းတွေ သွားရောက်ပို့ဆောင်ခဲ့ပြီး ပြန်လည်ထွက်ခွာလာရာ ရုတ်တရက် စက်ချို့ယွင်းပြီး မတော်တဆပျက်ကျမှု ဖြစ်ပွားခဲ့တာလို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။

အခုလို ရဟတ်ယာဉ် ပျက်ကျခဲ့မှုအတွက် သက်ဆိုင်ရာ တာဝန်ရှိသူတွေက လိုအပ်တဲ့ စစ်ဆေးမှုတွေ ဆောင်ရွက်နေပြီး ရဟတ်ယာဉ် ပျက်ကျတဲ့ နေရာတစ်ဝိုက်ကိုလည်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေ သွားရောက်ကာ ရှာဖွေကယ်ဆယ်ရေးနဲ့ လိုအပ်တဲ့ လုံခြုံရေးလုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

KIA နဲ့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်တွေကတော့ KIA ပူးပေါင်းတပ်က ဗန်းမော်မြို့ကို စစ်ကူလာတဲ့ စစ်ကောင်စီ ရဟတ်ယာဉ် ၃ စီးကို ပစ်ခတ်ခဲ့ရာ ၂ စီး ထိမှန်ကာ ၁စီးပျက်ကျသွားပြီး ၁စီးကတော့ အရေးပေါ် ဆင်းသက်ခဲ့ရတယ်ဆိုတာကို ရုပ်သံမှတ်တမ်းတွေနဲ့အတူ ထုတ်ဖော်ပြသထားပါတယ်။

ပျက်ကျသွားတဲ့ ရဟတ်ယာဉ် ၁ စီးကို ရွှေကူမြို့နယ်၊ မြို့လှမြို့နယ်ခွဲ စည်ငန်းရွာ အနောက်ဘက် တောထဲမှာ ရဟတ်ယာဉ် အပျက်အစီးတွေနဲ့အတူ လေယာဉ်မှူး ကပ္ပတိန် မျိုးထက်အောင်ရဲ့ ရုပ်အလောင်းကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

0 Shares:
You May Also Like
Read More

မူးမြို့နယ်မှာ အကြမ်းဖက်စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူ (၁)ဦး သေဆုံးပြီး (၂)ဦး ထိခိုက်ဒဏ်ရာရ…

ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ညောင်လေးပင်ခရိုင်၊ မူးမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်က အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင့် ပြည်သူ (၁) ယောက် သေဆုံးပြီး (၂) ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ KNU (ဗဟို) က ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကောင်စီ၏ ပစ်ခတ်မှုများကြောင့် တစ်လအတွင်း ကော့ကရိတ်-ကျုံဒိုးအနီးတဝိုက် ပြည်သူ (၁၄) ဦး သေဆုံးခဲ့

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

၂၀၂၅ ခုနှစ်အတွင်း နိုင်ငံတစ်ဝန်း အကြမ်းဖက်စစ်အုပ်စုကြောင့် အရပ်သားအမျိုးသမီး ၃၀၉ ဦး သေဆုံးခဲ့

မြန်မာနိုင်ငံတစ်ဝန်း ၂၀၂၅ ခုနှစ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် အရပ်သားအမျိုးသမီး ၃၀၉ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ချင်းညီနောင်တပ်ဖွဲ့ဝင်တွေကို အာရက္ခတပ်တော် AA က လက်နက်တွေတပ်ဆင်ပေး

အာရက္ခတပ်တော်(AA)က ချင်းညီနောင်တပ်ဖွဲ့ဝင် ချင်းကာကွယ်ရေးတပ်ဖွဲ့ မတူပီ(တပ်မဟာ ၁)ကို စစ်လက်နက်ခဲယမ်းတွေ တပ်ဆင်ပေးခဲ့ကြောင်း မတူပီ (တပ်မဟာ ၁) က အသိပေးဖော်ပြလာပါတယ်။ ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၂၇)ရက်နေ့မှာ အခမ်းအနားနဲ့ လက်နက်ခဲယမ်းတွေ တပ်ဆင်ပေးခဲ့တာလည်း ဖြစ်ပါတယ်။
Read More

တောင်ငူ-သံတောင်လမ်းပိုင်းမှာ စစ်သားတွေတိုက်ခိုက်ခံရပြီး ၃ ယောက် သေ၊ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိ

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ လောင်းရှည်တိုက်နယ်မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း အကြမ်းဖက်စစ်အုပ်စုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ၂ရက်တာ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၃ ယောက် သေကာ ၂ ယောက်ကို လက်နက်ခဲယမ်းတွေနဲ့အတူ အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ ဂန့်ဂေါခရိုင် အမှတ် (၃) တပ်ရင်း People Defense Force - Saw ထံက သိရပါတယ်။
Read More

မုဒုံတွင် အကြောဆေးထိုးမိသူ ၂၉ ဦး ‌ဆေးရုံတက်ရပြီး အဲဒီထဲက ၇၉ နှစ်အရွယ် အမျိုးသမီး ၁ ဦး အသက်ဆုံးရှုံး

မွန်ပြည်နယ်၊ မုဒုံမြို့၊ ဘလောက်ညောင်ဝိုင်းကျေးရွာမှာ ကျေးရွာတာဝန်ကျ သားဖွားဆရာမက အကြောဆေးထိုးပေးပြီးတဲ့နောက်မှာ လူ ၂၉ ယောက် အရေးပေါ် ဆေးရုံတင်လိုက်ရပြီး အဲဒီထဲမှာမှ အသက် ၇၉ နှစ်အရွယ် အမျိုးသမီးတစ်ယောက်ကတော့ အသက်သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။