အိန္ဒိယ – မြန်မာနယ်စပ် တမူးမြို့နယ်မှာ ကျဆုံးခဲ့တဲ့ တမူးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော် (၁၀) ယောက် ရုပ်အလောင်းတွေကို ပြန်လည်တောင်းယူရာမှာ အိန္ဒိယစစ်တပ်က ဖိအားပေးခံဝန်လက်မှတ်ရေးထိုးခိုင်းတာတွေ ရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ သဘောထားထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြေပြင်အခြေအနေ စစ်ဆေးမှုတွေ၊ အစီရင်ခံစာ တွေ့ရှိချက်တွေနဲ့ ဆွေးနွေးတွေ့ရှိချက်တွေအရ ဖြစ်စဉ်အမှန်ဟာ အိန္ဒိယနိုင်ငံမီဒီယာတွေရဲ့ သတင်းထုတ်ပြန်တာနဲ့ ကွဲလွဲနေပြီး တမူး ခရိုင် (ပကဖ) ရဲဘော် (၁၀) ယောက်ဝါ အိန္ဒိယနိုင်ငံဘက်ခြမ်း ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲဖြစ်ပွားကာ ကျဆုံးတာမဟုတ်ဘူးလို့ NUG က ဆိုပါတယ်။

ဒါ့အပြင် ပကဖ ရဲဘော်တွေ ယာယီစခန်းရွှေ့ပြောင်းမှုကကို သတင်းကြိုတင်ပေးပို့ထားတဲ့ကြားက အိန္ဒိယရဲ့ Assam Rifles ( တပ်ရင်း ၁၊ ချန်ဒေခရိုင်၊ မဏိပူရ် ပြည်နယ်) ရဲ့ အကြောင်းပြချက်မခိုင်လုံစွာနဲ့ ဖမ်းဆီးခေါ်ဆောင်၊ နှိပ်စက်၊ သတ်ဖြတ်ခံရတာကို သုံးသပ်တွေ့ရှိရကြောင်း NUG ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အိန္ဒိယစစ်တပ် သတ်ခဲ့တဲ့ တမူးပကဖရဲဘော်တွေရဲ့ ရုပ်အလောင်းများ (ဓာတ်ပုံ Kaung Khant Lin’s Facebook)

ကျဆုံးရဲဘော်တွေရဲ့ အလောင်းတွေ ပြန်လည်တောင်းခံယူရာမှာလည်း ပကဖ ရဲဘော်တွေ အိန္ဒိယနယ်နိမိတ်အတွင်း ဝင်ရောက်ကာ စတင်တိုက်ခိုက်တာကြောင့် နှိမ်နင်းခံရတာဖြစ်သလို နိုင်ငံနယ်နိမိတ် ခြံစည်းရိုးခတ်မှုကို မကန့်ကွက်ဖို့ သဘောတူကြောင်း အချက်တွေပါတဲ့ ခံဝန်ကို NUG ရဲ့ မြန်မာဘက်က တာဝန်ခံတွေကို ခေါ်ယူထားကာ ဖိအားပေးလက်မှတ်ထိုးစေပြီးမှ လွှဲပြောင်းပေးခဲ့တယ်လို့ NUG က ဆိုပါတယ်။

NUG အစိုးရက အိန္ဒိယနိုင်ငံအစိုးရကို အခုဖြစ်စဥ်နဲ့ ပတ်သက်ပြီး အမှုမှန်ပေါ်ပေါက်ရေး ဆောင်ရွက်ပေးဖို့၊ အိန္ဒိယကို ဆန့်ကျင်တိုက်ခိုက်နေသူတွေ မဟုတ်တာကို သိရှိလျက် ရက်စက်စွာ သတ်ဖြတ်ခဲ့တဲ့အပေါ် တာဝန်ယူမှုရှိစွာနဲ့ စုံစမ်းစစ်ဆေး၊ အပြစ်ပေး အရေး ယူ ဖြေရှင်းပေးဖို့ တောင်းဆိုထားပါတယ်။

ဒါ့အပြင် အိန္ဒိယအစိုးရအနေနဲ့ နစ်နာမှုတွေ အတွက် တာဝန်ယူဆောင်ရွက်ပေးပြီး နစ်နာသူ မိသားစုတွေကို နစ်နာကြေးပေးဆောင်ဖို့၊ နောင်တစ်ချိန် အလားတူ ကိစ္စတွေ မဖြစ်စေရေးအတွက် စီမံဆောင်ရွက်ပေးဖို့နဲ့ နှစ်နိုင်ငံ နယ်ခြားစည်းညှိနှိုင်းမှု မပြီးပြတ်သေးတဲ့ကာလမှာ တစ်ဖက်သတ် ခြံစည်းရိုးခတ်တာကို ယာယီရပ်ဆိုင်းထားကာ အခုလို ဖြစ်စဉ်တွေကို ရှောင်လွှဲဖို့ စတာတွေကို NUG အစိုးရ တောင်းဆိုထားပါတယ်။

0 Shares:
You May Also Like
Read More

ကုလအထွေထွေညီလာခံ၏ ဆက်စပ်အစည်းအဝေး ရိုဟင်ဂျာအရေးနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို NUG လူ့အခွင့်အရေးဆိုင်ရာ ဒုဝန်ကြီး တက်ရောက်…

ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ အကြိမ် ၈၀ မြောက် ဆက်စပ်အစည်းအဝေးအဖြစ် နယူးယောက် မြို့မှာ ပြုလုပ်ခဲ့တဲ့ ရိုဟင်ဂျာအရေး နဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဒုဝန်ကြီး ဦးအောင်ကျော်မိုး တက်ရောက် အမှာစကား ပြောကြားခဲ့တယ်လို့ သိရပါတယ်။
Read More

AA ဟာ ရိုဟင်ဂျာမွတ်ဆလင်များကို ဖိနှိပ်နေတယ်လို့ HRW ထပ်မံစွပ်စွဲထား

မြန်မာပြည်အနောက်ပိုင်း ရခိုင်ပြည်နယ်က အာရက္ခတပ်တော် (AA) ဟာ ရိုဟင်ဂျာတွေအပေါ် ပြင်းထန်တဲ့ ကန့်သတ်မှုတွေချမှတ်ထားပြီး အနိုင်ကျင့်မှုတွေ ကျူးလွန်နေတယ်လို့ လူ့အခွင့်အရေးအဖွဲ့ (HRW) က ဇူလိုင်လ ၂၈ ရက်မှာ စွပ်စွဲထားပါတယ်။
Read More

ဂျပန်နိုင်ငံရှိ မြို့ကြီးများတွင် စစ်ကောင်စီကို ထောက်ခံ ကူညီနေမှုများ ရပ်တန့်ရန်နှင့် မြန်မာ့အ​ရေး မစွက်ဖက်ရန် တရုတ်အစိုးရကို ချီတက်ဆန္ဒပြ

ဂျပန်နိုင်ငံရှိ မြို့တော် တိုကျိုအပါအဝင် မြို့ကြီး ၄ မြို့မှာ အကြမ်းဖက်စစ်ကောင်စီကို ထောက်ခံကူညီနေတာတွေ ရပ်တန့်ဖို့နဲ့ မြန်မာ့အရေး ဝင်ရောက်မစွက်ဖက်ဖို့ တရုတ်အစိုးရကို ချီတက်ဆန္ဒပြခဲ့တယ်လို့ NUG Support Team Japan က မနေ့က ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီဖမ်းထားတဲ့ ထိုင်းငါးဖမ်းသမား ၄ ဦး လွတ်လပ်ရေးနေ့မှာ ပြန်လွတ်မယ်လို့ ထိုင်းပြော

ပြီးခဲ့တဲ့လနှောင်းပိုင်းမှာ စစ်ကောင်စီရေတပ်က ဖမ်ဆီးခဲ့တဲ့ ငါးဖမ်းလှေပေါ်က ထိုင်းငါးဖမ်းသမား ၄ယောက်ကို စစ်ကောင်စီက လာမယ့် ဇန်နဝါရီလ ၄ ရက်မှာ ပြန်လွှတ်ပေးမယ်လို့ ထိုင်းကာကွယ်ရေးဝန်ကြီး Phumtham Wechayachai က ပြောပါတယ်။
Read More

မြန်မာကိုယ်စားပြုယှဥ်ပြိုင်သည့် ချင်းတိုင်းရင်းသားလေး ဗန် UFC ဖလိုင်းဝိတ်တန်းမှာ ကမ္ဘာ့ချန်ပီယံဖြစ်ပြီ

ဒီနေ့ပွဲရဲ့ ဒုတိယခေါင်ပွဲလည်းဖြစ် ဖလိုင်းဝိတ်ချန်ပီယံလုပွဲလည်းဖြစ်တဲ့ UFC 323 ပြိုင်ပွဲမှာ မြန်မာကိုယ်စားပြု ချင်းတိုင်းရင်းသားလေး ဗန် နဲ့ ကမ္ဘာ့ဖလိုင်းဝိတ်ချန်ပီယံ ပန်တိုဂျာတို့ထိုးသတ်ခဲ့ရာ၊ ပထမအချီအစမှာပဲ ပန်တိုဂျာ လက်ကျိုးသွားခဲ့တာကြောင့် ပြိုင်ဖက် ဗန် က UFC ဖလိုင်းဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်ကို ရယူသွားခဲ့ပါတယ်။
Read More

ထိုင်းရဲ့ ရက် ၁၂၀ စီမံချက်အတွင်း တရားမဝင် မြန်မာလုပ်သား ၁,၃၀၀ နီးပါး ဖမ်းဆီးခံရ

လွန်ခဲ့တဲ့ ၃လကျော်အတွင်း ထိုင်းနိုင်ငံမှာ တရားမဝင် အလုပ်လုပ်ကိုင်မှုကြောင့် နိုင်ငံခြားသား ၂,၀၀၀  ကျော်ဖမ်းဆီးခံခဲ့ရတယ်လို့ထိုင်းအလုပ်သမားဝန်ကြီးဌာနကသတင်းထုတ်ပြန်ထားပါတယ်။