ကရင်ပြည်နယ်၊ ကော့ကရိတ်-ကျုံဒိုး ဒေသတဝိုက်မှာ စစ်ကောင်စီတပ်တွေရဲ့ လက်နက်ကြီး၊ ဒရုန်းနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အခုလ တစ်လတာအတွင်းမှာ ပြည်သူ (၁၄) ယောက် သေဆုံးခဲ့တယ်လို့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) က သတင်းထုတ်ပြန်လာပါတယ်။ 

စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးခဲ့ရတဲ့ ပြည်သူ ၁၄ ယောက်ထဲမှာ (၃)နှစ်အရွယ် ကလေးငယ် ၂ယောက်၊ ကိုယ်ဝန်ဆောင်သည် ၁ယောက်နဲ့ ၆၄နှစ် အရွယ် အဘိုးအိုတို့လည်း ပါဝင်ခဲ့တယ်လို့ သိရပါတယ်။ 

ထိခိုက်ဒဏ်ရာရသူကတော့ ၂၄ယောက်ရှိပြီး အဲဒီထဲမှာလည်း သံဃာတော်တွေနဲ့ မူလတန်းအရွယ် ကလေးငယ်တွေ ပါဝင်ကာ ခြေထောက်တစ်ဖက် ဆုံးရှုံးတဲ့အထိ ဆိုးရွားစွာ ထိခိုက်ခဲ့တယ်လို့ သိရပါတယ်။ 

ဒါ့အပြင် ကမ်းနီရွာ ဘုန်းကြီးကျောင်း၊ ကမ်းနီ ဗလီ၊ ကမ္မရိုက်ဘုန်းကြီးကျောင်း၊ သလွဲထော်ဘုန်းကြီးကျောင်းနဲ့ ဝင်းက စာသင်ကျောင်း စတဲ့ သာသနိက အဆောက်အဦးတွေလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ 

ပြီးခဲ့တဲ့ ဧပြီလ (၁၅)ရက်နေ့ကနေ ဒီနေ့အချိန်ထိ မွန်ပြည်လွတ်မြောက်ရေးတပ်တော် အပါအဝင် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)၊ မဟာမိတ်ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေဟာ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေတာကြောင့် ပြည်သူတွေအနေနဲ့ လေကြောင်း အန္တရာယ်ကို သတိကြီးစွာ ဂရုစိုက်နေထိုင်ကြဖို့ လည်း MLA ကနေ အသိပေး မေတ္တာရပ်ခံထားပါတယ်။ 

စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုများကို တွေ့ရစဉ် (ဓာတ်ပုံ MLA)

0 Shares:
You May Also Like
Read More

မကွေးတိုင်း ပကဖ ရဲ့ Yenanthar Column က ရဲဘော် Flash ကျဆုံး

မကွေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲ့ ရွေ့လျားစစ်ကြောင်းတစ်ခုဖြစ်တဲ့ Yenanthar Column က ရဲဘော် မောင်စောဝေယံ (ခ) Flash ဟာ တိုက်ပွဲဝင်ရင်း ကျဆုံးသွားတယ်လို့ အဆိုပါစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကော်မရှင်တပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ဖားကန့်ဒေသခံ ၇ ဦး ထိမှန်ဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ထဲကို အကြမ်းဖက်စစ်ကော်မရှင်တပ်က လက်နက်ကြီး ပစ်ခတ်ခဲ့တာကြောင့် ကိုရင်တွေနဲ့ အရပ်သားတွေ ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

နတ်တလင်း ဒမငယ်ရဲကင်းစခန်းကို လက်ပစ်ဗုံးနဲ့ တိုက်ခိုက်၊ ရဲ ၂ ယောက် ဒဏ်ရာရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၊ ဒမငယ်ရဲကင်းစခန်းကို လက်ပစ်ဗုံးနဲ့ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲ ၂ ယောက် ခြေပြတ်၊ လက်ပြတ်ဒဏ်ရာ ရရှိခဲ့တယ်လို့ နတ်တလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - Phoenix D F တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ပ သုံးလုံးအဖွဲ့တွေကို ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်ဖို့ NUG ယာယီသမ္မတ ပြောကြား

မြေပြင်က NUG လက်အောက်ခံ ပ သုံးလုံး အဖွဲ့တွေ ပိုမိုအလုပ်ဖြစ်စေရေး လက်မနှေးဖို့ အလွန်အရေးကြီးတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်ပါတယ်။
Read More

စစ်အုပ်စုက ဒေသခံပြည်သူ ၄ ဦးကိုလူသားဒိုင်းအဖြစ်ဖမ်းဆီးပြီး ကိုယ်လက်အင်္ဂါများဖြတ်တောက်

“သူတို့ဘယ်လို ဖမ်းဆီးခံလိုက်ရလဲတော့ သေချာမသိပါဘူး၊ သူတို့ရွာ နဲ့ ကပစ ၂၄ က နီးတယ်၊ စစ်ကြောင်းရွာထဲကို ရုတ်တရက်ဝင်လာချိန် အဖမ်းခံလိုက်ရတာနဲ့ တောင်ယာလုပ်ရင်း အဖမ်းခံရတာ အဲ ၂ ခုထဲက တစ်ခုခုပါပဲ” လို့ မကွေးတိုင်း ပကဖ ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက မောင်းကို ပြောပါတယ်။
Read More

ငလျင်ကြောင့် ကွယ်လွန်ခဲ့သည့် ပြည်သူများအတွက် ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့ ကုသိုလ်ပြု

မြန်မာနှစ်ဆန်း (၁)ရက်နေ့မှာ ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့က စစ်ကိုင်းပြတ်ရွေ့ ငလျင်‌ကပ်ဘေးကြီးအတွင်း ကွယ်လွန်သွားတဲ့ ပြည်သူတွေအတွက် ရည်စူးပြီး ရန်ကုန်မြို့မှာ ကုသိုလ်ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။