ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို စစ်ကူလာတဲ့ ရဟတ်ယာဉ် ၃ စီးကို KIA တပ်ဖွဲ့က ဒီကနေ့ ပစ်ခတ်ခဲ့ရာ ၂ စီး ထိမှန်ကာ၊ ၁ စီး ပျက်ကျသွားခဲ့တယ်လို့ သိရှိရပြီး၊ အဆိုပါ ပျက်ကျသွားတဲ့ ရဟတ်ယာဥ်ကို ရွှေကူမြို့နယ် စည်ငန်းရွာအနောက်ဘက် တောထဲမှာ တွေ့ရှိခဲ့တယ်လို့ ဒေသတွင်းရှေ့တန်းသတင်းရင်းမြစ်ဆီက သိရပါတယ်။

အဆိုပါ ပျက်ကျသွားတဲ့ ရဟတ်ယာဉ်ကို KIA နဲ့ ပူးပေါင်းတပ်တွေက ရှာဖွေတွေ့ရှိခဲ့ပြီး၊ ရဟတ်ယာဉ်ဟာ တစ်စီးလုံး မီးလောင်ပျက်စီးသွားခဲ့တာဖြစ်ပါတယ်။ ရဟတ်ယာဥ်ပေါ် ပါလာသူအားလုံး သေဆုံးသွားခဲ့တယ်လို့ သိရပြီး၊ သေဆုံးသူတွေထဲမှာ ဗျူဟာမှူးတစ်ဦးလည်း ပါဝင်တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်များကဆိုပေမယ့်၊ ယင်းအပေါ် မောင်းအနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ဗန်းမော်ကို စစ်ကူလာပို့တဲ့ စစ်ကောင်စီရဲ့ ရဟတ်ယာဉ် ၃ စီးကို KIA နဲ့ ပူးပေါင်းတပ်တွေက ဝိုင်းဝန်းပစ်ခတ်ရာမှာ ၂ စီးထိမှန်သွားခဲ့ပြီး၊ တစ်စီးက အခုလို ရွှေကူမြို့အနီးက တောတွင်းကို ပျက်ကျသွားတာဖြစ်တယ်လို့ KIA ကအတည်ပြုထုတ်ပြန်ထားပါတယ်။ ကျန်တစ်စီးကတော့ ရွှေကူဘက်ကို အရေးပေါ် ဆင်းသက်ခဲ့ပြီး၊ ရဟတ်ယာဥ်ရဲ့ အစိတ်အပိုင်းတော်တော်များများ ပျက်စီးသွားခဲ့တယ်လို့လည်း သိရပါတယ်။

လူမှုကွန်ရက်မှာ ပျံ့နှံ့နေပြီး မောင်းမှ လက်ခံရရှိထားတဲ့ ရုပ်/သံဖိုင်ထဲမှာလည်း မီးလောင်ပျက်စီးနေတဲ့ ရဟတ်ယာဥ်နဲ့ အနီးနားမှာ သေဆုံးနေတဲ့ စစ်ကောင်စီတပ်သားတွေကို တွေ့မြင်ရပါတယ်။ ဒီရဟတ်ယာဥ်ပျက်ကျမှုနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ တစ်စုံတစ်ရာ ထုတ်ပြန်လာခြင်း မရှိသေးပါဘူး။

0 Shares:
You May Also Like
Read More

ချင်းညီနောင်စစ်ဆင်ရေး တစ်နှစ်တာအတွင်း အောင်မြင်မှုတွေနဲ့အတူ တပ်ဖွဲ့ဝင်ရဲဘော် ၁၀၀ ခန့် ကျဆုံးခဲ့

၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့ကနေ စတင်ခဲ့တဲ့ ချင်းညီနောင်ရဲ့ မြို့သိမ်းတိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင် ရဲဘော် အယောက် ၁၀၀ ခန့် ကျဆုံးခဲ့ရတယ်လို့ ချင်းညီနောင်အဖွဲ့ စစ်ရေးဥက္ကဋ္ဌ ထန်ချွန်းဖေက ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ ပြောဆိုသွားပါတယ်။
Read More

ဆောင်းဦးရာသီ စပါးရိတ်ဖို့ လယ်သမားတွေကို MNDAA ကူညီရိတ်သိမ်းပေး… (ဓာတ်ပုံသတင်း)

ညီနောင်မဟာမိတ် ၃ ဖွဲ့ထဲက တစ်ဖွဲ့ဖြစ်တဲ့ ကိုးကန့်တပ်မတော် (MNDAA) က ဆောင်းဦးရာသီမှာ လယ်သမားတွေကို ကူညီပြီး စပါးရိတ်သိမ်းပေးခဲ့တယ်လို့ ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တပ်မ ၃၃ တပ်မမှူး ဗိုလ်မှူးချုပ် ကျော်ဆက်မြင့်အား နန်းတွင်းစစ်ကြောရေးတွင် စစ်ကောင်စီ ဖမ်းဆီးစစ်ဆေးနေ

စစ်ကောင်စီဟာ တပ်မ ၃၃ တပ်မမှူး ဗိုလ်မှူးချုပ် ကျော်ဆက်မြင့်ကို ရာထူးတာဝန်တွေကနေ ဖယ်ရှားလိုက်ပြီးနောက် နန်းတွင်း စစ်ကြောရေးမှာ ဖမ်းဆီး စစ်ဆေးနေတယ်လို့ တပ်တွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။ 
Read More

ညောင်လေးပင်-မဒေါက်-ရွှေကျင်လမ်းပိုင်းတွင် ဆက်ကြေးကောက်နေသည့် စစ်အုပ်စု တိုက်ခိုက်ခံရပြီး ၂ ဦး သေ၊ သေနတ်၂ လက်နှင့် ခဲယမ်းအချို့ PDF ရရှိ

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့ အခြေစိုက် စစ်ကောင်စီတပ်က ပြည်သူ့စစ် ၁ ယောက်ဟာ သေနတ်မပါဘဲ လက်နက်မဲ့ အလင်းဝင်ခဲ့လာတယ်လို့ ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဆီက သိရပါတယ်။
Read More

မျိုးဆက်အလိုက် ပုခုံးထမ်း သယ်ဆောင်လာသည့် တော်လှန်ရေး၏ ပန်းတိုင်ကို ယနေ့အချိန် မြင်နေရပြီဟု NUG ယာယီသမ္မတ ပြောကြား

အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလက ဒီနေ့မှာ ကျရောက်တဲ့ ကိုဖုန်းမော်၊ ကိုစိုးနိုင် ကျဆုံးခြင်း (၃၇) နှစ်ပြည့် နှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် သဝဏ်လွှာ ပေးပို့ခဲ့တယ်လို့ သိရပါတယ်။
Read More

ခန္တီးတွင် ပေါ်တာဆွဲ ဖမ်းဆီးခံရမှု အန္တရာယ်ကြုံနေရသည့် အရပ်သားများကို ပကဖ ကူညီကယ်ထုတ်

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုရဲ့ စစ်မှုထမ်း ပေါ်တာဆွဲစုဆောင်းမှု တိမ်းရှောင်လိုတဲ့ အရပ်သားတွေကို စိုးမိုးနယ်မြေအထိရောက်အောင် သွားရောက်ကူညီခေါ်ထုတ်ပေးခဲ့ကြောင်း ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။