ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို စစ်ကူလာတဲ့ ရဟတ်ယာဉ် ၃ စီးကို KIA တပ်ဖွဲ့က ဒီကနေ့ ပစ်ခတ်ခဲ့ရာ ၂ စီး ထိမှန်ကာ၊ ၁ စီး ပျက်ကျသွားခဲ့တယ်လို့ သိရှိရပြီး၊ အဆိုပါ ပျက်ကျသွားတဲ့ ရဟတ်ယာဥ်ကို ရွှေကူမြို့နယ် စည်ငန်းရွာအနောက်ဘက် တောထဲမှာ တွေ့ရှိခဲ့တယ်လို့ ဒေသတွင်းရှေ့တန်းသတင်းရင်းမြစ်ဆီက သိရပါတယ်။

အဆိုပါ ပျက်ကျသွားတဲ့ ရဟတ်ယာဉ်ကို KIA နဲ့ ပူးပေါင်းတပ်တွေက ရှာဖွေတွေ့ရှိခဲ့ပြီး၊ ရဟတ်ယာဉ်ဟာ တစ်စီးလုံး မီးလောင်ပျက်စီးသွားခဲ့တာဖြစ်ပါတယ်။ ရဟတ်ယာဥ်ပေါ် ပါလာသူအားလုံး သေဆုံးသွားခဲ့တယ်လို့ သိရပြီး၊ သေဆုံးသူတွေထဲမှာ ဗျူဟာမှူးတစ်ဦးလည်း ပါဝင်တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်များကဆိုပေမယ့်၊ ယင်းအပေါ် မောင်းအနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ဗန်းမော်ကို စစ်ကူလာပို့တဲ့ စစ်ကောင်စီရဲ့ ရဟတ်ယာဉ် ၃ စီးကို KIA နဲ့ ပူးပေါင်းတပ်တွေက ဝိုင်းဝန်းပစ်ခတ်ရာမှာ ၂ စီးထိမှန်သွားခဲ့ပြီး၊ တစ်စီးက အခုလို ရွှေကူမြို့အနီးက တောတွင်းကို ပျက်ကျသွားတာဖြစ်တယ်လို့ KIA ကအတည်ပြုထုတ်ပြန်ထားပါတယ်။ ကျန်တစ်စီးကတော့ ရွှေကူဘက်ကို အရေးပေါ် ဆင်းသက်ခဲ့ပြီး၊ ရဟတ်ယာဥ်ရဲ့ အစိတ်အပိုင်းတော်တော်များများ ပျက်စီးသွားခဲ့တယ်လို့လည်း သိရပါတယ်။

လူမှုကွန်ရက်မှာ ပျံ့နှံ့နေပြီး မောင်းမှ လက်ခံရရှိထားတဲ့ ရုပ်/သံဖိုင်ထဲမှာလည်း မီးလောင်ပျက်စီးနေတဲ့ ရဟတ်ယာဥ်နဲ့ အနီးနားမှာ သေဆုံးနေတဲ့ စစ်ကောင်စီတပ်သားတွေကို တွေ့မြင်ရပါတယ်။ ဒီရဟတ်ယာဥ်ပျက်ကျမှုနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ တစ်စုံတစ်ရာ ထုတ်ပြန်လာခြင်း မရှိသေးပါဘူး။

0 Shares:
You May Also Like
Read More

သဘာ၀ဘေးမှာ အသုံးပြုဖို့ ထိုင်းက ဘတ် ၁၀ သိန်း တန်ဖိုးရှိ မြေတူးကား လှူဒါန်း၊ စင်ကာပူအဖွဲ့ကလည်း ကယ်ဆယ်ရေးပစ္စည်းများ လှူဒါန်းခဲ့

မြန်မာနိုင်ငံကို ရောက်ရှိပြီး ငလျင်ဘေးမှာ ကူညီကယ်ဆယ်ရေးတွေ လုပ်ဆောင်နေတဲ့ ထိုင်းနဲ့ စင်ကာပူ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ကယ်ဆယ်ရေးပစ္စည်းတွေ အသီးသီးလှူဒါန်း ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

တောင်တွင်းကြီးနှင့် ဆင်ပေါင်ဝဲကြားတွင် စစ်အုပ်စု မိုင်းဆွဲခံရ၊ ဗိုလ်ကြီးအဆင့်ရှိသူအပါ ၄ ဦး သေပြီး အများအပြားဒဏ်ရာရ

မကွေးတိုင်း၊ တောင်တွင်းကြီးနဲ့ ဆင်ပေါင်ဝဲမြို့နယ်ကြားမှာ ဂိတ်အချိန်းအပြောင်းလုပ်ဖို့ ထွက်လာတဲ့ စစ်အုပ်စုကို မိုင်းဆွဲတိုက်ခိုက်ရာ ဗိုလ်ကြီးအဆင့်ရှိသူ ၁ ယောက် အပါအဝင် အကြမ်းဖက်စစ်သား ၄ ယောက် သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိသွားခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်- ပုဏ္ဏဝတီ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

အမှတ် ၁၀၀၉ တပ်ရင်းဖွဲ့စည်းတည်ထောင်ခြင်း ( ၂ ) နှစ်ပြည့် အခမ်းအနား (ဓာတ်ပုံသတင်း)

စက်တင်ဘာလ (၁၁) ရက်နေ့တွင် အမှတ် ၁၀၀၉ တပ်ရင်း ဖွဲ့စည်းတည်ထောင်ခြင်း (၂) နှစ်ပြည့်ခဲ့တဲ့ အင်းလေးပြည်သူ့ကာကွယ်ရေးတပ် - IPDF (အမှတ် ၁၀၀၉ တပ်ရင်း) ဟာ ရာသီဥတုဆိုးရွားမှုကြောင့် (၂) နှစ်ပြည့် အခမ်းအနားကို မဟာမိတ်တပ်ရင်းတပ်ဖွဲ့ တွေနဲ့အတူ စက်တင်ဘာလ (၂၅)ရက်မှာ အကျဉ်းချုံး ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စလင်းမြို့ပေါ် စစ်အုပ်စုကို မိုင်းဆွဲတိုက်ခိုက်.. “ရွေးကောက်ပွဲ ဖြစ်မြောက်အောင် ကူညီဆောင်ရွက်ပေးတဲ့သူ၊ ပါဝင်ပတ်သက်တဲ့သူ ဘယ်သူ့ကိုမဆို စာနာထောက်ထားနေမှာ မဟုတ်ပါဘူး။ ကျနော်တို့ ဖောက်ခွဲတိုက်ခိုက်သွားမှာပါ။”

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၅ရက်နေ့က စလင်း-ဆင်ဖြူကျွန်းလမ်းပိုင်းမှာ စစ်အုပ်စုကင်းလှည့်လာချိန် အသင့်စောင့်ကြို ဖောက်ခွဲတိုက်ခိုက်ခဲ့သလို အောက်တိုဘာလ ၁၆ရက်နေ့မှာလည်း စလင်းမြို့လယ်ခေါင် ပန်းခြံထောင့်က စစ်အုပ်စုကင်းပုန်းနေရာကို ထပ်မံတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ "ဆင်ဖြူကျွန်းလမ်းပိုင်းမှာ စခလှည့်ကင်းကားတွေလာမယ့်အချိန် အသင့်စောင့်ပြီး ၁လုံးခွဲတာ မိုင်းက မအောင်ဘဲ (Error) ကား၂စီးလုံးကျော်သွားမှ ကွဲတယ်။ နောက်နေ့ စလင်းမြို့လယ်ခေါင် ပန်းခြံထောင့်မှာ ခွဲတာကတော့ ထိခိုက်မှုမသိရသေးပါဘူး။" လို့ ပြည်သူ့ညီနောင်-စလင်းတာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

မုံရွာ နမခ တပ်နယ်ကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား၂ဦးကို မုံရွာ ပကဖ စစ်​ဆေးနေ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တပ်နယ် ကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ယောက်ကို လက်နက်နဲ့အတူ ဖမ်းဆီးရမိပြီး မုံရွာ ပကဖ ထံအပ်နှံခဲ့တယ်လို့ CHU PDF သတင်းနှင့် ဆက်သွယ်ရေး တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ညောင်လေးပင်ခရိုင်အတွင်း စစ်ကောင်စီတပ် တိုက်ခိုက်မှုများကြောင့် ပြည်သူ (၁) ဦး ပွဲချင်းပြီး သေဆုံးပြီး (၂) ဦး ဒဏ်ရာရရှိ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မူးမြို့နယ်နဲ့ ကျောက်ကြီးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ အရပ်သားပြည်သူကို ပစ်မှတ်ထားတဲ့ လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ (၁) ယောက် ပွဲချင်းပြီး သေဆုံးပြီး (၂) ယောက် ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။