ပဲခူးတိုင်း၊ ပဲခူးမြို့နယ်၊ ဇီးတောကျေးရွာရှိ စစ်ကောင်စီတပ် ရှေ့တန်းကာကင်းစခန်းကို အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ တိုင်းစစ်ဌာန (ပဲခူး)၊ အမှတ်(၃၇၀၁) တပ်ရင်းက မေလ ၁၈ရက်၊ မနက် ၂နာရီအချိန်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ စစ်ရုံးချုပ်က ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။

အဆိုပါတိုက်ခိုက်မှုအတွင်း G-4 (၂)လက်၊ G-3 (၂)လက်၊ G-2 (၁)လက်၊ M-1 ကာဘိုင် (၉)လက်နဲ့ ခဲယမ်းများ၊ ဆက်စပ်စစ်သုံးပစ္စည်းများကို သိမ်းဆည်းရရှိခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။ တိုက်ခိုက်မှုအပြီးမှာတော့ စစ်ကောင်စီတပ် ကာကင်းစခန်းကို ရှင်းလင်းဖျက်စီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

0 Shares:
You May Also Like
Read More

KNDF ရဲ့ ကဏ္ဍအသီးသီးမှာ တာဝန်ထမ်းဆောင်နေတဲ့ အမျိုးသမီးတပ်ဖွဲ့ဝင်တွေရဲ့ လေ့ကျင့်မှုပုံရိပ်များ (ဓာတ်ပုံသတင်း)

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF စတင်ဖွဲ့စည်းတဲ့ အချိန်ကစလို့ ကဏ္ဍအသီးသီးမှာ ပါဝင်လုပ်ဆောင်နေတဲ့ အမျိုးသမီးတပ်ဖွဲ့ဝင်တွေရဲ့ ပုံရိပ်တွေကို KNDF အမှတ်(၄) ဗျူဟာက ပြုလုပ်ထားတဲ့ ကျည်-Ammo (သိန်း ၉၉၉၉) Project မှာ ဖော်ပြထားပါတယ်။
Read More

သပိတ်ကျင်းမြို့နယ်မှ စစ်ဘေးရှောင်ပြည်သူများကို မြို့နယ် ပကဖ မှ ကူညီထောက်ပံ့… (ဓာတ်ပုံသတင်း)

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ရှိ ၄ မိုင်၊ မြိုင်သာယာ၊ ၆ မိုင် ကျေးရွာတွေက စစ်ဘေးရှောင်ပြည်သူတွေကို သပိတ်ကျင်းမြို့နယ် ပကဖ ကူညီကယ်ဆယ်ရေး တာဝန်ခံက စက်တင်ဘာလ ၁၉ ရက် မနေ့က အိမ်ထောင်စုပေါင်း (၁၁၄)စုအတွက် (၁) စုလျှင် ဆန် (၃) ပြည်၊ ဆီ (၅၀)သား၊ ကြက်သွန်နီ (၅၀)သား သွားရောက်ကူညီထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။
Read More

ရေစကြိုမှာ စစ်ကူအင်အားဖြည့်ဖို့သွားတဲ့ စစ်တပ်စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး ၃ ယောက်ထက်မနည်း သေ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ ​တိုက်ပွဲဖြစ်ပွားရာ ကျေးရွာဆီ အင်အားဖြည့်ဖို့သွားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃ ယောက် ထက်မနည်း သေဆုံးပြီး သေနတ်၂ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ Southern YSO PDF တာဝန်ခံ ကိုအောင်မောင်းက မောင်းကိုပြောပါတယ်။
Read More

တံတားဦးမှာ ပြည်သူအပေါ် အနိုင်ကျင့်နေတဲ့ ပျူခေါင်းဆောင် ချစ်ဝင်းကို ပစ်ခတ်ရှင်းလင်း

မန္တလေးတိုင်း၊ တံတားဦးမြို့နယ်မှာ ပြည်သူတွေကို ဗိုလ်ကျ အနိုင်ကျင့်နေတဲ့ ပျူစောထီးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ နဂါးနီ ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ) ထံက သိရပါတယ်။ 
Read More

သဲကုန်းက ပျူစောထီး ၄ ယောက်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ပစ်ခတ်ရှင်းလင်း

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ သစ်နီတောအုပ်စု အောင်စီသာရွာမှာ နေထိုင်တဲ့ စစ်ကောင်စီလက်အောက်ခံ ပျူစောထီး ၄ ယောက်ကို ပစ်ခတ်ရှင်းလင်းရာ ၃ ယောက် သေဆုံးပြီး ၁ ယောက် ပြင်းထန် ဒဏ်ရာရသွားတယ်လို့ သဲကုန်း (ပကဖ) က သတင်းထုတ်ပြန်ထားပါတယ်။