ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နယ်မှာ တိုက်ပွဲမဖြစ်ပွားဘဲ စစ်ကောင်စီက ဒရုန်းနဲ့ ဗုံး(၅)လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ဒေသခံ ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က ဒီနေ့မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။

TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နယ်၊ တောင်ကျကျေးရွာမှာ မနေ့က မနက်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ပွားဘဲ ဒရုန်းနဲ့ ဗုံး (၅)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်ကောင်စီရဲ့ ဗုံးကျရောက် ပေါက်ကွဲမှုကြောင့် ဒေသခံ (၃) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က ဆိုပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်က မေလ ၆ ရက်ကနေ ၃၁ ရက်ထိ အပစ်ခတ်ရပ်စဲရေး သက်တမ်း (၁)လ ထပ်တိုးထားပေမယ့် TNLA ထိန်းချုပ်နယ်မြေတွေအတွင်း မြေပြင်ထိုးစစ်ဆင်ခြင်း၊ လက်နက်ကြီးပစ်ခတ်ခြင်း၊ ဒရုန်း၊ ဂျက်ဖိုက်တာစတဲ့ လေကြောင်းကနေ နေ့စဉ် တိုက်ခိုက်ခြင်းတွေ ပြုလုပ်နေတယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

မြင်းခြံမှာ စစ်ကောင်စီက အရပ်သား ၃ယောက်ကို ဖမ်းဆီးသတ်ဖြတ် အမှုဆင်ကာ နေအိမ်တွေပါမီးရှို့ခဲ့

"မနေ့က မနက်၇နာရီလောက်မှာ မြင်းခြံနယ်၊ ဖုံရွာကိုဝင်ပြီး ဒေသခံပြည်သူတွေကိုဖမ်းပြီး ပစ်သတ်သွားပါတယ်။ သေတဲ့သူတွေထဲ ၂ယောက်က ညီအစ်ကိုအရင်းပါ။ ရွာထဲ PDF ရှိတယ်ဆိုပြီး ဒလန်သတင်းပေးတော့ ဝင်ရှာတာမတွေ့တာနဲ့ ရှိတဲ့သူကို ဖမ်းပြီး လုပ်သွားတာပဲ။ အိမ်တွေလည်းမီးရှို့ခံလိုက်ရတယ်" လို့ ဒေသခံ ၁ယောက်က မောင်းကိုပြောပါတယ်။
Read More

ဇွန်လ နောက်ဆုံးအပတ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ စစ်သားနှင့် ရဲ ၂၃ ဦး အလင်းဝင်လာ၊ စစ်သုံ့ပန်းအဖြစ် ၄၀ ဦးကို ဖမ်းမိ

ပြီးခဲ့တဲ့ ဇွန်လ စတုတ္တပတ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ကနေ စစ်သား နဲ့ ရဲ ၂၃ ယောက် အလင်းဝင်လာပြီး စစ်သုံ့ပန်းအဖြစ် အယောက် ၄၀ ကို ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်သူ့ပန်းတိုင်က ထုတ်ပြန်ပါတယ်။
Read More

ညောင်ဦးတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ဘက်မှ ၁၀ ယောက် ကျဆုံးကြောင်း စစ်ကောင်စီ ဝါဒဖြန့်ချန်နယ်များ ဖော်ပြနေ

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာ စစ်ကြောင်းထိုး အကြမ်းဖက်စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိတွေ့တိုက်ပွဲပြင်းထန်ပြီး ကာကွယ်ရေးတပ်တွေဘက်မှာ သေဆုံးသူတွေရှိထားကြောင်း စစ်ကောင်စီဝါဒဖြန့် တယ်လီဂရန် သတင်းချန်နယ်တွေမှာ ဖော်ပြကြပါတယ်။
Read More

ပြည်မှာ လူနာစောင့် အမျိုးသား၂ ယောက်ကို စစ်တပ်က စစ်မှုထမ်းဖို့ လာရောက်ဖမ်းဆီး

ပဲခူးတိုင်း၊ ပြည်မြို့၊ ကုတင် ၅၀၀ ဆေးရုံမှာ လူနာစောင့်နေတဲ့ အမျိုးသား ၂ ယောက်ကို စစ်တပ်က စစ်မှုထမ်းဖို့အတွက် လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၃၀…
Read More

စစ်ကောင်စီနဲ့ MNDAA အပစ်ရပ် သဘောတူညီမှုကြောင့် တရုတ်က နယ်စပ်ဂိတ်တွေ ပြန်ဖွင့်

MNDAA နဲ့ အကြမ်းဖက်စစ်တပ်တို့အကြား တရားဝင် အပစ်ရပ်လိုက်ပြီလို့ တရုတ်နိုင်ငံဘက်ကထုတ်ပြန်လိုက်ပြီးတဲ့နောက်မှာ တရုတ်-မြန်မာ နယ်စပ်ဂိတ်တွေကို ပြန်ဖွင့်လိုက်တယ်လို့ ဒေသခံတွေက သူတို့ရဲ့ လူမှုကွန်ရက်စာမျက်တွေမှာ အသိပေး ရေးသားလာကြပါတယ်။
Read More

စစ်အာဏာရှင်ကို ခေါင်းဆောင်ပီသစွာ တွန်းလှန်ရင်း ကျဆုံးခဲ့ရတဲ့ ဗိုလ်ပေတ

မကွေးတိုင်း၊ ချောက်မြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ထိတွေ့တိုက်ပွဲတွေအတွင်း အာဠာဝက မြို့ပြ ပြောက်ကျားတပ်ဖွဲ့  ခေါင်းဆောင် ကိုပေတ အပါအဝင် တော်လှန်ရေးတပ်ဖွဲ့ဝင် ၃ယောက် ကျဆုံးခဲ့ကြောင်း တပ်ဖွဲ့နဲ့နီးစပ်သူတွေဆီက သိရပါတယ်။