စစ်ကောင်စီရဲ့ တောင်ငူ (ကေတုမတီ) လေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၁၁လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီဘက်က ဒုဗိုလ်မှူးကြီးအဆင့် အပါအဝင် ၁၀ ယောက် သေဆုံးခဲ့တယ်လို့ Brave Warriors for Myanmar (BWM) အဖွဲ့က သတင်းထုတ်ပြန်လာပါတယ်။

အဲဒီ တိုက်ခိုက်မှုကို မနေ့က မေလ ၁၈ ရက်၊ မနက် ၁ နာရီ ၄၈ မိနစ် အချိန်မှာ ဖော်ဆောင်ခဲ့တာဖြစ်ပြီး ရှော့တိုက်ဒုံး ၁၁လုံးမှာ ၈ လုံးကို အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

တိုက်ခိုက်မှုကြောင့် လေတပ်အတွင်းက ဒရုန်းဂိုဒေါင်မီးလောင် ပျက်စီးသွားပြီး Jet Fighter – ၂စီး၊ Y-8 ၁စီးလည်း ထိခိုက်ခဲ့ကာ လေတပ်စစ်သားတွေရဲ့ နားနေဆောင် ၁လုံးလည်း ထိခိုက်ပျက်စီးသွားတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒုတိယဗိုလ်မှူးကြီးအဆင့်ရှိသူ ၂ယောက်၊ ဗိုလ်ကြီးအဆင့်ရှိသူ ၂ယောက်နဲ့ လေအုပ်အပါအဝင် အခြားအဆင့် စစ်သည် ၆ ယောက်လည်း ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

လေယာဉ်အပိုပစ္စည်းဂိုဒေါင် ၂လုံးလည်း ပျက်စီးသွားကာ လေတပ်စစ်သည် ၁၂ ယောက် ဒဏ်ရာရရှိထားတာကြောင့် မလရ ၁၃ ကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

“အခုတော့ တပ်ထဲမှာ သတင်းပေါက်မှာစိုးလို့ ဖုန်းတွေ သိမ်းနေကြတယ်။ အနားဝန်းကျင်ရွာတွေဆီကိုလည်း အရပ်ဝတ်တွေနဲ့ တပ်ဖြန့်ပြီး မြေပြင်သတင်းထောက်ပြီး ထူးရင် ချက်ချင်းသတင်းပို့ဖို့ ကကလေချုပ်ကလည်း ညွှန်ကြားထားတယ်လို့ စုံစမ်းသိရှိရပါတယ်” လို့ BWM အဖွဲ့ တာဝန်ရှိသူတစ်ယောက်က မောင်းကို ပြောပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) အဖွဲ့ရဲ့ ဦးဆောင်စီမံမှုနဲ့အတူ Mountain Knight Civilian Defense Forces (MKCDF)၊ Anti-Coup People’s Liberation Force (ACPLF) ၊ သံတောင်မြောက်ပိုင်း အထူးဒေသအဖွဲ့ တို့ ပူးပေါင်းဖော်ဆောင်ခဲ့တာပဲ ဖြစ်ပါတယ်။

ကေတုမတီလေတပ်စခန်းအား ရှော့တိုက်ဒုံးများ ပစ်ခတ်တိုက်ခိုက်ခဲ့စဉ် (ဓာတ်ပုံ BWM)

0 Shares:
You May Also Like
Read More

ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၀ ပြည့် မွေးနေ့ကမ်ပိန်းအတွက် သားငယ်ကိုထိန်လင်း နယူးယောက်မြို့သို့ ရောက်ရှိလာ

အကြမ်းဖက်စစ်ကောင်စီက မတရားဖမ်းဆီးထားတဲ့ လူထုခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ ပြည့် မွေးနေ့ ကမ်ပိန်း (Suu 80th Birthday Campaign) အတွက် သားငယ် ကိုထိန်လင်း အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ကို ရောက်ရှိလာတယ်လို့ သိရပါတယ်။
Read More

ရွှေဘိုမြို့နယ်သပိတ်အင်အားစုမှ သီတင်းကျွတ် မီးပုံးပျံလွှတ်တင်ခြင်း ဆီမီးသပိတ်ဖြင့် လူထုဆန္ဒ ၃ ရပ် ဖော်ထုတ်ရေး လှုပ်ရှားမှုပြုလုပ်

စစ်ကိုင်းတိုင်းအခြေစိုက် ရွှေဘိုမြို့နယ်သပိတ်အင်အားစုက သီတင်းကျွတ်မီးပုံးပျံ လွှတ်တင်ခြင်း ဆီမီးသပိတ်နဲ့ လူထုဆန္ဒ ၃ ရပ် ဖော်ထုတ်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ အဆိုပါသပိတ်အင်အားစုက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မော်လိုက်-ကလေးထောင်တွင် အရေးပေါ်ဆေးကုခွင့်ရဖို့ အာဏာပိုင်များကို လာဘ်ထိုးနေရ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ မော်လိုက်-ကလေးအကျဉ်းထောင်မှာ အကျဥ်းကျသူတွေရဲ့ အရေးပေါ် ဆေးကုသခွင့်အပေါ် ထောင်အာဏာပိုင်တွေက လာဘ်ငွေရယူပြီးမှသာ ခွင့်ပြုပေးတော့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) တာဝန်ရှိသူ ကိုသိုက်ထွန်းဦး က မောင်းကိုပြောပါတယ်။
Read More

ဂန့်ဂေါခရိုင်အမှတ် (၁) တပ်ရင်း ၃ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနား (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသရဲ့လက်အောက်ခံ ပြည်သူ့ကာကွယ်ရေး တပ်မတော် ဂန့်ဂေါခရိုင် အမှတ် (၁) တပ်ရင်းရဲ့ တပ်တည်ထောင်တာ ၃ မြောက်ခဲ့ပြီ ဖြစ်ပါတယ်။
Read More

NUG ဝန်ကြီးချုပ်ရုံး တာဝန်ရှိသူတွေ ပဲခူးတိုင်းအတွင်းရှိ PDF တပ်ရင်းများနှင့် လိုက်လံတွေ့ဆုံခဲ့

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး တာဝန်ရှိသူတွေဟာ ပဲခူးတိုင်းအတွင်းရှိ PDF တပ်ရင်းတွေဆီ သွားရောက်ပြီး တာဝန်ထမ်းဆောင်နေတဲ့ ပြည်သူ့ကာကွယ်ရေးရဲဘော်တွေနဲ့ လိုက်လံတွေ့ဆုံခဲ့တယ်လို့ NUG အစိုးရက ထုတ်ပြန်ထားပါတယ်။
Read More

ပြည်သူတွေကို နည်းမျိုးစုံ ညှင်းပန်းနှိပ်စက်သတ်ဖြတ်နေတဲ့ စစ်ကောင်စီက “လူ့အသက်ထက် အရေးကြီးတာဘာမှမရှိ” ဆိုတဲ့စာတန်းပါ မီးပုံးပျံလွှတ်တင်

ပြည်သူတွေအပေါ် နည်းပေါင်းစုံနဲ့ စစ်ရာဇဝတ်မှုတွေ နေ့စဉ် ကျူးလွန်နေတဲ့ အကြမ်းဖက်စစ်တပ်က “လူ့အသက်ထက် အရေးကြီးတာဘာမှမရှိ” ဆိုတဲ့ စာတန်းပါ မီးပုံးပျံကို နေပြည်တော်မီးပုံးပျံပွဲမှာ လွှတ်တင်ခဲ့တယ်လို့ အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြလာပါတယ်။