ရန်ကုန်တိုင်း၊ တွံတေးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ တွံတေး) က မအူပင်ခရိုင်အမှတ် (၁)တပ်ရင်း၊ Delta Phoenix Column နဲ့အတူ စစ်ဆင်ရေးတွေ ဖော်ဆောင်သွားမယ်လို့ ဒီနေ့ မေလ ၁၈ ရက်မှာ သတင်းထုတ်ပြန်လာပါတယ်။

ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ တွံတေး) အနေနဲ့ တော်လှန်ရေးအတွက် တိုက်ပွဲဝင်ခဲ့တာဟာ ၄ နှစ်ကျော်ကာလကို ရောက်ရှိလာပြီ ဖြစ်ပြီး တော်လှန်တိုက်ပွဲဝင်နေတဲ့ ကာလအတွင်းမှာလည်း ကဏ္ဍပေါင်းစုံ၊ အဖွဲ့အစည်းအမည် အမျိုးမျိုးနဲ့ ဆောင်ရွက်ခဲ့ပြီး တွံတေးမြို့နယ်ရဲ့ တော်လှန်ရေးကို ဦးဆောင်နေတဲ့ အဖွဲ့အစည်းတစ်ခုအဖြစ် တစိုက်မတ်မတ် ရပ်တည်ခဲ့တယ်လို့ ဆိုထားပါတယ်။

ဒါကြောင့် တွံတေးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (တွံတေး ပကဖ)အနေနဲ့ အိမ်ပြန်လမ်းကို ဦးတည်ပြီး စစ်အာဏာရှင်စနစ် ပြုတ်ကျရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေးအတွက် မအူပင်ခရိုင်အမှတ် (၁)တပ်ရင်း၊ Delta Phoenix Column နဲ့အတူ စစ်ဆင်ရေးတွေကို ပူးတွဲဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ကြေညာလာတာ ဖြစ်ပါတယ်။

(ဓာတ်ပုံ မြို့နယ်တိုက်ခိုက်ရေးတပ်ဖွဲ့-တွံတေး)
0 Shares:
You May Also Like
Read More

ကျုံပျော်မှာ ကိုယ်မြို့ကိုယ်ကာကွယ်ဖို့ဆိုပြီး အကြမ်းဖက်စစ်တပ်က ဒေသခံတွေကို စစ်သင်တန်းပေးနေ

ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်အတွင်း ကိုယ့်မြို့ကိုယ် ကာကွယ်ဖို့ဆိုပြီး အသက် ၃၅ နှစ်ကနေ အသက် ၆၀ နှစ်အတွင်း ဒေသခံတွေကို တစ်ရွာ အယောက် ၅၀ နှုန်းနဲ့ အာဏာသိမ်းစစ်တပ်က စစ်သင်တန်းတွေ ပို့ချနေတယ်လို့ သိရပါတယ်။
Read More

ဒေါနတပ်ရင်းတွင် စစ်သားဘဝမှ PDF ရဲဘော်ဖြစ်လာသူ ၂၃ ဦးရှိပြီး စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်နေ

မွန်ပြည်နယ်၊ ရေးမြို့နယ်အခြေစိုက် ခမရ ၅၉၁ က စစ်ကောင်စီတပ်သား ၂ ယောက် ဖေဖော်ဝါရီလ ၂၇ ရက်မှာ အလင်းဝင်ရောက်လာခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဒေါနစစ်ကြောင်းက မနေ့က ထုတ်ပြန်ပါတယ်။
Read More

လှည်းကူးရှိ ခမရ ၂၁၁ ကို လမ်းကြုံ လက်ပစ်ဗုံး ပစ်ခတ်တိုက်ခိုက်

ရန်ကုန်မြို့၊ လှည့်ကူးမြို့နယ်က စစ်ကောင်စီရဲ့ ခမရ ၂၁၁ ဂိတ်ကို လက်ပစ်ဗုံး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Yangon Army (YA) က သတင်းထုတ်ပြန်ထားပါတယ်။
Read More

၈၆ သိန်းကျော်အထိ အကျမရှိဘဲ တက်နေဆဲ မြန်မာ့ရွှေဈေးကွက်

မြန်မာ့ရွှေဈေးကွက်မှာ အခေါက်ရွေ တစ်ကျပ်သားကို ၈၆ သိန်းကျော်အထိ ကျဈေးမရှိဘဲ ဆက်လက်မြင့်တက်နေတယ်လို့ ရွှေကုန်သည်တွေဆီက သိရပါတယ်။ 
Read More

အသက်အရွယ်မရွေး ပေါ်တာဆွဲနေတဲ့ စစ်တပ်က ကလေးစစ်သား တစ်ထောင်ကျော်ကို နှုတ်ထွက်ခွင့်ပြုခဲ့တယ်လို့ ဝါဒဖြန့်

အသက်မပြည်သေးတဲ့ ကလေးစစ်သား တစ်ထောင်ကျော်ကို စစ်တပ်ကနေ နှုတ်ထွက်ခွင့်ပြုခဲ့တယ်လို့ စစ်ကောင်စီအဖွဲ့ဝင် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်မောင်မောင်အေးက ပြောပါတယ်။
Read More

စစ်ကောင်စီ စစ်ကြောင်းတစ်ခုလုံး ဖွဲ့စည်းပုံပျက်အောင် တိုက်ခဲ့တဲ့ တော်လှန်ရေးရဲဘော်တွေကို ပြည်သူတွေ ကြိုဆို

ဘုတလင်မှာ စစ်ကောင်စီရဲ့ စစ်ကြောင်းတစ်ခုလုံးကို တိုက်ခိုက်ခဲ့ကြတဲ့ တော်လှန်ရေးရဲဘော်တွေကို ဒေသခံပြည်သူတွေက သပြေညိုနဲ့ ကြိုဆိုခဲ့ကြတယ်လို့ သိရပါတယ်။