မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ကမ္မမြို့က ဆေးပေးခန်းတစ်ခုကို အကြမ်းဖက်စစ်ကောင်စီက ဒီနေ့(မေ ၁၈) မနက်အစောပိုင်းမှာ ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်ခဲ့ရာ အမျိုးသား၂ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ အညာ​မြေအရပ်ဘက်လူမှုအဖွဲ့အစည်း-မြိုင် တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ပခုက္ကူမြို့နယ်၊ ကမ္မမြို့အနောက်ပိုင်းက ဂျိုးပျံရပ်ကွက်၊ ကမ္မ-ပေါက် လမ်းပိုင်းမှာရှိတဲ့ အထက်ပါဆေးပေးခန်းကို စစ်ကောင်စီက တံတားဦးတက် ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံး ၂လုံးကြဲချတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

“ရပ်ကွက်ကို အနောက်ဘက်ကနေ ပတ်ပြီးမှ ပေါင် ၅၀၀ ချတာပါ။ ၂လုံးချတာ ၁လုံးက သစ်ကိုင်းတွေဘာတွေနဲ့ငြိပြီး မကွဲဘူးလို့ သိရပါတယ်။ ကွဲတဲ့၁လုံးကတော့ ပေတော်တော်ဝေးဝေးအထိ လွင့်တယ်။ ဆေးခန်းက အာဏာသိမ်းပြီးတည်းက ပိတ်ထားတာဆိုတော့ လူသိပ်မထိတာ။ အမျိုးသားငယ် ၂ယောက်ပဲ ထိတယ်။ ကားလမ်းဘေးဆိုပေမယ့်ဂျောင်ကျလို့ပါ။ အဲ့နားက လူစည်တဲ့ ကားဂိတ်နားလေးသာကျရင် ပြောမကောင်းဘူး” လို့ အညာ​မြေ အရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင် တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ဆေးခန်းအတွင်းပိုင်း အပြင်ပိုင်းတွေ ထိခိုက်ပျက်စီးခဲ့သလို အနီးနားက ထန်းပင်ပါ ပြတ်ထွက်သွားကြောင်း သိရပါတယ်။

မြိုင်မြို့နယ်အတွင်းစစ်ကြောင်းထိုးဝင်ရောက်ခဲ့တဲ့ စစ်အုပ်စုတွေ တပ်မ ၁၀၁ကို ပြီးခဲ့တဲ့ မေလ ဒုတိယပတ်မှာ ပြန်လည်ဆုတ်ခွါသွားပြီးကတည်းက ပခုက္ကူနဲ့ မြိုင်မှာ တိုက်ပွဲတွေ ငြိမ်သက်နေခဲ့တာဖြစ်ပြီး အခုတိုက်ခိုက်မှုဟာလည်း အကြောင်းမဲ့ လုပ်ဆောင်တာလို့ သိရပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ မေလအတွင်း အပစ်ရပ်ရေး ကြေညာထားပေမယ့် လေကြောင်းတိုက်ခိုက်မှုနဲ့ ထိုးစစ်တွေကို ပေါ်ပေါ်ထင်ထင် ဆက်လက်လုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ခဲ့သည့် ဆေးပေးခန်းကို တွေ့ရစဥ်​ (ဓာတ်ပုံ အညာမြေ)

0 Shares:
You May Also Like
Read More

မတ္တရာမြို့နယ် ပကဖ တိုက်ခိုက်ရေး ရဲဘော်တွေရဲ့ အပတ်စဉ် ၁ မွမ်းမံသင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် ပကဖ တိုက်ခိုက်ရေးရဲဘော်တွေရဲ့ မွမ်းမံသင်တန်း အပတ်စဉ် ၁ သင်တန်းဆင်းပွဲအခမ်းအနားကို ဒီဇင်ဘာလ ၂၃ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

“Hope & Resilience” Photo Exhibition ဒုဝန်ကြီး ခွန်းဗဟန်းထန် တက်ရောက်…

နွေဦးတော်လှန်ရေး လေးနှစ်ပြည့်အဖြစ် ဖေဖော်ဝါရီလ ၁ ရက် ဒီနေ့မှာ "Hope & Resilience" လေးနှစ်တာကာလ မြန်မာ့ဒီမိုကရေစီခရီးလမ်း မှတ်တမ်းဓါတ်ပုံပြပွဲကို ဩစတေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့၊ Mulgrave community center မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

တော်လှန်ရေးကို မယုံ၊ တည်ဆောက်ရေးကိုသာ ယုံသည်ဆိုတဲ့ ဒေါ်သက်သက်ခိုင် ရွေးကောက်ပွဲ ဝင်ချင်လို့ အသနားခံစာ ၂ စောင် တင်သွင်းထားပေမယ့် အကြောင်းမပြန်သေး

ပြည်သူ့ရှေ့ဆောင်ပါတီ ဥက္ကဋ္ဌ သက်သက်ခိုင်ဟာ အတုအယောင် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်နိုင်ဖို့  စစ်တပ်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ကို အသနားခံစာ ၂ စောင် တင်သွင်းထားပေမယ့် အကြောင်းမပြန်လာသေးဘူးလို့ ထုတ်ပြောခဲ့ပါတယ်။ 
Read More

ဆောမြို့နယ်က ဆီပေပါ သိုလှောင်ရုံကို စစ်အုပ်စုကလေကြောင်းမှ တိုက်ခိုက်၊ စက်သုံးဆီ ပေပါ အလုံး ၈၀ မီးလောင်ပျက်စီးခဲ့…

"ဆီပေပါတွေက အဲ့မြို့နားတစ်ဝိုက် ရောင်းချနေတဲ့သူတွေ သိုလှောင်ထားတဲ့ ပေပါတွေပါ၊ PDF နဲ့ မဆိုင်ပါဘူး၊ မကြာခဏဆိုသလို အတင်၊အချတွေတော့ ရှိပါတယ်" လို့ ယောအလင်းတန်းမှ ကိုအောင်ကြီးက မောင်းသတင်းဌာနကို ပြောပါတယ် ။ အဆိုပါလေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူတွေမရှိပေမယ့်လည်း ယာယီတဲတစ်လုံး နဲ့ စက်သုံးဆီပေပါ အလုံး ၈၀ မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
Read More

တိုက်ပွဲပြင်းထန်နေသည့် ထုံခါ- မောတောင် နယ်စပ်ကုန်သွယ်ရေးလမ်းမကြီးပေါ်က ချောင်းနှစ်ပေါက်တံတားကို စစ်ကောင်စီ ဗုံးကြဲ

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ထုံခါ-မောတောင် နယ်စပ်ကုန်သွယ်ရေး လမ်းမကြီးပေါ်မှာရှိတဲ့ ချောင်းနှစ်ပေါက် တံတားကို စစ်ကောင်စီက ဒီနေ့ (မတ်လ ၂၃) နေ့လယ်ပိုင်းမှာ ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ရာ တံတားပြိုကျပျက်စီးသွားကြောင်း သိရပါတယ်။
Read More

ခမရ (၅၅၈) မှ အဓမ္မတပ်သားစုဆောင်းခံခဲ့ရသည့် စစ်သား (၂) ဦး လက်နက်ခဲယမ်းနှင့် အလင်းဝင်ရောက်လာ

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း ခမရ (၅၅၈) မှာ တာဝန်ကျနေတဲ့ စစ်သား ၂ ယောက် လက်နက်ခဲယမ်းနဲ့ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဗျူဟာ ၃၃ ၊ ဒေါနစစ်ကြောင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။