မန္တလေးတိုင်း မြင်းခြံခရိုင် ဆုံရွာပျူစခန်းရှိ စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ၂ ကြိမ် ဗုံးသီးကြဲချပြီး လက်နက်ကြီးနဲ့ အဆက်မပြတ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၅ ယောက်သေခဲ့တယ်လို့ Myaung Drone Force မှ သတင်းထုတ်ပြန်ထားပါတယ်။

မေလ ၁၀ ရက် နေ့လယ်ပိုင်းက ဆုံရွာပျူစခန်းရှိ စစ်ကောင်စီတပ်သားတွေ နားနေတဲ့ နေရာနဲ့ ဂျန်ဘာစက်ထားတဲ့နေရာတွေကို ဒရုန်းနဲ့ ဗုံးသီး ၂ ကြိမ်ကြဲချပြီး လက်နက်ကြီးနဲ့ အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၅ ယောက်သေဆုံးကာ အများအပြားထိခို က်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်သားတွေဘက်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပြန်လည်ရမ်းသမ်းပစ်ခတ်ခဲ့ ကာ M.D.F ဒရုန်းတပ်ဖွဲ့မှ Fixed Wings ဒရုန်း ၁ စီး ဆုံးရှုံးခဲ့ရပြီး မဟာမိတ်တပ်ဖွဲ့မှ လက်နက်ကြီးပြောင်းကွဲပျက်စီးခဲ့တယ်လို့ သိရပါတယ်။

အဲဒီစစ်ဆင်ရေးကို မြင်းခြံမြောက်ပိုင်းသားများပြောက်ကျားတပ်(MNGF)၊ ဧရာဝတီမင်းသားပြောက်ကျားတပ်၊ ရွှေဂျိုးဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(MGN)၊ SMK Group၊ Aung San’s Blood Civilians Defense Force(ABCDF)၊ နယ်စည်းမခြားလက်နက်ကြီးတပ်ဖွဲ့၊ T.G.Y.Rပြောက်ကျားတပ်ဖွဲ့၊ ဇင်ယော်နီပြောက်ကျားတပ်ဖွဲ့၊ Revolutionary Air Force ( Myaung ) ၊ အားမာန်သစ် (ငါန်းဇွန်)နဲ့ ဧရာမြွေးပွေး တပ်ဖွဲ့ ( ငါန်းဇွန်း)တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါ တယ်။

0 Shares:
You May Also Like
Read More

ဘလယ်ဒို စခန်းသိမ်းတိုက်ပွဲအတွင်း စစ်သုံ့ပန်းတွေနဲ့ စစ်လက်နက်ပေါင်းများစွာကို သိမ်းဆည်းရမိ (ရုပ်/သံ)

တပ်မဟာ (၆) နယ်မြေ၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်က စစ်ကောင်စီရဲ့ ဘလယ်ဒိုစခန်းကို KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက ယမန်နေ့၊ မေလ ၂၃ ရက်နေ့မှာ ပြန်လည်သိမ်းပိုက်ရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

ရေစကြိုမြို့နယ်အတွင်း အင်အား ၁၀၀ ခန့်ရှိ အကြမ်းဖက်စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး ဗိုလ်ကြီး မင်းတေဇအပါအဝင် ၃ ဦး သေဆုံး (ရုပ်/သံ)

အင်အား ၁၀၀ ခန့်နဲ့ မကွေးတိုင်း ရေစကြိုမြို့နယ်အတွင်းကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီး မင်းတေဇအပါအဝင် ၃ ဦး သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရေစကြိုမြို့နယ်က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ပုလဲမြို့နယ်အတွင်း ပစ်ချခံရသည့် စစ်ကောင်စီ ဂျက်ဖိုက်တာ အပျက်အစီးများ PLA ထုတ်ပြန် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန့်ဒေါင့်စခန်းသိမ်းတိုက်ပွဲအတွင်း ပစ်ကူလာပေးရင်း ပစ်ချခံခဲ့ရတဲ့ စစ်ကောင်စီ ဂျက်ဖိုက်တာ အပျက်အစီးတွေကို ရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်သံကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်  (PLA) က ထုတ်ပြန်လိုက်ပါတယ်။
Read More

ရှမ်းပြည်တောင်ပိုင်းမှာ စစ်ကောင်စီတပ်တွေ တိုက်ခိုက်ခံရတဲ့အတွက် ကျေးရွာနေအိမ် ၁၇၀ ခန့် ကို မီးရှို့ဖျက်ဆီး (ရုပ်/သံ)

ရှမ်းပြည်တောင်ပိုင်း ရေလှကျေးရွာကို အင်အား ၁၁၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ဒီဇင်ဘာ ၂၁ ရက်က ဖျက်အားပြင်း ပဒေသာမိုင်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် DSNDA က ထုတ်ပြန်ထားပါတယ်။
Read More

ဂန့်ဂေါမြို့နယ် ဇဟောကျေးရွာရှိ အထက်တန်းကျောင်း မီးရှို့ဖျက်ဆီးခံရ (ရုပ်/သံ)

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ဇဟောကျေးရွာမှာရှိတဲ့ အထက်တန်းကျောင်း ဒီဇင်ဘာ ၂၉ ရက် ညနက်ပိုင်းမှာ မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ သိရပါတယ်။
Read More

မြင်းခြံခရိုင်အထူးစစ်ဆင်ရေးအဖြစ် တောင်သာ-မိတ္ထီလာလမ်းပေါ်က ရုံးစဉ်ကြီးရဲစခန်းကို စီးနင်းတိုက်ခိုက်မှု ရဲ ၂ ယောက်သေ (ရုပ်/သံ)

မန္တလေးတိုင်း၊ တောင်သာ-မိတ္ထီလာလမ်းပေါ်မှာရှိတဲ့ ရုံးစဉ်ကြီးရဲစခန်းကို မြင်းခြံခရိုင်အထူးစစ်ဆင်ရေးအဖြစ် နိုဝင်ဘာ ၁၁ ရက် မနက်အစောပိုင်းက စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ တောင်သာ ပကဖ ထံက သိရပါတယ်။