တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာ အကြမ်းဖက်စစ်တပ်အတွက် ဒေါက်တိုင်ဖြစ်သူ ၅ယောက်ကို သက်သေခံပစ္စည်းတွေနဲ့အတူ ဖမ်းဆီးထိန်းသိမ်း​ထားကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ တာဝန်ရှိသူ က မောင်းကို ပြောပါတယ်။

လောင်းလုံးမြို့နယ်၊ စမ်းလှမ်းကျေးရွာနေ စစ်ကောင်စီဒေါက်တိုင် တချို့ကို လောင်းလုံးပကဖ က ပြီးခဲ့တဲ့ မေလ ၁၀ရက်နေ့ မနက်အစောပိုင်းမှာ ဝင်​ရောက်ဖမ်းဆီးခဲ့တာဖြစ်ပြီး မူးယစ်ဆေးဝါးရောင်းဝယ်သူတွေနဲ့ စစ်တပ်သတင်းပေးတွေပါဝင်ကြောင်း သိရပါတယ်။

ပထမဆုံးအနေနဲ့ စမ်းလှမ်းကျေးရွာနေ ရေလုပ်ငန်းလုပ်ကိုင်သူ ဒေါ်အုန်းရီ အသက် ၆၀ နှစ် နဲ့ သမီးဖြစ်သူ ဒေါ်ဇင်မာစိုး အသက် ၃၆နှစ်တို့ကို ဖမ်းဆီးခဲ့ပြီး ဖမ်းဆီးရမိသူတွေနဲ့အတူ WY မူးယစ်ဆေးဝါးတွေအပြင် ရေတပ်စစ်သင်္ဘော CO ထံ ဆက်ကြေးကောက်ပေးထားတဲ့ စာအုပ်တွေ၊ စရဖ ဗိုလ်ကြီး၊ စစ်ကြောင်းမှူးနဲ့ နေပြည်တော် ဗိုလ်မှူးကြီးတို့လို အကြီးပိုင်းစစ်တပ်အရာရှိ​တွေရဲ့ ဖုန်းနံပါတ်တွေနဲ့ဌာနဆိုင်ရာ ဖုန်းနံပါတ်တွေ ရေးမှတ်ထားရာ စာအုပ်တွေ၊ လက်ကိုင်ဖုန်းတွေနဲ့ ကျောက်နီမော်ရွာ ပျူစောထီးခေါင်းဆောင်နဲ့ ပြောဆိုထားတဲ့ ဖုန်းမှတ်တမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ လောင်းလုံးပကဖ က ထုတ်ပြန်ပါတယ်။

ဒါ့အပြင် အဲ့ဒီ၂ယောက်ကို ဝင်ရောက် ဖမ်းဆီးချိန်မှာ နေအိမ်အတွင်း လူမရှိတဲ့အတွက် လက်ဝတ်ရတနာတွေနဲ့​ ဆိုင်ကယ် ၃ စီးကိုလည်း လုံခြုံရေးအရ သိမ်းဆည်းခဲ့တယ်လို့ ဆိုထားပါတယ်။

ဆက်လက်ပြီး တော်လှန်ရေးကာလအစ ဆန္ဒပြလူငယ်တွေကိုဖမ်းဆီးရာမှာ ပါဝင်ခဲ့သလို လက်နက်ကိုင်ပျူစောထီးဖြစ်ခဲ့ဖူးတဲ့ ဦးသိန်းဇော်(ခ) ဝမ်းစတားကိုလည်း ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။

ဒါ့အပြင် လက်ခတ်တောင်တာဝါတိုင်အကြမ်းဖက် စခန်းကို တိုင်ချက်တွေပို့ခဲ့တဲ့ ဦးအောင်မိုး အသက် ၅၈ နှစ်နဲ့ သားဖြစ်သူတို့ကိုလည်း ပရိုဘောက်ကား၁စီး၊ ဆိုင်ကယ်၁စီးတို့နဲ့အတူ ဖမ်းဆီးခဲ့ပြီး သားဖြစ်သူကိုတော့ စစ်ကောင်စီနဲ့ မပတ်သက်စေဖို့ သတိပေးကာ ပရိုဘောက်ကားနဲ့အတူ ပြန်လွှတ်ပေးခဲ့တယ်လို့ လောင်းလုံးပကဖ ကပြောပါတယ်။

ဆက်လက်ပြီး လက်ခတ်တောင်တာဝါတိုင်စခန်းကို မကြာခဏသွားရောက်ကာ စမ်းလှမ်းရွာကနေ ရိက္ခာတွေ သယ်ယူထောက်ပို့ပေးခဲ့တဲ့ ကိုဇော်ဇော်ငြိမ်း အသက် ၃၃နှစ်ကိုလည်း အလားတူ ထိန်းသိမ်းခဲ့ကြောင်း သိရပါတယ်။

“ဟုတ်ဗျ စစ်ကောင်စီလက်ကိုင်တုတ် ခရိုနီတွေကိုကိုင်တွယ်တဲ့နေရာမှာ တော်တော်လေး သတိထားရပါတယ်။ ဘာလို့ဆို သူတို့က စစ်ကောင်စီနဲ့လည်း အများကြီး ပတ်သက်ထားတယ်။ တဖက်မှာလည်းသူတို့ကာဗာပြန်ဖြစ်အောင် တော်လှန်ရေးဖက်မှာလည်း ပြန်ပတ်သက်ထားတဲ့သူတွေ များတယ်ဗျ။ လောလောဆယ်တော့ သူတို့ကို ထိန်းသိမ်းထားပါတယ်။” လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ တာဝန်ရှိသူ က မောင်းကိုပြောပါတယ်။

လောင်းလုံးပကဖကတော့ ဖမ်းဆီးထားသူတွေကို အမျိုးသားညီညွတ်ရေးအစိုးရ NUG ထုတ်ပြန်ထားတဲ့ အကြမ်းဖက်စစ်ကောင်စီ ဒေါက်တိုင်အဓိပ္ပါယ်သတ်မှတ်ချက်တွေအတိုင်း လုပ်ဆောင်ခဲ့တာဖြစ်ကြောင်းနဲ့ ဝန်ကြီးဌာနရဲ့လမ်းညွှန်ချက်အတိုင်းဆောင်ရွက်သွားမယ်လို့ ပြောထားပါတယ်။

လောင်းလုံးပကဖ ထုတ်ပြန်ထားသည့် ဖမ်းဆီးထားသော စစ်ကောင်စီ ဒေါက်တိုင်များ၏ သက်သေခံဖုန်းမှတ်တမ်းများ (ဓာတ်ပုံ LLPDF)

0 Shares:
You May Also Like
Read More

တနင်္သာရီမြို့နယ်၊ တမုတ်ချုံကျေးရွာရှိ စစ်အုပ်စုကို ဝင်ရောက်တိုက်ခိုက်၊ စစ်တပ်ဘက်မှ ၄ ဦးခန့် သေဆုံး

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ တမုတ်ချုံကျေးရွာရှိ အကြမ်းဖက်စစ်တပ်ကို ဝင်ရောက်တိုက်ခိုက်ရာ စစ်တပ်ဘက်က ၄ ယောက်ခန့် သေဆုံးနိုင်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်အမှတ် ၂ တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဆင်ပေါင်ဝဲမှာ စစ်ကြောင်းထိုးလာသည့် စစ်တပ်ကို မိုင်းဆွဲတိုက်ခိုက်၊ ၆ ဦးထက်မနည်း သေပြီး ၁၀ ဦးကျော် ဒဏ်ရာရ

မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်၊ ကိုးပင်-သာဂရလမ်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ခြေလျင်စစ်ကြောင်းကို  မိုင်းဆွဲတိုက်ခိုက်ရာ ၆ ယောက်ထက်မနည်း သေပြီး ၁၀ ယောက် ဒဏ်ရာရသွားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသ၊ သရက်ခရိုင်အမှတ် (၁) တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

အုတ်ဖိုမှာ အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူ ၄ ယောက်ကို သတ်ဖြတ်ခဲ့…

ပဲခူးတိုင်း၊ အုတ်ဖိုမြို့မှာ ပြည်သူ ၄ ယောက်ကို အကြမ်းဖက်စစ်ကောင်စီတပ်က နေအိမ်တွေမှာ လာရောက်ခေါ်ဆောင်ကာ သတ်ဖြတ်လိုက်တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

KNDF ဗျူဟာ (၆) စစ်သင်တန်းဆင်းပွဲ

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)  ဗျူဟာ အမှတ် (၆) ရဲ့ အပတ်စဥ် (၄) အခြေခံစစ်သင်တန်းဆင်းပွဲကို ဒီဇင်ဘာလ ၁၃ ရက်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဧရာ၀တီ PDF စစ်ဗျူဟာ ဖွဲ့စည်းနိုင်မှုအပေါ် ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့

တောင်ပိုင်းတိုင်းစစ်ဒေသမှာ ဧရာ၀တီ PDF စစ်ဗျူဟာ အမှတ် ၂၉ ကို ဖွဲ့စည်းနိုင်ခဲ့မှုအပေါ် ဝမ်းမြောက်ဂုဏ်ယူကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ (People’s Liberation Force)က သဝဏ်လွှာတစ်ရပ် ပေးပို့လိုက်ပါတယ်။
Read More

ယောဗျူဟာက ဂန့်ဂေါခရိုင် တပ်ရင်း ၅ ရင်းကို NUG ကာကွယ်ရေးဝန်ကြီးဌာန လက်နက်တပ်ဆင် (ဓာတ်ပုံသတင်း)

မကွေးတိုင်းအခြေစိုက် ယောဗျူဟာက ဂန့်ဂေါခရိုင် အမှတ် ၁၃၊ ၁၅၊ ၁၆၊ ၁၇၊ ၁၈ တပ်ရင်းတွေအနေနဲ့ ခရိုင်ကွပ်ကဲမှု လမ်းညွှန်ချက်တွေနဲ့အညီ ဗျူဟာဖွဲ့စည်းခဲ့ပြီး ဗျူဟာအတွက် လိုအပ်တဲ့ လက်နက်ခဲယမ်းတွေကို အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌာနက တပ်ဆင်ပေးခဲ့တယ်လို့ သိရပါတယ်။