ရခိုင်ပြည်နယ်၊ ရသေ့တောင်နဲ့ ကျောက်တော်မြို့တို့မှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ၁၀ နှစ်အောက် ကလေးငယ် ၂ ယောက်အပါအဝင် အရပ်သား ၁၄ ယောက် သေဆုံးခဲ့တယ်လို့ ရက္ခိုင့်တပ်တော် AA က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

မေလ (၁၃) ရက် မနက်ပိုင်းမှာ ရသေ့တောင်မြို့နယ်၊ ထွန်းရဝေရွာဟောင်းကို အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ၁၀ နှစ်နဲ့ ၂ နှစ်အရွယ် ကလေးငယ်အပါအဝင် အရပ်သား ပြည်သူ (၁၂) ယောက် သေဆုံးခဲ့ပြီး (၂၃) ယောက် ဒဏ်ရာရရှိခဲ့ကာ နေအိမ် (၃၁) လုံး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ AA က ဆိုပါတယ်။

ဒါ့အပြင် မေလ (၁၄) ရက် မနေ့က ညနေပိုင်းမှာလည်း အကြမ်းဖက် စစ်ကောင်စီတပ်က ကျောက်တော်မြို့ရှိ လူနေအိမ်ရပ်ကွက်တွေအတွင်း ဂျက်ဖိုက်တာ (၁) စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် လက်ရှိအချိန်အထိ အရပ်သားပြည်သူ (၂) ယောက် သေဆုံးခဲ့ပြီး နေအိမ် (၉) လုံးခန့် ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ AA က ဆိုပါတယ်။
ငလျင်ဒဏ်ကို အပြင်းအထန်ခံစားခဲ့ရတဲ့ ပြည်သူတွေအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကို ထိရောက်စွာပေးနိုင်ဖို့အတွက် AA အပါအဝင် ညီနောင် ၃ ဖွဲ့က တစ်ဖက်သတ် အပစ်ရပ်ကာလကို မေလ (၃၁) ရက်အထိ တစ်လတာ တိုးမြှင့်ထားတဲ့အချိန်ကာလကို အခွင့်ကောင်းယူကာ အကြမ်းဖက် စစ်ကောင်စီတပ်က အပြစ်မဲ့ပြည်သူတွေကို အခုလို လာရောက် တိုက်ခိုက်နေမှုတွေကို ပြင်းထန်စွာရှုံ့ချ​ကြောင်း AA က ထုတ်ပြန်ပါတယ်။

AA အနေနဲ့ အသက်ဆုံးရှုံးသွားခဲ့ရတဲ့ ပြည်သူလူထုရဲ့ မိသားစု၊ ဆွေမျိုးတွေနဲ့ ထပ်တူဝမ်းနည်းရသလို အပြစ်မဲ့အရပ်သား အာရက္ခပြည်သူတွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်နေကာ စစ်ရာဇဝတ်မှုတွေကို နိုင်ငံအနှံ့ ဆက်တိုက် ကျူးလွန်နေတဲ့ စစ်ကောင်စီရဲ့လုပ်ရပ်ကို မှတ်တမ်းတင်ထားကြောင်း အာရက္ခတပ်တော် AA က ထုတ်ပြန်ထားပါတယ်။

ရသေ့တောင်မြို့နယ်၊ ထွန်းရဝေရွာဟောင်းကို စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှုများ (ဓာတ်ပုံ လူမှုကွန်ရက်)

0 Shares:
You May Also Like
Read More

စလင်းမြို့အနောက်က စစ်အုပ်စုဂိတ်စခန်းကို အလစ်အငိုက်တိုက်ခိုက်၊ စစ်သားနှင့် ပျူစောထီး ၈ ဦး သေဆုံး…

မကွေးတိုင်း၊ မင်းဘူးခရိုင် စလင်းမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုတွေ ရှိနေတဲ့ ရှမ်းရွာကုန်းနဲ့ ဆင်ကျူံးကြား က ဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်မှုမှာ စစ်အုပ်စုဘက်က ၈ ယောက်သေဆုံးခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ် ၅တပ်ရင်း တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

စစ်အုပ်စုအာဏာသိမ်းပြီးချိန်ကစလို့ လူငယ်များ၏ မလုံခြုံမှု ၂ ဆကျော် မြင့်တက်လာ၊ စစ်မှုထမ်းစုဆောင်းခံရမှုများအပေါ် စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုများ ရင်ဆိုင်လာရဟု UNDP ဆို…

အကြမ်းဖက်စစ်အာဏာသိမ်းပြီးချိန်ကစလို့ မြန်မာ လူငယ် ၇ ယောက်မှာ ၁ ယောက်က လုံခြုံရေးအတွက် စိုးရိမ်နေရပြီး စစ်မှုထမ်းဥပဒေနဲ့ တပ်သားသစ်စုဆောင်းမှုတွေကြောင့် အမျိုးသားလူငယ်တွေနဲ့ တိုင်းရင်းသားလူနည်းစုတွေကြား စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေ ဖြစ်နေစေတယ်လို့ ကုလသမဂ္ဂဖွံ့ဖြိုးမှုစစ်တမ်း UNDP က ပြောပါတယ်။
Read More

ပဲခူးတိုင်းရှိ ပကဖ ရဲဘော်များကို လက်နက်တပ်ဆင်

ပဲခူးတိုင်းရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ တိုက်ခိုက်ရေးအဖွဲ့တွေကို မတ်လ (၁၆)ရက်မှာ တိုင်း ပကဖ စစ်ရေးတာဝန်ခံက လက်နက်တွေ တပ်ဆင်ပေးခဲ့တယ်လို့ ပကဖ အသံက ဒီနေ့ သတင်းဖော်ပြထားပါတယ်။
Read More

နောင်ချိုမြို့နယ်မှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ ပေါင်(၃၀၀) ဗုံး (၂) လုံး အပါအဝင် ဗုံး (၁၁) လုံး လာရောက်ကြဲချတိုက်ခိုက်ရာ ဒေသခံ (၁) ယောက် သေဆုံးပြီး (၁) ယောက် ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်မှာ စစ်ကောင်စီတပ်က ပေါင်(၃၀၀)ဗုံး (၂) လုံးအပါအဝင် ဗုံး (၁၁) လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့ရာ ဒေသခံပြည်သူ (၁) ယောက် သေဆုံးပြီး (၁) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။
Read More

ဒီဇင်ဘာ ၁၀ ရက်နေ့ အပြင်မထွက်၊ အသံတိတ်သပိတ် ပြုလုပ်မည်

“လူ့အခွင့်အရေးပျောက်ဆုံးနေတဲ့ နိုင်ငံတစ်နိုင်ငံက နိုင်ငံသားတွေရဲ့ တိတ်ဆိတ်ခြင်းနဲ့ ကြွေးကြော်သံကို ကမ္ဘာတစ်ဝှမ်းက ကြားအောင် လုပ်ဆောင်ရမယ်” လို့ GSCB က ဆိုပါတယ်။
Read More

ရေဦးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်အုပ်စုကို ဒရုန်းဖြင့်ဗုံးကြဲ၊ ဗိုလ်အပါ ၅ ဦး ပြင်းထန်ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့ အခြေစိုက် စစ်ကောင်စီတပ်က ပြည်သူ့စစ် ၁ ယောက်ဟာ သေနတ်မပါဘဲ လက်နက်မဲ့ အလင်းဝင်ခဲ့လာတယ်လို့ ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဆီက သိရပါတယ်။