အကြမ်းဖက် စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့ရှေ့တန်းစစ်မြေပြင်မှာ ဒဏ်ရာရရဲဘော်တွေနဲ့ ပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်မှု ပေးနေတယ်လို့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။

တော်လှန်ရေးရဲဘော်တွေနဲ့ ပြည်သူတွေကို လိုအပ်‌တဲ့ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ဆေးဝါးကုသမှု ရရှိစေနိုင်အောင် MLA ရဲ့ ဆေးတပ်ဖွဲ့ဝင် ရဲဘော် ရဲမေတွေက ကြိုးစားဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်နဲ့ ကျုံဒိုးမြို့နယ် အနီးတဝိုက် တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေဆဲဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့ နေထိုင်ရာဒေသဝန်းကျင်အနီးရှိ စစ်ရေးသတင်းတွေကို နားစွင့်ပြ၎င်းး သတိရှိရှိနေထိုင်‌ဖို့ MLA က တိုက်တွန်းထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

မင်းတပ်မြို့နယ်တွင် ၄ နှစ်ကျော်အတွင်း စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အပြစ်မဲ့ပြည်သူ (၄၀) ဦး သေဆုံးခဲ့ပြီး (၁၂၀) ဦး ထိခိုက်ဒဏ်ရာရ

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်မှာ ၂၀၂၁ ခုနှစ်ကစလို့ ဒီနေ့အချိန်အထိ အကြမ်းဖက်စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ အယောက် (၄၀) သေဆုံးခဲ့ပြီး အယောက် (၁၂၀) ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပေါက်မှာ စစ်ရှောင်သံဃာတစ်ပါးနဲ့ အရပ်သား၂ယောက်ကို စစ်အုပ်စုက ရက်ရက်စက်စက် ဖမ်းဆီးသတ်ဖြတ်

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးထားတဲ့ သံဃာတော်တစ်ပါးနဲ့ အရပ်သား၂ ယောက်ကို ရက်ရက်စက်စက် သတ်ဖြတ်ပြီး ကျန်တဲ့သူတွေကိုပါ ညှင်းပန်းနှိပ်စက်နေကြောင်း ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။
Read More

ရခိုင်မှာ လူဦးရေ ၂ သန်းကျော် အငတ်ဘေးကြုံနိုင်ကြောင်း UNDP ထုတ်ပြန်

ပြင်းထန်တဲ့ တိုက်ပွဲတွေနဲ့အတူ ကုန်သွယ်ရေးလမ်းကြောင်းတွေ ပိတ်ဆို့ခံထားရတာကြောင့်  ရခိုင်ပြည်နယ်မှာ လူဦးရေ ၂ သန်းကျော် အငတ်ဘေးကြုံနိုင်ကြောင်း ကုလဖွံ့ဖြိုးမှုအစီအစဉ် UNDP ရဲ့ အစီရင်ခံစာက ဆိုပါတယ်။
Read More

လန်ဆယ်ဒေသတိုက်ပွဲ ယာယီဆုတ်ခွာခဲ့ရသည့်စခန်းကို KIA ပြန်သိမ်းပိုက်၊ အကြမ်းဖက်စစ်တပ်နှင့် ပြည်သူ့စစ်များ ထိခိုက်သေဆုံးမှုများပြားနေ

ကချင်ပြည်နယ်၊ ဆော့လော်မြို့နယ် လန်ဆယ်ဒေသမှာ KIA တပ်တွေက ယာယီဆုတ်ခွာပေးခဲ့ရတဲ့ စခန်းကို ပြန်လည်သိမ်းပိုက်ခဲ့ပြီး တိုက်ပွဲဆက်လက်ဖြစ်ပွားနေတယ်လို့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

အုတ်ဖိုတွင် အုပ်ချုပ်ရေးမှူးနှင့် ပျူခေါင်းဆောင် ပစ်ခတ်ခံရ၊ အုပ်ချုပ်ရေးမှူး သေဆုံး

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်မှာ အုပ်ချုပ်ရေးမှူးနဲ့ ပျူစောထီးခေါင်းဆောင်တို့ကို သွားရောက်ပစ်ခတ်ခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅၊ Black Tiger ပြောက်ကျားတပ်ဖွဲ့က မောင်းကို ပြောပါတယ်။
Read More

အကြမ်းဖက်စစ်တပ်က ဧရာဝတီတိုင်းအတွင်း မြို့နယ်တချို့မှာ ကင်းပုန်းဝပ်ပြီး လူငယ်တွေကိုပေါ်တာဆွဲနေ

ဧရာဝတီတိုင်းထဲက မြို့နယ် ၆ ခုမှာ အကြမ်းဖက်စစ်တပ်က ကင်းပုန်းဝပ်ပြီး ပေါ်တာဆွဲမှုတွေ၊ လက်ဖက်ရည်ဆိုင်တွေ၊ စားသောက်ဆိုင်တွေမှာ သတင်းပေးတဲ့ လူတချို့ကို မွေးထားပြီး ဝင်ရောက်ပေါ်တာဆွဲတာတွေ လုပ်နေတယ်လို့ သိရပါတယ်။