မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်၊ နတ်မြစ်ထဲမှာ ငါးဖမ်းနေတဲ့ ဘင်္ဂလားဒေ့ရှ်ငါးဖမ်းသမားတွေကို အာရက္ခတပ်တော် (AA) က ပစ်ခတ်ခဲ့တာကြောင့် ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်သတင်းတွေမှာ ဖော်ပြပါတယ်။

“မနက်က (ပြီးခဲ့တဲ့တနင်္လာနေ့) ဂျလီယာပရာ တဖက်ကမ်း နတ်မြစ်ထဲကို ငါးဖမ်းသမား ၃ ယောက် ငါးသွားဖမ်းပါတယ်။ ဘင်္ဂလားဒေ့ရှ်ရေပိုင်နက်ထဲကနေ မြန်မာပိုင်နက်ထဲကျော်သွားတော့ အာရက္ခတပ်က သူတို့ကို ပစ်လိုက်တာ ၂ ဦး ဒဏ်ရာရသွားတယ်”လို့ တက္ကနက်ဒေသ အုပ်ချုပ်ရေးမှူး Sheikh Ehsan Uddin က ပြောပါတယ်။

၎င်းတို့အနေနဲ့ လက်ရှိမှာ ကော့ဘဇာ အထွေထွေဆေးရုံမှာ ဆေးကုသမှု ခံယူနေရပြီး အန္တရာယ်မရှိတော့ဘူးလို့ သိရပါတယ်။

တချိန်တည်းမှာပဲ တက္ကနက်ဒေသ၊ နှီလာနယ်မြေ၊ လာနာနဲ့ကပ်လျက် နတ်မြစ်ထဲမှာပဲ ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမား ၃ ဦးကို AA က အဲဒီနေ့ နေ့လည်ပိုင်းမှာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်သတင်းက ဖော်ပြထားပါသေးတယ်။

နှီလာနယ်မြေအစုအဖွဲ့ဝင် Nurul Huda က သူ့နေရာက ဒေသခံ ငါးဖမ်းသမား ၃ ဦးကို နတ်မြစ်အတွင်း ငါးဖမ်းနေစဉ်မှာ AA က သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း ဆိုပါတယ်။ ဒီကိစ္စကြောင့် ၎င်းတို့မိသားစုဝင်တွေအကြား စိုးရိမ်မှု မြင့်တက်လာတယ်လို့ သူကဆက်ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB-2) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး Ashiqur Rahman က နတ်မြစ်အတွင်း AA က လူ ၃ ယောက်ခေါ်သွားတယ်ဆိုတဲ့သတင်း ရရှိထားတယ်လို့ ဆိုပါတယ်။
“ဒီလူတွေက ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေလား၊ ရိုဟင်ဂျာတွေလားဆိုတာ အချက်အလက်တွေ စုဆောင်းနေပါတယ်။ ဘာကြောင့် နတ်မြစ်ထဲမှာ သူတို့ရှိနေခဲ့တာလဲဆိုတာလည်း စိစစ်ဖို့ ကြိုးစားနေပါတယ်” လို့လည်း ၎င်းကပြောခဲ့ပါတယ်။
News-AsianewsNetwork/DailyStar

 

 

0 Shares:
You May Also Like
Read More

ပြိုကျပျက်စီးသွားတဲ့ မန္တလေး Sky Villa ကွန်ဒိုအတွင်းမှ မြေးအဖွား ၃ ဦး အသက်ရှင်

ယမန်နေ့က ဖြစ်ပွားခဲ့တဲ့ ပြင်းအားမြင့် ငလျင်ကြောင့် မန္တလေးမြို့မှာရှိတဲ့ Sky Villa ကွန်ဒို ပြိုကျခဲ့မှုအတွင်း မြေးအဖွား ၃ ဦးကို အသက်ရှင်လျက်ပြန်ကယ်ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
Read More

ကြို့ပင်ကောက်မြို့နယ်မှ ပြည်သူ့စစ်ခေါင်းဆောင် ဝင်းအောင်ကို ပစ်ခတ်ရှင်းလင်း

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်က ပြည်သူ့စစ်ခေါင်းဆောင် ဝင်းအောင်ကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄၊ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုထံက သိရပါတယ်။
Read More

မကွေးတိုင်းအတွင်း ကျေးရွာအချို့ စက်တပ်လေထီး ဗုံးကြဲခံရမှုကြောင့် ဒေသခံ ၅ ဦး သေဆုံး

မကွေးတိုင်းအတွင်းရှိ ကျေးရွာတချို့ကို အကြမ်းဖက်စစ်ကော်မရှင်တပ်က မနေ့က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်သေဆုံးသူတွေ ရှိခဲ့တယ်လို့ နယ်မြေခံ တော်လှန်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။
Read More

ဆားတောင်မြို့မှာ စစ်ကောင်စီတပ်စခန်းတွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၂ ယောက် ဒဏ်ရာရ…

စစ်ကိုင်းတိုင်း၊ ဆားတောင်မြို့မှာ ပြည်သူတွေဆီက ဆက်ကြေး ကောက်နေတဲ့ အကြမ်းဖက် စစ်ကောင်စီ တပ်သားတွေကို ၂ ရက်ဆက်တိုက် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာ ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Royal Falcon Guerilla Force (Sadaung Falcon) က ထုတ်ပြန်ပါတယ်။
Read More

တောင်ရင်းရွာ ၁၄ မိုင်လမ်းဆုံအနီး စစ်တပ် လေကြောင်းတိုက်ခိုက်မှု သေဆုံးသူ ၁၆ ဦးအထိ တိုးလာနေ

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့ အခြေစိုက် စစ်ကောင်စီတပ်က ပြည်သူ့စစ် ၁ ယောက်ဟာ သေနတ်မပါဘဲ လက်နက်မဲ့ အလင်းဝင်ခဲ့လာတယ်လို့ ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဆီက သိရပါတယ်။
Read More

ပုလဲမြို့နယ်မှာ တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် ကျေးရွာ ၂၂ ရွာက ဒေသခံ ၁၅၀၀၀ ခန့် စစ်ရှောင်နေရ… စစ်ရှောင်ပြည်သူတွေကို အရေးပေါ် စားနပ်ရိက္ခာတွေ ထောက်ပံ့ပေးနေတယ်လို့ NUG ထုတ်ပြန်…

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်အတွင်း တိုက်ပွဲတွေ ပြင်းထန်လာတာကြောင့် ကျေးရွာ ၂၂ ရွာက ဒေသခံ ၁၅၀၀၀ ခန့် စစ်ရှောင်နေရပြီး စစ်ဘေးရှောင်ပြည်သူတွေကို အရေးပေါ် စားနပ်ရိက္ခာတွေ ထောက်ပံ့ပေးနေရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက ဒီနေ့ ထုတ်ပြန်ထားပါတယ်။