မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်၊ နတ်မြစ်ထဲမှာ ငါးဖမ်းနေတဲ့ ဘင်္ဂလားဒေ့ရှ်ငါးဖမ်းသမားတွေကို အာရက္ခတပ်တော် (AA) က ပစ်ခတ်ခဲ့တာကြောင့် ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်သတင်းတွေမှာ ဖော်ပြပါတယ်။

“မနက်က (ပြီးခဲ့တဲ့တနင်္လာနေ့) ဂျလီယာပရာ တဖက်ကမ်း နတ်မြစ်ထဲကို ငါးဖမ်းသမား ၃ ယောက် ငါးသွားဖမ်းပါတယ်။ ဘင်္ဂလားဒေ့ရှ်ရေပိုင်နက်ထဲကနေ မြန်မာပိုင်နက်ထဲကျော်သွားတော့ အာရက္ခတပ်က သူတို့ကို ပစ်လိုက်တာ ၂ ဦး ဒဏ်ရာရသွားတယ်”လို့ တက္ကနက်ဒေသ အုပ်ချုပ်ရေးမှူး Sheikh Ehsan Uddin က ပြောပါတယ်။

၎င်းတို့အနေနဲ့ လက်ရှိမှာ ကော့ဘဇာ အထွေထွေဆေးရုံမှာ ဆေးကုသမှု ခံယူနေရပြီး အန္တရာယ်မရှိတော့ဘူးလို့ သိရပါတယ်။

တချိန်တည်းမှာပဲ တက္ကနက်ဒေသ၊ နှီလာနယ်မြေ၊ လာနာနဲ့ကပ်လျက် နတ်မြစ်ထဲမှာပဲ ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမား ၃ ဦးကို AA က အဲဒီနေ့ နေ့လည်ပိုင်းမှာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်သတင်းက ဖော်ပြထားပါသေးတယ်။

နှီလာနယ်မြေအစုအဖွဲ့ဝင် Nurul Huda က သူ့နေရာက ဒေသခံ ငါးဖမ်းသမား ၃ ဦးကို နတ်မြစ်အတွင်း ငါးဖမ်းနေစဉ်မှာ AA က သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း ဆိုပါတယ်။ ဒီကိစ္စကြောင့် ၎င်းတို့မိသားစုဝင်တွေအကြား စိုးရိမ်မှု မြင့်တက်လာတယ်လို့ သူကဆက်ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB-2) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး Ashiqur Rahman က နတ်မြစ်အတွင်း AA က လူ ၃ ယောက်ခေါ်သွားတယ်ဆိုတဲ့သတင်း ရရှိထားတယ်လို့ ဆိုပါတယ်။
“ဒီလူတွေက ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေလား၊ ရိုဟင်ဂျာတွေလားဆိုတာ အချက်အလက်တွေ စုဆောင်းနေပါတယ်။ ဘာကြောင့် နတ်မြစ်ထဲမှာ သူတို့ရှိနေခဲ့တာလဲဆိုတာလည်း စိစစ်ဖို့ ကြိုးစားနေပါတယ်” လို့လည်း ၎င်းကပြောခဲ့ပါတယ်။
News-AsianewsNetwork/DailyStar

 

 

0 Shares:
You May Also Like
Read More

ပခုက္ကူမြို့မှ ပေါက်မြို့သို့ ၂ လကျော်ကြာ စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်ယာဥ်တန်းကြောင့် စစ်ဘေးရှောင်ရသည့် ပြည်သူများကို ရိက္ခာထောက်ပံ့… (ဓာတ်ပုံသတင်း)

မကွေးတိုင်း၊ ပခုက္ကူမြို့ကနေ ပေါက်မြို့ကို ၂ လကျော်ကြာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ယာဥ်တန်းကြောင့် စစ်ဘေးရှောင်ရတဲ့ ပြည်သူတွေကို Pakokku Special Task Force မှ ရဲဘော်တွေနဲ့အတူ ANTS နဲ့ အညာမြေ အဖွဲ့တို့ ပူး​​ပေါင်းပြီး ဆန်၊ ဆီတွေ သွားရောက်ထောက်ပံ့ခဲ့တယ်လို့ သိရပါတယ်။
Read More

ပွင့်ဖြူမှာ စစ်ကောင်စီက အရပ်သားတွေကို တပ်သားအဖြစ်ရော ပျူစောထီးအဖြစ်ပါ အတင်းအကျပ်စုဆောင်းပြီး ခုခံစစ်အတွက် စစ်အင်အားဖြည့်တင်းနေ

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်မှာ စစ်ကောင်စီက အရပ်သားတွေကို စစ်မှုထမ်းပေါ်တာဆွဲမှုအပြင် ပျူစောထီးအဖြစ်ပါ အတင်းအကျပ်စုဆောင်းပြီး စစ်အင်အားအသည်အသန် ဖြည့်တင်းနေတယ်လို့ မင်းဘူးခရိုင် အမှတ် ၇ တပ်ရင်းထံက သိရပါတယ်။
Read More

စစ်ကောင်စီတပ် နောင်ချိုကို ဗုံးကြဲတိုက်ခိုက်၊ အရပ်သား ၁ ဦး သေဆုံး

အကြမ်းဖက်စစ်ကောင်စီတပ်အနေနဲ့ နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့ရက် သတ်မှတ်ကြေညာထားပေမယ့် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နယ်၊ ဆမ္မဆယ်ရွာကို ဒရုန်းနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံတစ်ယောက် သေဆုံးသွားခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
Read More

၂၀၂၅ ခုနှစ်အတွင်း စစ်ကောင်စီတပ် ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် ထိန်းသိမ်းရေးစခန်းများမှာ အရပ်သားပြည်သူ ၂၃ ဦး သေဆုံးခဲ့

မြန်မာနိုင်ငံတစ်ဝန်း ၂၀၂၅ နှစ်အတွင်း အကြမ်းဖက်စစ်ကောင်စီ ဖမ်းဆီးထိန်းသိမ်းပြီးနောက် စစ်ကောင်စီရဲ့ ထိန်းသိမ်းရေးစခန်းတွေမှာ သေဆုံးခဲ့တဲ့ အရပ်သားပြည်သူ ၂၃ ယောက် ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ညနေပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
Read More

မင်းလှမြို့နယ် ဇရစ်မျှောင်ရွာမှ အမျိုးသမီး ၅ ဦးအား စစ်ကောင်စီ ဖမ်းဆီးထား

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ဇရစ်မျှောင်ရွာက အမျိုးသမီး ၅ ယောက်ကို စစ်အုပ်စုက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ထီးလင်းမှာ စစ်ကောင်စီက ကျားခဲရွာသား ၄ ယောက်ကို ရက်ရက်စက်စက်မီးရှို့သတ်ဖြတ်ပြီး ၁ ယောက်ကို ပစ်ခတ်သတ်ဖြတ်…

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီ​က ကျားခဲရွာကို ဝင်ရောက်စီးနင်းပြီး ရွာသား ၄ ယောက်ကို ရက်ရက်စက်စက် မီးရှို့သတ်ဖြတ်ကာ ဓားစာခံ ၃ ယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ယောအလင်းတန်းအဖွဲ့ဆီက သိရပါတယ်။