ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မူးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ခမရ-၄၃၉ တပ်ရင်းက စစ်ကောင်စီတပ်သား ၁ ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။

မူးမြို့အတွင်း မေလ(၅)ရက်မှာ အကြမ်းဖက်စစ်ကောင်စီတပ် ခမရ-၄၃၉ တပ်ရင်းက တပ်သား ကိုသက်အောင်(ခ) ကိုသက်ဟာ ပြဒါးစခန်းကနေ ထွက်ပြေးလွတ်မြောက်လာပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း(၈) ဆီ လက်နက်ချ အလင်းဝင်လာခဲ့တယ်လို့ ဆိုပါတယ်။

အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားဟာ MA 11 (၁)လက်၊ ကျည်(၃)ဘောက်နဲ့ ကျည်အတောင့်(၁၀၀) တို့နဲ့အတူ အလင်းဝင်လာတာဖြစ်ပြီး ဆုငွေကျပ် ၁၀ သိန်း ချီးမြှင့်ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားဟာ အရင်က (YBS) ကားမောင်းသမားတစ်ယောက် ဖြစ်ပြီး မိမိဆန္ဒမပါဘဲ စစ်မှုထမ်းဖို့ မတရားဖမ်းဆီး စေခိုင်းခံခဲ့ရသူဖြစ်တယ်လို့ KNU က ဆိုပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ မတရား ဖမ်းဆီးကာ အတင်းအဓမ္မစစ်မှုထမ်းစေခိုင်းခံရတဲ့ စစ်ကောင်စီတပ်သားတွေအနေနဲ့ နီးစပ်ရာ တိုင်းရင်းသား တော်လှန်ရေးတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချ အလင်းဝင်ဖို့ ဖိတ်ခေါ်ကြောင်း KNU က တိုက်တွန်းထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ် ခမရ-၄၃၉ တပ်ရင်းမှ လက်နက်ချအလင်းဝင်လာသည့် စစ်သား (ဓာတ်ပုံ KNU)

0 Shares:
You May Also Like
Read More

ပေါင်းတည်မှာ စစ်ကြောင်းထိုးလာတာတဲ့ အကြမ်းဖက်စစ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၅ ယောက်ထက်မနည်း ဒဏ်ရာရ

ပဲခူးတိုင်း၊ ပေါင်းတည်မြို့က ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၅ယောက်ထက်မနည်း ထိခိုက်သွားတယ်လို့ ၃၆၀၁ PPDF တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။
Read More

တော်လှန်အနုပညာရှင် မင်းမော်ကွန်း၏ ဖြတ် ရုပ်ရှင် ကနေဒါမှာ ပြသ (ဓာတ်ပုံသတင်း)

အာဏာသိမ်း စစ်ကောင်စီကို အနုပညာအားနဲ့ တော်လှန်တိုက်ခိုက်နေတဲ့ မင်းမော်ကွန်းရဲ့ ဖြတ် ရုပ်ရှင်ပြပွဲကို မတ်လ ၁၅ ရက်က ကနေဒါနိုင်ငံ၊ ဗြိတိသျှကိုလံဘီယာပြည်နယ်၊ ဗန်ကူးဗားမြို့၊ BCIT မှာ ကျင်းပခဲ့ပါတယ်။
Read More

ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ရွာကို စစ်ကောင်စီ လေကြောင်းနဲ့ တိုက်ခိုက်၊ ဒေသခံပြည်သူ ၄၀ ထက်မနည်းသေဆုံးပြီး ရွာလုံးကျွတ်နီးပါး မီးလောင်ပျက်စီး

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်က ကျောက်နီမော်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ရာ ဒေသခံပြည်သူ ၄၀ ထက်မနည်း သေဆုံးပြီး ရွာလုံးကျွတ်နီးပါး နေအိမ်တွေ ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

လူစုလူဝေး အသံကြားတာနဲ့ ရေဦးကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်နေ 

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်က ကျေးရွာတွေကို စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားနေခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။ 
Read More

တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီတပ်စခန်း၊ စစ်ကြောင်းနှင့် ရိက္ခာယာဥ်တန်းကို ၃ ရက်ဆက် တိုက်ခိုက်

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီ တပ်စခန်း၊ အကြမ်းဖက်စစ်ကြောင်းနဲ့ ရိက္ခာယာဥ်တန်းကို ၃ ရက်ဆက် တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ထိခိုက်သေဆုံးမှုတွေ ရှိတယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပွင့်ဖြူမှာ မိုင်းခွဲခံရတဲ့ အုပ်ချုပ်ရေးမှူးအိမ်ရှေ့ ထွက်လာတဲ့ စစ်အုပ်စုတွေ ထပ်မံမိုင်းခွဲခံရ

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်မှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးအိမ်ရှေ့နဲ့ ရဲစခန်းက ထွက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုတွေကို အဝေးထိန်းမိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်ရာ စခန်းမှူးအပါအဝင် ၅ယောက်ခန့် ထိခိုက်ဒဏ်ရာပြင်းထန်နေကြောင်း မင်းဘူးခရိုင်တပ်ရင်း-၄ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။