စစ်ကောင်စီ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခမရ-၅၉၈ တပ်ရင်းဌာနချုပ်ကို တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ စခန်းသိမ်းစစ်ဆင်ရေးက ရုပ်/သံဖိုင်ကို နဂါးဖြူတပ်ရင်းက ဒီကနေ့ညမှာ ထုတ်ပြန်လိုက်ပါတယ်။

နဂါးဖြူတပ်ရင်း နှင့်ပူးပေါင်းစစ်ကြောင်းမှ ရဲဘော်များရဲ့ ခမရ ၅၉၈ စခန်းသိမ်းရုပ်သံဖိုင်လို့ အမည်တပ်ထားတဲ့ အဆိုပါရုပ်သံကို ခမရ ၅၉၈ တပ်ရင်းဌာနချုပ် သိမ်းပိုက်လိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ PDFစစ်ရုံးချုပ်က သတင်းထုတ်ပြန်ခဲ့အပြီး ဒီကနေ့ညမှာ ထွက်ရှိလာခြင်းလည်း ဖြစ်ပါတယ်။

အဆိုပါ ရွေကျင် စစ်ကောင်စီ ခမရ ၅၉၈ တပ်ရင်းဌာနချုပ်ကို တော်လှန်ရေးတပ်များက မေလ ၈ရက်နေ့မှာ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး၊ အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၃၀ ဦးထက်မနည်း သေဆုံးကာ၊ လက်နက်အမြောက်အမြားကိုလည်း သိမ်းဆည်းရမိခဲ့တာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

အမှတ် (၁) အထူးတပ်ရင်း Special Regiment-1 ရဲဘော်များ၏ စစ်ဆင်ရေးလေ့ကျင့်မှု (ရုပ်/သံ)

အမျိုးသား ညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ အမှတ် (၁) အထူးတပ်ရင်း Special Regiment-1 ရဲဘော်တွေရဲ့ စစ်ရေးလေ့ကျင့်မှု မှတ်တမ်း ရုပ်သံကို ထုတ်ပြန်လိုက်ပါတယ်။
Read More

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အသက် (၈၀) ပြည့် မွေးနေ့အတွက် မိုးညှင်း K-PDF ရဲဘော်များ၏ ဆု‌တောင်းစကား (ရုပ်/သံ)

ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၀) ပြည့်မွေးနေ့အတွက် မိုးညှင်းK-PDF ရဲဘော်တွေက မွေးနေ့ဆုတောင်းစကား ပြောကြားခဲ့ကြပါတယ်။
Read More

ငသရောက်မြို့ရဲစခန်း ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း ညောင်ဦးခရိုင် ငသရောက်မြို့ ရဲစခန်းမှ ထွက်လာတဲ့ အင်အား ၁၀ ယောက်ခန့်ရှိအကြမ်းဖက်စစ်သားနဲ့ ရဲတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ManBaKhaing People Defence Force ထံက သိရပါတယ်။
Read More

မင်းတပ်မြို့သိမ်း တိုက်ပွဲပြန်ရဲဘော်တွေကို ကြိုဆိုဂုဏ်ပြု (ရုပ်/သံ)

မင်းတပ်မြို့သိမ်းတိုက်ပွဲအပြီး စစ်ဆင်ရေးအပြန် ချင်းကာကွယ်ရေးတပ်ဖွဲ့ - မင်းတပ်ရဲ့ တပ်ရင်းတစ်ခုကို ပြည်သူတွေ ကြိုဆိုဂုဏ်ပြုနေတဲ့ ရုပ်သံဖိုင်ကို ချင်းတော်လှန်ရေးတပ်ဖွဲ့တွေက ဖော်ပြလာပါတယ်။
Read More

ပင်လယ်ဘူးမြို့နယ်တွင် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ကိုယ်ဝန်ဆောင် CDM ဆရာမ သေဆုံး၊ (၄)နှစ်အရွယ် ကလေးငယ် ၂ ဦး ထိခိုက်ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ပင်လယ်ဘူးမြို့နယ်၊ အင်္ဂါးကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ရာ ကိုယ်ဝန်ဆောင် CDM ဆရာမ ၁ ယောက်သေဆုံးခဲ့ပြီး အသက် (၄) နှစ်အရွယ် ကလေးငယ် ၂ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

Hornet PDF ရဲဘော်တွေ ဘာတွေလုပ်နေလဲ (ရုပ်/သံ)

ပျားတူတပ်ရင်းက ရဲ‌ဘော်တွေ တော်လှန်ရေးမှာ ဘာတွေလုပ်နေလဲ၊ သူတို့ကြုံနေရတဲ့အခက်အခဲက ဘာတွေလဲဆိုတာ Hornet PDF က မှတ်တမ်းရုပ်သံနဲ့တကွ တင်ပြထားပါတယ်။