မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့ပေါ်မှာ စစ်ရေးမစ်ရှင် ၃ခု ဖော်ဆောင်ဖို့ကြိုးစားခဲ့ပေမယ့် အရပ်သားတွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကြား ရောထွေးစကားပြောဆိုမှုတွေ ရှိနေတာကြောင့် မိုင်းဆွဲမစ်ရှင်တစ်ခုသာ သေချာလုပ်ဆောင်နိုင်ခဲ့ကြောင်း Myingyan Black Tiger (MBT) ခေါင်းဆောင် ဗိုလ်မိုက်ခဲက မောင်းကို ပြောပါတယ်။

မေလ ၁၀ရက် မနေ့က မနက်ပိုင်းမှာ မြင်းခြံမြို့၊ ကားကြီးကွင်းမြောက်ဘက်မှာရှိတဲ့ အရပ်သားပြည်သူတွေကို အနိုင်ကျင့်စစ်ဆေးမှုတွေလုပ်ဆောင်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့နေရာကို Myingyan Black Tiger (MBT)တပ်ဖွဲ့ဝင်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၁ယောက် ထိခိုက်ဒဏ်ရာ အပြင်းအထန်ရရှိခဲ့ပြီး မြင်းခြံပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ကုသမှုခံယူနေရကြောင်းနဲ့ နောက်ဆက်တွဲ ထိခိုက်သေဆုံးမှုတွေကို ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း ဗိုလ်မိုက်ခဲက ပြောပါတယ်။

MBTတပ်ဖွဲ့အနေနဲ့ မြင်းခြံမြို့အတွင်း စစ်ရေးမစ်ရှင် (၃)ခုကို တပြိုင်တည်း လုပ်ဆောင်ဖို့ ကြိုးစားခဲ့ပေမယ့် အခြားစစ်ရေးမစ်ရှင် နှစ်ခုမှာ အရပ်သားတွေနဲ့စစ်ကောင်စီတပ်ကြား အချိန်အတော်ကြာ စကားပြောဆိုမှုတွေ ရှိနေခဲ့တဲ့အတွက် စစ်ဆင်ရေးကို ဖျက်သိမ်းခဲ့တယ်လို့လည်း သိရပါတယ်။

“စစ်ကောင်စီတပ်သားတွေက အဲ့မှာ ၃နေရာခွဲနေတော့ နေရာ၃ခုလုံးမှာ မစ်ရှင်ဖော်ဆောင်ဖို့ ပလန်ဆွဲခဲ့တာပါ။ ဒါပေမယ့် ပြည်သူတွေရှိတော့ တစ်နေရာပဲလုပ်နိုင်ခဲ့ပါတယ်။ အဲ့တော့ အထိအခိုက်နည်းခဲ့တာပေါ့” လို့ Myingyan Black Tiger (MBT) ခေါင်းဆောင် ဗိုလ်မိုက်ခဲက မောင်းကိုပြောပါတယ်။

အခုလိုဖြစ်စဥ်ကြောင့် အရပ်သားတွေအနေနဲ့လည်းနောက်နောင်မှာ စစ်ကောင်စီတပ်သားတွေနဲ့ အနီးကပ်နေရာတွေမှာ သွားရောက်နေထိုင်တာ၊အချိန်ကြာမြင့်အောင် စကားပြောဆိုတာတွေ မလုပ်ဆောင်ကြဖို့ MBT တပ်ဖွဲ့က မေတ္တာရပ်ခံထားပါသေးတယ်။

0 Shares:
You May Also Like
Read More

ပခုက္ကူနဲ့ မြိုင်အစပ်က ကျေးရွာတွေကို အထိနာနေတဲ့ စစ်အုပ်စု စစ်​ကြောင်းဝင်နေလို့ ဒေသခံ ထောင်နဲ့ချီ တိမ်းရှောင်နေရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပခုက္ကူနဲ့ မြိုင်မြို့နယ်အစပ်က ကျေးရွာတွေမှာ စစ်ကောင်စီတပ်တွေက စစ်ကြောင်းဝင်မီးရှို့ပြီး အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ ရှိနေတယ်လို့ သိရပါတယ်။
Read More

ကျောက်စစ်ပုံ အမြောက်တပ်သို့ ပြန်လာသည့် စစ်အုပ်စု ကြားဖြတ်တိုက်ခံရပြီး အများအပြား ထိခို က်သေဆုံးနိုင်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် သာစည်ရွာကနေ ‌ကျောက်စစ်ပုံ အမြောက်တပ်ဆီ ပြန်လာတဲ့ စစ်အုပ်စုကို ကြားဖြတ်တိုက်ခိုက်ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ဘုတလင်မြို့နယ် တပ်ပေါင်းစုစစ်ကြောင်းထံက သိရပါတယ်။
Read More

စစ်ကော်မရှင်၏ ခလရ တပ်ရင်း (၁၀၄) မှ စစ်သား ၁ ဦး လက်နက်ခဲယမ်းနှင့်အတူ အလင်းဝင်လာ

စစ်ကော်မရှင်ရဲ့ ခလရ တပ်ရင်း (၁၀၄) မှ စစ်သား ၁ ယောက် လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်လာတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) မြိတ်ထားဝယ်ခရိုင်က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကရင်နီဒေသက တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့နေရာတွေကို ပြန်လည်ရယူဖို့ စစ်ကောင်စီ ကြိုးပမ်းလာနေ

ကရင်နီဒေသမှာရှိတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နေရာတွေကို စစ်ကောင်စီက ပြန်လည်ရယူနိုင်ဖို့ အင်အားဖြည့်တင်းမှုတွေ လုပ်ဆောင်လာနေပြီး စစ်ကြောင်းထိုးဝင်ရောက်လာမှုတွေရှိနေကြောင်း ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
Read More

ရဲဘော်ကိုစိုင်း(ခ) ဝင်းလှိုင်ကို သတ်ဖြတ်ခံရမှုအပေါ် သတ်ဖြတ်သူတွေနှင့် စေခိုင်းသူများကို တာဝန်ယူပေးဖို့ KNDF-B29 ကရင်ဖြူရဲဘော်များ တောင်းဆို

ပျဉ်းမနားစစ်ကြောင်းမှူးတစ်ဖြစ်လဲ ကရင်ဖြူမျိုးနွယ်စု ဥက္ကဌ ရဲဘော်ကိုစိုင်း (ခ) ဝင်းလှိုင်ကို ညှင်းပန်းသတ်ဖြတ်ခံရမှုအပေါ် ကယန်းပြည်သစ်တပ်မတော်အနေနဲ့ တာဝန်ယူမှု တာဝန်ခံမှုရှိရှိ ထိထိရောက်ရောက် အရေးယူပေးဖို့လိုတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်၊ တပ်ရင်းအမှတ် (၂၉)၊ တပ်ခွဲ (၁) ကရင်ဖြူ ရဲဘော်တွေက တောင်းဆိုလိုက်ပါတယ်။
Read More

ရေဦးမြို့က စစ်ကောင်စီတပ်ရဲ့ ဂါဝီ စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်ဖွဲ့တွေ ဝင်ရောက် တိုက်ခိုက်…

စစ်ကိုင်းတိုင်း၊ ရေဦးမြို့က အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ ဂါဝီ စစ်ဆေးရေးဂိတ်ကို ဝင်ရောက် တိုက်ခိုက်ခဲ့တယ်လို့ Freedom Revolution Force (FRF) တပ်ဖွဲ့ဆီက သိရပါတယ်။