ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က အရပ်သားပြည်သူ နေထိုင်ရာ ကျေးရွာတွေကို လက်နက်ကြီးနဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် အရပ်သား ၂ ယောက် သေဆုံးပြီး ကလေးငယ် ၂ ယောက်အပါ အရပ်သား ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

မူးမြို့နယ်မှာလည်း မေလ(၇)ရက်က အကြမ်းဖက် စစ်ကောင်စီတပ်က ခေါင်းအင်းကျေးရွာကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ (၂) ယောက် ကျည်စထိမှန် သေဆုံးခဲ့ပြီး (၁၂)နှစ်အရွယ်နဲ့ (၃)နှစ်အရွယ် ကလေးငယ် ၂ ယောက် ကျည်စထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ကုန်းချောင်းဝက စစ်ကောင်စီတပ်တွေကလည်း ထွနီကုန်းကျေးရွာကို ဟောင်ဝစ်ဇာနှစ်ဆင့်ကွဲ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် အရပ်သား ၁ ယောက် လက်နက်ကြီးစထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့ KNU က ဆိုပါတယ်။

ရွှေကျင်မြို့နယ်မှာလည်း မေလ(၅)ရက်က သူရဲသမိန်ကျေးရွာမှာ အခြေချထားတဲ့ စစ်ကောင်စီတပ် ခမရ-၃၅၀ က ကွင်းဆိပ်ကျေးရွာ သီတာရေဗုဒ္ဓဘာသာဘုန်းကြီးကျောင်းကို ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် ဘုန်းကြီးကျောင်းအနီးရှိ နေအိမ် ထိမှန်ပျက်စီးခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

စစ်ကောင်စီတပ်သား ၁ဦး ပုလော ပကဖထံ လက်နက်နှင့်တကွ အလင်းဝင် 

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) မြို့နယ်တိုက်ခိုက်ရေးအဖွဲ့ထံကို စစ်ကောင်စီတပ်သား ၁ယောက် လက်နက်နဲ့တကွ အလင်းဝင်ရောက်လာတယ်လို့ ပုလော ပကဖ က သတင်းထုတ်ပြန်ထားပါတယ်။
Read More

“သိမ်းငှက်စစ်ဆင်ရေး”အတွင်း စစ်အုပ်စုစခန်း ၆ခု အပါ စစ်သုံ့ပန်းများနှင့် လက်နက်ခဲယမ်းအများအပြားကို မော်လိုက် တော်လှန်ရေးအင်အားစုများ သိမ်းပိုက်ရရှိခဲ့

စစ်ကိုင်းတိုင်း၊ မော်လိုက်ခရိုင်၊ မော်လိုက်မြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စု စခန်း ၆ခုကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက သိမ်းငှက်စစ်ဆင်ရေးအဖြစ် ၂လနီးပါး တိုက်ခိုက်သိမ်းပိုက်ရင်း စစ်သုံ့ပန်းတွေနဲ့ လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိခဲ့တယ်လို့ မော်လိုက်တော်လှန်ရေးအင်အားစုများ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

တောင်သာနှင့် ကျောက်ပန်းတောင်းတွင် ၂ရက်ဆက် တိုက်ပွဲဖြစ်ပြီး စစ်အုပ်စုဘက်က ရဲတပ်ကြပ်အပါ ၅ ဦး သေ၊ ၂ ဦး အရှင်ဖမ်းမိ

မန္တလေးတိုင်း၊ တောင်သာနဲ့ ကျောက်ပန်းတောင်းမြို့နယ်တွေမှာ အင်အားအလုံးအရင်းသုံးပြီး ဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုတွေကို ၂ရက်ဆက်ကြားဖြတ်တိုက်ခိုက်ရာ စ​စ်သားအလောင်း ၅လောင်း၊ သုံ့ပန်း၂ယောက်နဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ Popa Guerilla Force(PGF) တပ်ဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ရန်-မန်း စစ်ဆင်ရေးအတွက် မန္တလေးက အလယ်ပိုင်းတိုင်းစစ်ဌာချုပ်ကို ရှော့တိုက်ဒုံး ပစ်ခတ်တိုက်ခိုက်

မန္တလေးမြို့က အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ရန်-မန်းစစ်ဆင်ရေးအဖြစ် ရှော့တိုက်ဒုံးတွေနဲ့ သွားရောက် ပစ်ခတ်တိုက်ခိုက်မှုမှာ ထိခိုက်ပေါက်ကွဲတာတွေရှိနိုင်ကြောင်း Operation Flame (OF) အဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ခင်ဦးမြို့နယ် ပအဖ ၏ သီတင်းကျွတ်လပြည့် ကန်တော့ပွဲ အခမ်းအနား

ဒီနေ့ ကျရောက်တဲ့ သီတင်းကျွတ်လပြည့် အခါသမယ ရက်မြတ်မှာ စစ်ကိုင်းတိုင်းအခြေစိုက် ခင်ဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ရိုးရာဓလေ့ ယဥ်ကျေးမှု ကန်တော့ပွဲ အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
Read More

အပစ်ရပ်ကြေညာထားသည့် စစ်ကောင်စီ နောင်ချိုကို ထပ်မံ ဗုံးကြဲတိုက်ခိုက်၊ နေအိမ် ၄ လုံး ထိမှန်ပျက်စီး

အပစ်ရပ်ကြေညာထားတဲ့ စစ်ကောင်စီတပ်ဟာ တအာင်းတပ် TNLA ထိန်းချုပ်ရာ နောင်ချိုမြို့နယ်ကို လေကြောင်းကနေ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLA က အသိပေးထုတ်ပြန်ပါတယ်။