တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) က ကျဆုံးရဲဘော်တွေဖြစ်တဲ့ တပ်ခွဲမှူးတုတ်ကြီးနဲ့ ရဲဘော် Fire တို့ရဲ့ ကျဆုံးခြင်း (၁) နှစ်ပြည့် အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။

လောင်းလုံးမြို့နယ်ရှိ လက်ခပ်တောင်ကုန်းစခန်းတိုက်ပွဲမှာ ၂၀၂၄ ခုနှစ် မေလ ၉ ရက်က ကျဆုံးခဲ့တဲ့ တပ်ခွဲမှူးတုတ်ကြီးနဲ့ ရဲဘော် Fire တို့ရဲ့ (၁) နှစ်ပြည့်အထိမ်းအမှတ်အဖြစ် မေလ ၉ ရက် မနေ့က သံဃာတော်အရှင်မြတ်တို့ကို ပင့်ဖိတ်ပြီး ဆွမ်း၊ ဝတ္ထု ကပ်လှူကာ တရားတော်နာယူခဲ့တယ်လို့ ဆိုပါတယ်။

လောင်းလုံး ပကဖ က ကျဆုံးခဲ့ပြီးတဲ့ ရဲဘော် အယောက် (၂၀) နဲ့ နွေဦးတော်လှန်ရေးနဲ့ ဒီမိုကရေစီတိုက်ပွဲအတွင်း ကျဆုံးခဲ့ရတဲ့ ရဲဘော်အပေါင်းတို့ကို ရည်စူးပြီး အမျှပေးဝေ ကုသိုလ်ပြုခဲ့တယ်လို့ လောင်းလုံး ပကဖ က ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

ရေဖြူအခြေစိုက် စစ်ကော်မရှင်၏ ခမရ ၄၀၉ မှ စစ်မှုထမ်းစစ်သား ၂ ဦး လက်နက်ဖြင့် အလင်းဝင်လာ၊ ဆုငွေကျပ် သိန်း ၅၀ စီ ချီးမြှင့်…

တနင်္သာရီတိုင်း ၊ ရေဖြူမြို့နယ် အခြေစိုက် အကြမ်းဖက်စစ်တပ်ရဲ့ ခမရ (၄၀၉) က စစ်သား ၂ ယောက် လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင် လာခဲ့တယ်လို့ ဒူရကစစ်ကြောင်းက မနေ့က ထုတ်ပြန်ပါတယ်။
Read More

ကျားဖြန့်လုပ်ငန်းတွင် အဓိက ပါဝင်ပတ်သက်နေသည့် တရုတ်နိုင်ငံသား ၄၀၀ ကျော် ဖမ်းဆီးရရှိခဲ့ ဟု စစ်ကောင်စီ ပြော

ကျားဖြန့်နဲ့ အွန်လိုင်းလောင်းကစားလုပ်ငန်းတွေကို အမျိုးသားရေးတာဝန်တစ်ရပ်အနေနဲ့ တိုက်ဖျက်နေတယ်လို့အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
Read More

မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်း ခလရ ၂၇၄ ကနေ သိမ်းဆည်းရရှိခဲ့တဲ့ လက်နက်ခဲယမ်းတွေကို CDF မင်းတပ် ထုတ်ပြန်ပြသ

ချင်းပြည်နယ်၊ မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီရဲ့ ခလရ ၂၇၄ ကနေ သိမ်းဆည်းရရှိခဲ့တဲ့ လက်နက်ခဲယမ်းတွေနဲ့ မှတ်တမ်းဓာတ်ပုံတွေကို Chin Defence Force - CDF မင်းတပ်က ဒီနေ့မနက်မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

လောင်းလုံးတွင် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်သား ၈ ဦး သေပြီး အများအပြား ထိခိုက်ဒဏ်ရာရ

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်က ကျေးရွာတွေမှာ စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်သား ၈ ယောက် သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Launglone People Defence Force (LLPDF) က သတင်းထုတ်ပြန်ပါတယ်။
Read More

ဆီဆိုင်မြို့နယ်၊ နောင်ဗိုကျေးရွာကို တိုက်ပွဲမဖြစ်ပွားဘဲ စစ်ကောင်စီတပ်နှင့် PNO ပြည်သူ့စစ်က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်၊ ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ နောင်ဗိုကျေးရွာကို အကြမ်းဖက်စစ်ကောင်စီနဲ့ လက်အောက်ခံ PNO ပြည်သူ့စစ်က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ရာ နေအိမ် ၁ လုံးထိခိုက်ပျက်စီးပြီး ပြည်သူတစ်ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပျူစောထီးမင်းမင်းကို သုတ်သင်ရှင်းလင်းမှုကိစ္စမှာ တာဝန်ရှိတဲ့ တော်လှန်ရေးရဲဘော် ၄ ယောက်ကို ထောင်အချုပ် ၁ နှစ်စီ ချမှတ်…

ပျူစောထီးခေါင်းဆောင် မင်းမင်းကို သုတ်သင်ရှင်းလင်းခဲ့တဲ့ တော်လှန်ရေးရဲဘော် ၄ ယောက်ကို အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေ၊ နိုင်ငံတကာလူ့အခွင့်အရေးဥပဒေတို့နဲ့ ငြိစွန်းနေတဲ့အတွက် ထောင်အချုပ် ၁ နှစ်စီ ချမှတ်ခဲ့တယ်လို့ ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်( မကွေးတိုင်းအရှေ့ခြမ်း) တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။