မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကန်နီကျေးရွာက ပျူစောထီး ၃ ယောက် မိသားစုနဲ့အတူ ထွက်ပြေးအလင်းဝင်လာခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပခုက္ကူခရိုင် တပ်ရင်း ၁၅ က မနေ့က ထုတ်ပြန်ပါတယ်။

မေလ ၇ ရက်မှာ မြိုင်မြို့နယ်၊ ကန်နီကျေးရွာက ထွက်ပြေးလာပြီး အလင်းဝင်လာတဲ့ ပျူစောထီးတွေကို ဒေသကာကွယ်ရေးအဖွဲ့ – ပကဖ ကတစ်ဆင့် အလင်းဝင်လာတယ်လို့ ဆိုပါတယ်။

အလင်းဝင်ရောက်ခဲ့သူတွေကတော့ အသက် ၃၀ ကျော်အရွယ် ပျူစောထီး ၂ ယောက်နဲ့ အသက် ၂၀ ကျော်အရွယ် ပျူစောထီး ၁ ယောက်ဖြစ်ပြီး ကလေး ၃ ယောက်လည်း ပါဝင်တယ်လို့ သိရပါတယ်။

အလင်းဝင်လာသူတွေရဲ့ ထွက်ဆိုချက်အရ ကန်နီရွာ ပျူစောထီးခေါင်းဆောင်ဟာ ကျေးရွာနေမိန်းမပျိုတွေကို လက်နက်အားကိုးနဲ့ ခြိမ်းခြောက်အနိုင်ကျင့်ကာ သားမယားပြုကျင့်မှုတွေ ရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်များရဲ့အဆိုအရ အဆိုပါကန်နီပျူစောထီးစခန်းကို တော်လှန်ရေးတပ်တွေက ပိတ်ဆို့ထားတာကြောင့် စားနပ်ရိက္ခာပြတ်လပ်နေသလို၊ ရွာတွင်းရှိ ပျူစောထီးတွေရဲ့ အဓမ္မညှင်းပန်းနှိပ်စက်တာတွေကြောင့် ရွာသူရွာသားများ မကြာခဏ ထွက်ပြေးလေ့ရှိတယ်လို့လည်း သိရပါတယ်။
0 Shares:
You May Also Like
Read More

ရှေ့တန်းမှ ပြန်လာသည့် 96 Soldiers – အညာ​တပ်ခွဲမှ ရဲဘော်များကို ပြည်သူတွေ ကြိုဆို… (ဓာတ်ပုံသတင်း)

ရှေ့တန်းစစ်ဆင်ရေးကနေ ပြန်လာတဲ့ 96 Soldiers - အညာ​တပ်ခွဲက ရဲဘော်တွေကို တပ်ဖွဲ့စိုးမိုးနယ်မြေအတွင်းရှိ ဒေသခံပြည်သူတွေ သောင်းသောင်းဖျဖျ ကြိုဆိုခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဖားကန့်တွင် စစ်တပ်ဗုံးကြဲမှုကြောင့် ၁ နှစ်ကျော်အရွယ် ကလေးငယ် ဒဏ်ရာရကာ မိခင်ဖြစ်သူ သေဆုံး

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ ထိတွေ့တိုက်ပွဲမရှိဘဲ စစ်တပ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် မိခင်ဖြစ်သူ သေဆုံးပြီး ၁ နှစ်ကျော်အရွယ် သားဖြစ်သူကတော့ ဒဏ်ရာရခဲ့တယ်လို့ နယ်ခံတွေဆီက သိရပါတယ်။
Read More

ဒီပဲယင်းမြို့မရဲစခန်းက ထွက်လာတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ ၁ ယောက်သေပြီး ၁ ယောက် အရှင်မိကာ သေနတ် ၁ လက် သိမ်းဆည်းရမိ…

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ပေါ်ရှိ မြို့မရဲစခန်းကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ ၁ ယောက်သေပြီး ၁ ယောက် အရှင်ဖမ်းမိကာ သေနတ် ၁ လက် သိမ်းဆည်းရမိခဲ့တယ်လို့ ဒီပဲယင်းမြို့နယ် အဖြူရောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က ထုတ်ပြန်ပါတယ်။
Read More

ဗန်းမော်က ခလရ (၂၃၆)ကို KIA တိုက်ခိုက်သိမ်းပိုက်၊ စစ်သုံ့ပန်းများနှင့်အတူ လက်နက်ခဲယမ်းများပါ ရရှိ

ဗန်းမော်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ခလရ(၂၃၆) တပ်ရင်းကို KIA ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး စစ်သုံ့ပန်းတွေနဲ့ လက်နက်ခဲယမ်းတွေပါ ရရှိခဲ့ကြောင်း KIA ရဲ့ သတင်းပြန်ကြားရေးက အသိပေး ထုတ်ပြန်ပါတယ်။
Read More

ငလျင်ကြောင့်ပျက်စီးခဲ့တဲ့ ရုံးဌာနများကို ဆောင်လုပ်ခဲ့သည့် မူလကုမ္ပဏီများ ပြန်ပြင်ရမည်ဟု စစ်ကောင်စီဆို

စစ်ကိုင်းငလျင်ကြောင့် ပျက်စီးခဲ့ရတဲ့ အစိုးရရုံးဌာနအဆောက်အဦးတွေကို ပြန်လည်ပြင်ဆင်ဖို့အတွက် မူလဆောက်လုပ်ခဲ့တဲ့ ကုမ္ပဏီတွေက တာဝန်ယူရမယ်လို့ အဆောက်အဦးတွေ ပြန်လည်ပြုပြင်အသုံးပြုရေးနဲ့ အသစ်တည်ဆောက်ရေးကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ စစ်ကောင်စီရဲ့ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးမောင်မောင်အေးက ဧပြီလ ၂၉ ရက်မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
Read More

တော်လှန်ရေးကာလတလျှောက် တိုက်ပွဲငြိမ်သက်နေခဲ့သည့် ဧရာဝတီတိုင်းအတွင်း ၂၀၂၅ နှစ်စမှာ တိုက်ပွဲ ခပ်စိပ်စိပ် ဖြစ်လာ

နွေဦးတော်လှန်ရေးရဲ့ အစောပိုင်းကာလက တိုက်ပွဲဖြစ်ပွားခြင်း လုံး၀မရှိခဲ့တဲ့ ဧရာ၀တီတိုင်းထဲမှာ ၂၀၂၅ ခုနှစ်အတွင်း တိုက်ပွဲ ၆ကြိမ်အထိ ဖြစ်ပွားခဲ့တယ်လို့ BNI-Myanmar Peace Monitor ရဲ့ အစီရင်ခံစာမှာ ဖော်ပြလာပါတယ်။