အကြမ်းဖက်စစ်ကောင်စီက ရုရှားနည်းပညာနဲ့ အနုမြူ ဓါတ်အားပေးစက်ရုံ တည်ဆောက်မယ့်အပေါ် မြန်မာပြည်သူတွေနဲ့ ထိုင်းနိုင်ငံ ပြည်သူတွေရဲ့ လုံခြုံရေးအတွက် အလွန်စိုးရိမ်ပူပန်ကြောင်း ကရင်အမျိုးသားအစည်အရုံး (KNU) က မေ ၉ ရက်စl မနေ့က ထုတ်ပြန်ပါတယ်။

“၂၀၂၅ ခုနှစ် မတ်လ ၇ ရက်မှာ သတင်းမီဒီယာမှ တဆင့် ဖော်ပြခဲ့တဲ့ မြန်မာ စစ်အာဏာရှင်အစိုးရက ရုရှားနည်းပညာဖြင့် ၁၁၀ မက်ဂါဝပ် အနုမြူ ဓါတ် စက်ရုံ တစ်ခု တည်ဆောက်မယ့် သတင်းကြောင့် ကျွန်ုပ်တို့ရဲ့ ပြည်သူများနဲ့ ထိုင်းနိုင်ငံပြည်သူများရဲ့ လုံခြုံရေး၊ အန္တရာယ်ကင်းရှင်းမှုနဲ့ ကောင်းမွန်သောဘဝ နေထိုင်မှုအတွက် အလွန် စိုးရိမ်ပူပန်မိပါတယ်။ လက်ရှိအနေအထားမှာ တည် ဆောက်နိုင်သော နေရာနှစ်ခုကို ဖော်ပြထားပြီး ၎င်းနေရာများမှာ ပဲခူးဒေသ အလယ်ပိုင်းနဲ့ ထိုင်းနိုင်ငံ နယ်စပ် တနင်္သာရီတိုင်း၊ ထားဝယ်ဒေသရှိ ထားဝယ်အထူးစီးပွားရေးဇုန်တို့မှာ ဖြစ်သည်” လို့ KNU ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၄) အနေနဲ့ မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံရှိ ဒေသခံပြည်သူတွေရဲ့ လုံခြုံရေး အာမခံချက်ရှိစေဖို့ မြိတ် – ထားဝယ်ခရိုင်ရှိ အကြမ်းဖက်စစ်တပ်ရဲ့ ထီးခီး စစ်အခြေစိုက်စခန်းကို ပြန်လည် ထိန်းချုပ်ဖို့ မဖြစ်မနေ လိုအပ်တယ်ဆိုတာကို ယုံကြည်တယ်ဆိုပြီး KNU က ဆိုပါတယ်။
ပြည်သူတွေရဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်နဲ့ အကြမ်းဖက်စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကနေ လွတ်မြောက်စေဖို့အတွက် အကြမ်းဖက်စစ်ကောင်စီအပေါ် စစ်ရေးအရ အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်ဖို့လိုအပ်တယ်လို့ ယုံကြည်ကြောင်း KNU က ဆိုပါတယ်။

KNU နဲ့ အကြမ်းဖက်စစ်တပ်တို့အကြား စစ်ရေးတင်းမာမှု အခြေအနေကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ထိခိုက်နိုင်ချေနဲ့ နောက်ဆက်တွဲ အကျိုးသက်ရောက်မှုတွေကို လေးနက်စွာ သုံးသပ်ခဲ့ပြီး ထိခိုက်နိုင်ချေတွေကို လျော့ချနိုင်မယ့် နည်းလမ်းတွေ အစွမ်းကုန်စီမံခဲ့ပြီး အတိတ်မှာ ထိုင်းပြည်သူတွေနဲ့ သဟဇတဖြစ်အောင် နေထိုင်ခဲ့သလို အနာဂါတ်မှာလည်း လေးစားမှု နဲ့ ခင်မင်ရင်းနှီးမှုတို့နဲ့အတူ အိမ်နီးချင်းကောင်းပီသစွာ နေထိုင်ီု့အတွက်လည်း ကတိကဝတ်ပြုကြောင်း KNU မြိတ်-ထားဝယ်ခရိုင် က အသိပေးထုတ်ပြန်ထားပါတယ်။

ပုံစာ – ထီးခီးဗျူဟာစခန်းကို KNU ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေ မနေ့က အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ပြီးချိန်…
0 Shares:
You May Also Like
Read More

စစ်အုပ်စု၏ ဒရုန်းဗုံးသီးကြောင့် ပခုက္ကူခရိုင် အမှတ် ၁၃ တပ်ရင်းမှ တပ်စုတပ်ကြပ်ကြီး ကျဆုံး

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပခုက္ကူခရိုင် အမှတ် ၁၃ တပ်ရင်းက တပ်စုတပ်ကြပ်ကြီး တစ်ယောက်ဟာ အကြမ်းဖက်စစ်အုပ်စုက ပစ်ခတ်လိုက်တဲ့ ဒရုန်းဗုံးသီးထိမှန်ပြီး ကျဆုံးသွားတယ်လို့ ပခုက္ကူခရိုင် အမှတ် ၁၃ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

(၃) နှစ် ပြည့်ပြီဖြစ်တဲ့ တောင်ညိုတပ်ရင်းက ပျောက်ကြားတိုက်ပွဲ (၆၇) ကြိမ်ထက်မနည်း ဖော်ဆောင်နိုင်ခဲ့၊ တပ်ရင်း တော်လှန်ရေးရဲဘော် (၆) ဦး ကျဆုံးခဲ့

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ညိုတပ်ရင်း ဖွဲ့စည်းတည်ထောင်ခြင်း (၃) နှစ်ပြည့်အခမ်းအနားကို ပြီးခဲ့တဲ့ ဧပြီလ (၁) ရက်က ကျင်းပပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

မင်းကွန်းဒေသကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်မှ စစ်မှုထမ်းဆင်း စစ်သား ၃ ဦး လက်နက် ၁ လက်နှင့် အလင်းဝင်လာ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က စစ်သား ၃ ယောက် သေနတ် ၁ လက်နဲ့အတူ အလင်းဝင်လာတယ်လို့ ယူနီကွန်းပျောက်ကြားတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရသေ့တောင်မြို့နယ်တွင် စစ်တပ် ဗုံးကြဲမှုကြောင့် ၁ ဦး သေဆုံး၊ ၂ ဦး ဒဏ်ရာရ

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်ကို အကြမ်းဖက်စစ်အုပ်စုက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၁ယောက် သေဆုံးပြီး ၂ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

စလင်းမြို့နယ် တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း ပြည်သူတွေရှိရာ ကျေးရွာများတွင် စလင်း ပကဖ လှည့်လည်ဖျော်ဖြေခဲ့ (ဓာတ်ပုံသတင်း)

နိုင်ငံကို ပြန်လည်တည်ဆောက်ရေးနဲ့ နိုင်ငံထဲက အ‌ရှုပ်အထွေးတွေကို ဖြေရှင်းဖို့ ခိုင်မာတဲ့ စီမံချက်တွေ ကြံ့ခိုင်ရေးပါတီ (USDP) မှာ ရှိတယ်လို့ ပါတီ ဥက္ကဋ္ဌ ဦးခင်ရီက ပြောဆိုလိုက်ပါတယ်။
Read More

ဟန်ပြအပစ်ရပ်သက်တမ်းတိုးထားသည့် စစ်ကောင်စီတပ် နောင်ချိုမြို့နယ်တွင် အဆိပ်ငွေ့ဗုံးအပါ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေ…

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်အတွင်း ဟန်ပြအပစ်ရပ်သက်တမ်းတိုးထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်က အဆိပ်ငွေ့ဗုံးအပါအဝင် လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ နေ့လယ်ပိုင်းမှာ ထုတ်ပြန်ပါတယ်။