မကွေးတိုင်း၊ စလင်းမြို့နယ်နဲ့ ဆင်ဖြူကျွန်းမြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားတယ်လို့ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

ဆင်ဖြူကျွန်းမြို့နယ်နဲ့ စလင်းမြို့နယ်အတွင်း အင်အား ၁၃၀ ဝန်းကျင်နဲ့ ၁ လကျော် ခြေလျင်လှည့်လည်စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်ကြောင်းဟာ တညောင်တိုက်နယ်ဘက် ဆင်ဖြူကျွန်း-တညောင်လမ်းပိုင်းကနေ စစ်ကြောင်းထိုးဝင်ရောက်လာချိန် မေလ ၄ ရက် မနက်ပိုင်းက တော်လှန်ရေးတပ်တွေနဲ့ ထိတွေ့တိုက်ပွဲ ၁ နာရီကျော်ကြာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ထိတွေ့တိုက်ပွဲအတွင်း ထိခိုက် သေဆုံးမှုများပြားခဲ့တဲ့ အကြမ်းဖက်စစ်တပ်က Y-12 လေယာဉ်နဲ့ ၉ ကြိမ်မှာ ဗုံးသီး ၄၈ လုံး ကြဲချ တိုက်ခိုက်ခဲ့ပြီးနောက် အကြမ်းဖက်စစ်ကြောင်းက ဆင်ဖြူကျွန်းတိုက်နယ်၊ နွယ်တမယ်ကျေးရွာကို ပြန်လည် ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။

ပုံစာ – စလင်း ပကဖ တပ်ဖွဲ့ဝင်များ (ပုံဟောင်း)

တိုက်ပွဲဖြစ်ပွားပြီးနောက် နယ်မြေရှင်းလင်းချိန်မှာတော့ အကြမ်းဖက်စစ်ကောင်စီတပ်က မြေမြှုပ်ခဲ့တဲ့ ရုပ်အလောင်း ၃ လောင်းကို တော်လှန်ရေးတပ်ဖွဲ့တွေ တူးဖော်တွေ့ရှိခဲ့ပြီး ကောင်းမွန်စွာ သင်္ဂြိုလ်ပေးခဲ့‌တယ်လို့ စလင်း ပကဖ က ဆိုပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးအဖွဲ့(စလင်း)၊ မင်းဘူးခရိုင်အမှတ် (၁) တပ်ရင်း၊ မကွေးတိုင်းဒရုန်းလက်ရုံး၊ မကွေးတိုင်း ပကဖ လက်ရုံးတပ်၊ CGF တို့ ပူးပေါင်း လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မြိုင်မြို့ပေါ် အင်အားအလုံးအရင်းသုံး ဝင်ရောက်ခဲ့သည့် စစ်အုပ်စုများ အထိနာပြီး ပြန်ဆုတ်ခွာအောင် ဒေသကာကွယ်ရေးတပ်များ တိုက်ထုတ်နိုင်ခဲ့

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ အင်အားအလုံးအရင်းသုံးပြီး ဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေကို အထိအခိုက်အကျဆုံးများစွာနဲ့ ပြန်လည်ဆုတ်ခွာသွားအောင်ခုခံတိုက်ခိုက်နိုင်ခဲ့တယ်လို့ မြိုင်နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ယောက်က မောင်းကိုပြောပါတယ်။
Read More

ရေစကြိုမြို့နယ်က မင်း ပျူစောထီးရွာမှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီ တပ်သားတွေကို ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ မင်း ပျူစောထီးရွာက အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို ပြည်သူ့ကာကွယ်ရေး ညီနောင်မဟာမိတ်တပ်တွေနဲ့အတူ စက်တင်ဘာလ ၂၁ ရက်နဲ့ ၂၂ရက်မှာ Fixed Wings ဒရုန်းတွေနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Myingyan Black Tiger (MBT)တပ်ဖွဲ့ဆီက သိရပါတယ်။
Read More

ပခုက္ကူမှာ စစ်ကောင်စီက အရပ်သားကားတွေကိုခြိမ်းခြောက်ချောဆွဲနေလို့ ဒေသခံပြည်သူတွေ ကြောက်လန့်နေရ

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက မြို့ပေါ်တက်လာတဲ့ အရပ်သားကားတွေကို ချောဆွဲဖမ်းဆီးပြီး ပျူစောထီးကျေးရွာတွေဆီ အဲဒီကားတွေနဲ့ ရိက္ခာပို့ဆောင်တာတွေလုပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။
Read More

ပဲခူးရိုးမထဲကို စစ်ကူလာတဲ့ စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်း သေဆုံး

“တကယ်တော့ သူတို့က တပ်ကျိုးသွားတယ် ပြောရမယ် စစ်ကြောင်းစတက်လာကတည်းက မုက္ခာဆည်မှာ ရေဆင်းကူ;တဲ့ စခ ၁ကောင် မြွေကိုက်သေပြီး ၁ကောင်က ရေနစ်သေထားတာ အဲ့တာကို အင်အားထပ်ဖြည့်ပြီး တက်လာတာ… အဲ့တာကို စောင့်ကြိုတိုက်ပါ”
Read More

ယင်းမာပင် ပကဖ ရဲ့ မွမ်းမံသင်တန်းဆင်းပွဲနဲ့ လက်ရုံးတပ်ဖွဲ့ ဖွဲ့စည်းခြင်း အခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် ပကဖ လက်ရုံးတပ်က ရဲဘော်တွေရဲ့ မွမ်းမံသင်တန်းဆင်းပွဲနဲ့ ခရိုင်လက်ရုံးတပ် ဖွဲ့စည်းခြင်းအခမ်းအနားတို့ကို ကျင်းပပြုလုပ်ခဲ့တယ်လို့ နိုဝင်ဘာလ ၁၁ ရက်မှာ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
Read More

လူငယ် ၃ ယောက်ကို ဝှက်ထားတယ်ဆိုတဲ့ စွပ်စွဲချက်ဖြင့် အကျဉ်းချခံထားရသည့် ၆၅ နှစ်အရွယ် ဒေါ်စန်းရီ ကွယ်လွန်

မန္တလေးတိုင်း၊ အိုးဘိုအကျဉ်းထောင်မှာ အကြမ်းဖက်စစ်ကောင်စီက ထောင်ဒဏ် ၂၂ နှစ်အထိ ချမှတ်ထားရတဲ့ နိုင်ငံရေးအကျဥ်းသူ ဒေါ်စန်းရီ ကွယ်လွန်သွားပြီဖြစ်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) က ထုတ်ပြန်ထားပါတယ်။