မေလ ၆ ရက်ကနေ ၃၁ ရက်ထိ အပစ်အခတ်ရပ်စဲရေးကာလ ဟန်ပြ ထပ်မံတိုးမြှင့်ထားတဲ့ အကြမ်းဖက်စစ်ကောင်စီဟာ တအာင်းတပ်မတော် TNLA ထိန်းချုပ်နယ်မြေတွေကို ထိုးစစ်ဆင်ခြင်း၊ လက်နက်ကြီးနဲ့ ပစ်ခတ်ခြင်း၊ ဒရုန်းအပါအဝင် လေကြောင်း အသုံးပြုတိုက်ခိုက်ခြင်းတွေ ပြုလုပ်နေတယ်လို့ TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။

မေလ (၈) ရက် မနေ့က မွန်းတည့်ချိန်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က တအာင်းတပ်မတော် TNLA ရှိရာ နောင်ချိုမြို့နယ်၊ သရက်ချိုရွာအနီးတဝိုက် ထိုးစစ်ဆင်လာတာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ရဲ့ အမတ (၉၀၂) က မနက်ပိုင်းမှာ ဒရုန်းနဲ့ ဗုံး(၂)လုံး၊ လက်နက်ကြီးနဲ့ (၁၆)ကြိမ် တိုက်ပွဲဖြစ်ပွားရာ သရက်ချိုရွာကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ TNLA က ဆိုပါတယ်။

မေလ (၈) ရက် မွန်းလွဲပိုင်းမှာပဲ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်နဲ့ TNLA တပ်တို့ ယာပြင်ကျေးရွာအနီး တိုက်ပွဲ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ် အမတ (၉၀၂) က ဒရုန်းနဲ့ ဗုံး(၂)လုံး၊ လက်နက်ကြီးနဲ့ (၂) ကြိမ် တိုက်ပွဲဖြစ်ပွားရာ ယာပြင်ကျေးရွာကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

မေလ (၈) ရက် ညနေပိုင်းမှာလည်း စစ်ကောင်စီတပ်နဲ့ TNLA တပ်တို့ နောင်လင်ကျေးရွာအနီးတဝိုက် တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံး (၈) လုံး၊ အဆိပ်ငွေ့ဗုံး (၅) လုံး၊ လက်နက်ကြီးနဲ့ (၃၁)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်က တဲခေါ်ရွာကနေ အဲ့ဒီနေ့ မနက်ပိုင်းမှာ ဒရုန်းနဲ့ အဆိပ်ငွေ့ဗုံး(၁) လုံးကို အုမ္မတီးကျေးရွာကို လာရောက်ကြဲချခဲ့သလို TNLA တည်ရှိရာ တောင်လှကျေးရွာကိုလည်း စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ (၁၈) ကြိမ်၊ အဆိပ်ငွေ့ဗုံးနဲ့ (၆) ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ TNLA က ဆိုပါတယ်။

မေလ (၈) ရက် မနေ့ကလည်း နောင်ချိုမြို့နယ်၊ သရက်ချိုကျေးရွာကို အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ အမတ (၉၀၂) ​က လက်နက်ကြီးနဲ့ မင်္ဂလာဆောင်ပြုလုပ်ကျင်းပနေတဲ့ သရက်ချိုကျေးရွာအတွင်း ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အသက် (၅) နှစ်အရွယ် ကလေးငယ်အပါအဝင် ဒေသခံ (၄) ယောက် သေဆုံးခဲ့ပြီး (၇) ယောက် ဗုံးစထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

အမှတ် (၁)စစ်ဒေသ၊ ပခုက္ကူခရိုင်အမှတ် (၁၉) တပ်ရင်းရဲ့ မွမ်းမံသင်တန်း အပတ်စဉ်(၁) သင်တန်းဆင်းပွဲ အခမ်းအနား (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ်(၁) စစ်ဒေသ ၊ ပခုက္ကူခရိုင် P1-4019 တပ်ရင်းရဲ့ မွမ်းမံသင်တန်း အပတ်စဉ်(၁) သင်တန်းဆင်းပွဲ အခမ်းအနားကို နိုဝင်ဘာလ (၉) ရက် မနေ့က တပ်ခွဲ(၁)၊ (၂) နဲ့ (၃)တို့ စုပေါင်းကျင်းပပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

အရာတော်တွင် အကြမ်းဖက်စစ်ကြောင်း ထိခိုက်သေဆုံးများဖြင့် တပ်လန်ပြန်ဆုတ်သွားအောင် တော်လှန်ရေးတပ်များ တိုက်ခိုက်နိုင်ခဲ့

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်မှာ ပျူစောထီးရွာကနေ ဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်ကြောင်းနဲ့ ထိတွေ့တိုက်ပွဲ ၄ကြိမ်ထက်မနည်း ဖြစ်ပွားကာ စစ်အုပ်စုအထိနာပြီး ပြန်လည်ဆုတ်ခွာသွားတယ်လို့ Generation Z Power - GZP (Mandalay) ပြည်သူ့ကာကွယ်ရေးမြို့ပြပြောက်ကျားတပ်ဖွဲ့ (မန္တလေး) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

Justice Soldier Drone တပ်ဖွဲ့မှ ဒရုန်းနှင့် နည်းပညာ အင်အားဖြည့်တင်းရန်အတွက် တပ်ဖွဲ့ဝင် (၂၀၀) ဦးခေါ်ယူနေ…

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသလက်အောက်ရှိ Justice Soldier PDF ရဲ့ ဒရုန်းတပ်ဖွဲ့က ဒရုန်းနဲ့ နည်းပညာ အင်အားဖြည့်တင်းဖို့အတွက် တပ်ဖွဲ့ဝင်အယောက် (၂၀၀) ခေါ်ယူနေတယ်လို့ သိရပါတယ်။
Read More

မင်းဘူးမြို့အနောက်မြောက်ဘက် အိုးပြင်မဲရွာကို ခလရ ၈၈ စစ်ကြောင်း မီးဝင်ရှို့၊ နေအိမ်၂၀ ကျော် မီးလောင်ပျက်စီး

မကွေးတိုင်း၊ မင်းဘူးမြို့နယ်မှာ ခလရ ၈၈ အကြမ်းဖက်စစ်သားတွေက မြို့အနောက်မြောက်ဘက် အိုးပြင်မဲကျေးရွာကို စစ်ကြောင်းဝင်မီးရှို့ရာ နေအိမ် ၂၀ ကျော် မီးလောင်ပျက်စီးသွားကြောင်း မင်းဘူးခရိုင် ပကဖ ထောက်လှမ်းရေးက မောင်းကိုပြောပါတယ်။
Read More

စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် မင်းလှမြို့နယ်က ဒေသခံထောင်ချီ စစ်ရှောင် ထွက်ပြေးနေရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အတွင်းက ကျေးရွာတွေကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်နေတာကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ စစ်ရှောင်ထွက်ပြေးနေရတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

အပစ်ရပ်ကြေညာထားတဲ့ စစ်ကောင်စီ စစ်ကြောင်းထိုးလာလို့ နောင်ချိုမှာ တိုက်ပွဲဖြစ်

ရှမ်းပြည်နယ်မြောက်ပိုင်းက တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နယ်မှာ ယာယီအပစ်ရပ်ကာလ ကြေညာထားတဲ့ အကြမ်းဖက်စစ်ကောင်စီက ထိုးစစ်ဆင်မှုတွေ ပြုလုပ်နေတယ်လို့ TNLA က ဒီနေ့ ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။