တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ စစ်ကောင်စီရဲ့ ထီးခီးဗျူဟာစစ်စခန်းကို တိုက်ခိုက်သိမ်းပိုက် ရရှိခဲ့ကြောင်း Force For Federal Democracy -FFD က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

မေလ ၉ ရက် ဒီနေ့မနက်ပိုင်းမှာ ထီးခီးဗျူဟာစစ်ခစန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ သိမ်းပိုက်ရရှိခဲ့တာဖြစ်တယ်လို့ သိရတာပါ။

“ထီးခီးစခန်းရဲ့ ၄ပုံ ၃ပုံလောက်က ထိုင်းနိုင်ငံထဲမှာရှိနေတယ်။ နယ်စပ်စည်းမျဉ်းပေါ်မှာဆိုတော့ ထိုင်းနိုင်ငံရဲ့ ဖိအားတချို့ ကျွန်တော်တို့မှာရှိပါတယ်။ ထိုင်းနိုင်ငံက အခုကျသွားတဲ့ ထီးခီးစခန်းအတွက် အကူအညီပေးခဲ့တာ ရှိပါတယ်။ မီးစက်တွေ၊ ဆီတွေ တင်ပေးတာရှိတယ်။ ထွက်ပြေးသွားတဲ့ စစ်သားတွေကိုလည်း ပြန်မောင်းတင်တာမျိုးတွေရှိခဲ့ပါတယ်” လို့ FFD တပ်ဖွဲ့ ဒုတာဝန်ခံ ကိုအောင်အောင်က‌ မောင်းသတင်းဌာနကို ပြောပါတယ်။

ထီးခီးစခန်းဟာ KNU/KNLA တပ်မဟာ ၄ နယ်မြေအတွင်း တည်ရှိပြီး အင်အား ၁၅၀ ကျော်ရှိကာ စစ်ကောင်စီရဲ့ တပ်ရင်း ၂၅ က တပ်ရင်းမှူး ဦးစီးနေတဲ့ စခန်းဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်တွေက ဒရုန်းပစ်ကူ၊ လက်နက်ကြီးပစ်ကူတွေအပြင် ရဟက်ယာဉ် ၄ စီးနဲ့ပါ လက်နက်အကူတွေ ပေးပို့ခဲ့တယ်လို့ သိရပါတယ်။

“လာချတဲ့ ထဲမှာ လက်နက်ကြီး ၁၂၀ မမ တွေပါတယ်။ ဒါပေမယ့် အဲ့တာတွေကို အသုံးပြုလို့ မရအောင် ကျွန်တော်တို့က ဒရုန်းတွေနဲ့ သူတို့ လက်နက်ကြီး ပစ်လို့မရအောင် အကောင်းဆုံး ပြင်ဆင်နိုင်ခဲ့တာကြောင့် သူတို့ သုံးလို့ မရတဲ့ အခြေအနေဖြစ်သွားခဲ့ပါတယ်” လို့ FFD တပ်ဖွဲ့ ဒုတာဝန်ခံ ကိုအောင်အောင်က‌ ပြောပါတယ်။

တိုက်ခိုက်စဉ်မှာ စစ်ကောင်စီဘက်က တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ဒရုန်းတွေ မလာနိုင်အောင် ဂျမ်မာတွေ တပ်ဆင် ခုခံခဲ့ပေမယ့် တော်လှန်ရေးတပ်ဖွဲ့တွေက ဒရုန်းတွေကို အပျက်ခံကာ ရအောင်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ FFD တပ်ဖွဲ့ ဒုတာဝန်ခံ ကိုအောင်အောင်က‌ ဆက်ပြောပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို KNU/KNLA ရဲ့ ဦးဆောင်မှုနဲ့အတူ မဟာမိတ်တပ်ပေါင်းစုများ၊ FFD ချေ မှုန်းရေးနှင့်ဒရုန်းတပ်ဖွဲ့၊ KNLA (သဝခ) ဒရုန်းအဖွဲ့၊ တပ်မဟာ ၄ ဒရုန်းအဖွဲ့နဲံ TPLF ဒရုန်းအဖွဲ့တို့ ပူးပေါင်း တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ပြည်သူကို စစ်မှုထမ်းအကြောင်းပြ ငွေညှစ်နေသည့် အုပ်ချုပ်ရေးမှူး နေအိမ်အတွင်း ပစ်ခတ်ရှင်းလင်းခံရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်မှာ စ​စ်ကောင်စီအတွက် တပ်သားသစ်စုဆောင်းပေးနေတဲ့ ခွက်မ အုပ်စု အုပ်ချုပ်ရေးမှူး ဆိုသူ နေအိမ်အတွင်း ပစ်ခတ်ရှင်းလင်းခံရပြီး သေဆုံးသွားကြောင်းသိရပါတယ်။
Read More

ရှေ့တန်းမှာ စစ်ကောင်စီတပ်ကို တိုက်ခိုက်နေတဲ့ 96 Soldiers PDF (တောင်ပိုင်းတိုင်းစစ်ဒေသ) က တော်လှန်ရဲဘော်များ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ 96 Soldiers PDF (တောင်ပိုင်းတိုင်းစစ်ဒေသ) က တော်လှန်ရဲဘော်တွေရဲ့ ရှေ့တန်းရောက်ပုံရိပ်တွေကို အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ဝက်လက် အရှေ့မြောက်ဘက်ရှိ ထုံးဘိုရွာကို စစ်တပ်မီးဝင်ရှို့၊ မြို့နယ်တစ်ခုလုံး စစ်ကြောင်းတွေလှုပ်နေလို့ အရပ်သားများ ထိတ်လန့်နေကြရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်မှာ ထုံးဘိုရွာကို အကြမ်းဖက်စစ်အုပ်စုက ဝင်ရောက်မီးရှို့ခဲ့သလို စစ်ကြောင်းတွေဆက်တိုက်ထိုးနေလို့ ဒေသခံတွေ ဘေးဒုက္ခရောက်နေရကြောင်း ဝက်လက်မြို့နယ် ရွာဇော်ကြီးများအဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ချောက်မှာ နယ်မြေရှင်းလင်းရေးထွက်သည့် စစ်ကောင်စီတပ်သားများကို မိုင်း ၂ ဆင့်ဆွဲ တိုက်ခိုက်၊ ၄ ဦးသေပြီး ၇ ဦး ဒဏ်ရာရ

မကွေးတိုင်း ၊ ချောက်မြို့နယ်မှာ နယ်မြေရှင်းလင်းရေးလုပ်ဖို့ ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို မိုင်း ၂ ဆင့်ဆွဲကာ တိုက်ခိုက်ရာ ၄ ယောက်သေက ၇ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Chauk Revolution Army အဖွဲ့တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

တီးတိန်အခြေစိုက် စစ်ကောင်စီတပ်က ဒုတပ်ကြပ် ၁ ဦး လက်နက်ခဲယမ်းများနှင့် အလင်းဝင်လာ… (ဓာတ်ပုံသတင်း)

ချင်းပြည်နယ်ရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ တီးတိန်မြို့အခြေစိုက် တပ်ရင်းစခန်းကနေ ဒုတပ်ကြပ် ၁ ယောက် လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာတယ်လို့ PDF ZOLAND က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရွာငံတွင် စစ်အုပ်စုက အနီရောင်အဆင့်သတ်မှတ်ပြီး စစ်ကြောင်းများခွဲထိုးနေ၊ ကြံ့ခိုင်ရေးပါတီကလည်း ရွေးကောက်ပွဲအတုအတွက် စည်းရုံးရေးဆင်းဖို့ ပြင်ဆင်နေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုဒေသ၊ ရွာငံမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က အင်အားထောင်ချီဖြည့်ပြီး စစ်ကြောင်းတွေထိုးနေသလို အတုအယောင် ရွေးကောက်ပွဲဝင်ရောက်မယ့် ကြံ့ခိုင်ရေးအမတ်တွေလည်း စည်းရုံးရေးဆင်းဖို့ ပြင်ဆင်နေကြောင်း ရွာငံစစ်ရေးသတင်းရင်းမြစ်က မောင်းကို ပြောပါတယ်။