တနင်္သာရီတိုင်း၊ မြိတ်−ထားဝယ်ခရိုင်ရှိ ကရင်အမျိုးသားအစည်းအရုံး(KNU) ရဲ့ ခရိုင်ဌာနချုပ်နဲ့ တပ်မဟာဌာနချုပ်ဟောင်း တည်ရှိရာ ထီးခီးဒေသတစ်ခုလုံးကို အလုံးစုံ သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNU က ဒီနေ့ မွန်းလွဲပိုင်းမှာ တရားဝင်ထုတ်ပြန်ပါတယ်။

ထီးခီးဒေသ အတွင်းရှိ ထီးထာဗျူဟာစခန်းကို ဧပြီလ (၁၉) ရက်နဲ့ ထီးခီးဗျူဟာစခန်းကို မေလ (၉) ရက်တို့မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) နဲ့ ကရင်အမျိုးသား ကာကွယ် ရေး တပ်ဖွဲ့ (K.N.D.O) ဦးဆောင်တဲ့ တော်လှန်ရေး ပူးပေါင်းတပ်တွေက အလုံးစုံ သိမ်းပိုက် ရရှိခဲ့တယ်လို့ ဆိုပါတယ်။

ထီးခီးဒေသမှာ KNU ရဲ့ မြိတ်−ထားဝယ်ခရိုင် ဌာနချုပ်နဲ့ တပ်မဟာ ဌာနချုပ် တည်ဆောက်ဖို့ ၁၉၇၄ ခုနှစ်မှာ စတင် စီစဉ်ကာ ၁၉၇၅ ခုနှစ်မှာ စတင်တည်ဆောက်ခဲ့ရာ ထီးခီးဒေသမှာ KNU ရဲ့ ခရိုင် ဌာနချုပ်နဲ့ တပ်မဟာ ဌာနချုပ်ရုံးတွေ တည်ရှိပြီး ထီးထာမှာတော့ ခရိုင် ဌာနချုပ်နဲ့ တပ်မဟာဌာနချုပ်မှာ တာဝန်ထမ်းဆောင်နေတဲ့ KNU ရုံးအဖွဲ့ဝင်တွေရဲ့ မိသားစုဝင်တွေ နေထိုင် ခဲ့တာဖြစ်ပါတယ်။

၁၉၉၇ ခုနှစ်မှာတော့ အကြမ်းဖက်စစ်တပ်ရဲ့ တပ်မ (၅၅) နဲ့ တပ်မ (၆၆) ဦးဆောင်တဲ့ တပ်ရင်း (၂၀) ခန့်က မေဂျာအော်ပရေးရှင်းအနေနဲ့ ထီးခီးဒေသကို စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာကြောင့် ၁၉၉၇ ခုနှစ်မှာ KNU က ထီးခီးဒေသကို လက်လွှတ်ခဲ့ရတယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာတော့ KNU အနေနဲ့ လက်လွှတ်ခဲ့ရတဲ့ ထီးခီးဒေသကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့ပြီး ဒေသတွင်း ပြည်သူလူထုရဲ့ အသက်အိုးအိမ်တွေ ကာကွယ်ရေး အတွက် ဆက်လက်လုပ်ဆောင်သွားမယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

ထီးထဗျူဟာစခန်းနဲ့ သိမ်းပိုက်ရရှိထားတဲ့ လက်နက်တွေနဲ့အတူ တွေ့ရတဲ့ K.N.L.A နဲ့ K.N.D.O ဦးဆောင်တဲ့ တော်လှန်ရေး ပူးပေါင်းတပ်များ (ဓာတ်ပုံ KNU)

0 Shares:
You May Also Like
Read More

ကျုံဒိုးမြို့နယ်တွင် စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် လသားကလေးငယ်အပါ ကလေးငယ် ၄ ဦး ထိခိုက်ဒဏ်ရာရ

ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ်အတွင်း အကြမ်းဖက် စစ်ကောင်စီတပ်က အရပ်သားပြည်သူတွေ နေထိုင်ရာ ကျေးရွာအတွင်း ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီး ပစ်ခတ်မှုကြောင့် လသားအရွယ် ကလေးငယ် တစ်ယောက်အပါအဝင် အပြစ်မဲ့ ကလေးငယ်(၄) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) - ဒူးပလာယာခရိုင်က မနေ့က ထုတ်ပြန်ပါတယ်။
Read More

TNLA ရဲမေတွေရဲ့ နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့ အွန်လိုင်းလှုပ်ရှားမှု… (ဓာတ်ပုံသတင်း)

နိုဝင်ဘာ ၂၅ ရက် ဒီနေ့မှာ ကျရောက်တဲ့ နိုင်ငံ တကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့ အွန်လိုင်းလှုပ်ရှားမှုကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ရဲမေတွေက ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ပွင့်ဖြူမှာ ပျူစောထီးစခန်းနဲ့ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ရာ ၁၅ ယောက်ထက်မနည်း သေပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိ…

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်မှာ ​အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ပျူစောထီးစခန်းနဲ့ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ရာ ၁၅ ယောက်ထက်မနည်း သေပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့တယ်လို့ အညာညီနောင်တော်လှန်ရေးပူးပေါင်းအဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ဝက်လူးနယ်မြေရဲစခန်းကို လာသည့် အကြမ်းဖက်စစ်ကြောင်းနဲ့ တိုက်ပွဲများ ဖြစ်ပွား၊ စစ်ကောင်စီတပ်က ၁၃ ဦးသေပြီး ဒုတပ်ကြပ်ကို အရှင်ဖမ်းမိ၊ ရဲ ၁ ဦးအလင်းဝင်ပြီး စစ်မှုထမ်းဆင်း စစ်သား ၂ ဦးကို ကယ်ထုတ်နိုင်ခဲ့

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ဝက်လူးနယ်မြေရဲစခန်းကို စစ်ကူလာတဲ့ အကြမ်းဖက်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ရာ  တိုက်ပွဲတွေအတွင်း စစ်တပ်က ၁၃ ယောက်သေဆုံးပြီး ဒုတပ်ကြပ် ၁ ယောက် အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် (၄) တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကလလတ အမှတ် (၉၄၂၀) တပ်ရင်းအနေနဲ့ ၂၀၂၄ က အားနည်းချက်တွေ ပြင်ဆင်ပြီး တိုက်ပွဲတွေမှာ ပိုမိုအားစိုက်မယ်

ကရင်နီပြည် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - ကလလတ အမှတ် (၉၄၂၀) တပ်ရင်းက (၂) လ တစ်ကြိမ် ပြုလုပ်နေတဲ့ တပ်ရင်းအစည်းအဝေးကို တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူးနဲ့တကွ တပ်စု၊ တပ်ခွဲ အသီးသီးက တပ်မှူးတွေနဲ့ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ကိုင်းတက္ကသိုလ်ဝန်းထဲ တပ်စွဲထားတဲ့ စစ်အုပ်စုနဲ့ တပ်ကူလာတဲ့စစ်သားတွေ တိုက်ခိုက်ခံရပြီး အယောက်၂၀ နီးပါး သေ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်မှာ တက္ကသိုလ်ဝန်းထဲ ဝင်ရောက်တပ်စွဲထားတဲ့ စစ်တပ်ဂိတ်နဲ့ စစ်ကူလာတဲ့ စစ်အုပ်စုတွေ ပစ်ခတ်တိုက်ခိုက်ခံရပြီး အကြမ်းဖက်စစ်သားအယောက် ၂၀ ဝန်းကျင်သေဆုံးကာ အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ SAGAING PDF ထံက သိရပါတယ်။