မြန်မာနိုင်ငံတစ်ဝန်း ၂၀၂၅ နှစ်အတွင်း အကြမ်းဖက်စစ်ကောင်စီ ဖမ်းဆီးထိန်းသိမ်းပြီးနောက် စစ်ကောင်စီရဲ့ ထိန်းသိမ်းရေးစခန်းတွေမှာ သေဆုံးခဲ့တဲ့ အရပ်သားပြည်သူ ၂၃ ယောက် ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ညနေပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်ကနေ မေလ ၈ ရက်အထိ နိုင်ငံတစ်ဝန်း အကြမ်းဖက်စစ်အုပ်စု ဖမ်းဆီးထိန်းသိမ်းပြီးနောက် စစ်ကောင်စီရဲ့ တရားဝင်ထိန်းသိမ်းရေးစခန်းတွေဖြစ်တဲ့ စစ်ကြောရေးစခန်းမှာ သေဆုံးသူ အမျိုးသား (၄) ယောက်၊ ရဲစခန်းမှာ သေဆုံးသူ အမျိုးသား (၃) ယောက်၊ အကျဉ်းထောင်တွေမှာ သေဆုံးသူ အမျိုးသမီး (၉) ယောက်နဲ့ အမျိုးသား (၇) ယောက် စုစုပေါင်း (၂၃) ယောက် သေဆုံးခဲ့တာကို နာမည်နဲ့တကွ အတည်ပြုနိုင်ခဲ့တယ်လို့ AAPP က ဆိုပါတယ်။

မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်၊ မန္တလေး(အိုးဘို)အကျဉ်းထောင်မှာ ထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား မြင့်မြင့်သန်းဟာ အဆုတ်ရောဂါခံစားနေခဲ့ရပြီး အကျဉ်းထောင်အတွင်းမှာလည်း လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု မရရှိခဲ့ဘူးလို့ AAPP က ဆိုပါတယ်။

အဲ့ဒီနောက် မြင့်မြင့်သန်းဟာ ရောဂါ ပိုမိုဆိုးရွားလာခဲ့ပြီး မေလ ၆ ရက်မှာတော့ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးကို ပို့ဆောင်ကုသချိန် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသူဟာ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်မှာ အကြမ်းဖက်စစ်အုပ်စုရဲ့ ဖမ်းဆီးခံခဲ့ရပြီးနောက် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က) နဲ့ တရားစွဲဆိုခံခဲ့ရကာ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်မှာ ထောင်ဒဏ် ၅နှစ် ချမှတ်ခံထားရသူဖြစ်တယ်လို့ AAPP ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အကြမ်းဖက်စစ်အုပ်စု မတရားအာဏာလုခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်ကနေ မေလ ၈ ရက် ဒီနေ့အချိန်အထိ နွေဦးတော်လှန်ရေးကာလအတွင်း အကြမ်းဖက်စစ်အုပ်စုနဲ့ လက်ပါးစေတွေကြောင့် သေဆုံးခဲ့တဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေနဲ့ အရပ်သားပြည်သူ စုစုပေါင်း (၆၆၁၉) ယောက် ရှိပြီဖြစ်တယ်လို့ AAPP က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ရာမညမွန်တပ်တော်က ရုံးသင်တန်း အပတ်စဉ် (၁) သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်

မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး)/ရာမညမွန်တပ်တော်က ရုံးသင်တန်း အပတ်စဉ် (၁) သင်တန်းဆင်းပွဲကို လွတ်မြောက်နယ်မြေတစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ပါတယ်။
Read More

တန့်ဆည်မြို့နယ် ကံထူးမရွာကို စစ်တပ် လေကြောင်းတိုက်ခိုက်၊ ဒေသခံ ၈ဦး သေဆုံးပြီး ၁၂ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် ကံထူးမရွာကို အကြမ်းဖက်စစ်တပ်က အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၈ ယောက် သေဆုံးခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့နဲ့ နီးစပ်သူတွေထံက သိရပါတယ်။
Read More

တော်လှန်ရေး လိုအပ်ချက်ကို ဖြည့်ပေးရင်း ဆေးမှူးဖြစ်လာခဲ့သူ ရဲဘော် Lightning ရှေ့တန်းစစ်မြေပြင်တွင် ကျဆုံး

ပဲခူး - ရန်ကုန် လမ်းပိုင်းစစ်ဆင်ရေးမှာ ပါဝင်တိုက်ပွဲဝင်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) လက်အောက်ရှိ Southern Eagle PDF တပ်ရင်းက ဆေးမှူး ရဲဘော် Lightning ဟာ တိုက်ပွဲအတွင်း ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ပါတယ်။
Read More

အကြမ်းဖက်စစ်ကြောင်းကြောင့် ပေါက်အရှေ့ခြမ်းရှိ အရပ်သားပြည်သူများ မိုးရေထဲ စစ်ရှောင်နေရ

"ဝါယမက ညောင်ဂျစ်ပင်ရွာ ဘုန်းကြီးကျောင်းရဲ့ ကျောင်းထိုင်ပါ။ ပျူစောထီးခေါင်းဆောင်ပါ။ အာဏာမသိမ်းခင်ကတည်းက မဘသဘုန်းကြီးပါ။ အမေစု မုန်းတီးရေး တရားဟောတယ်။ အာဏာသိမ်းတာကို ထောက်ခံကြောင်း အဦးဆုံးပြောတဲ့ဘုန်းကြီးပါ။ ညောင်ဂျစ်ပင်နဲ့ အခုတော်လှန်ရေးတပ်တွေ သိမ်းထားတဲ့ ရေလာလေးကို သူခေါင်းဆောင်တယ်။ စခတွေပျူတွေကို သူ့ကျောင်းမှာ ထားတယ်။ ပခုက္ကူ-ကမ္မ-ပေါက်လမ်းပိုင်းမှာ ငွေညှစ်တယ်။ မရရင် ဖမ်းတယ်" လို့ အညာမြေတပ်ပေါင်းစု တာဝန်ခံ ကိုဘိုဘိုသန့်ဇင်က မောင်းကိုပြောပါတယ်။
Read More

စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး ရှမ်းတိုင်းရင်းသား လက်နက်ကိုင်တွေ အားလုံးပါဝင်ဖို့ NUG ဖိတ်ခေါ်

စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းဖို့ ရှမ်းတိုင်းရင်းသား လက်နက်ကိုင်အားလုံး ပါဝင်လာဖို့ လိုအပ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဖိတ်ခေါ်  တိုက်တွန်းလိုက်ပါတယ်။
Read More

KNDF တပ်ရင်း ၂ ရဲ့ နယ်မြေလုံခြုံရေးနဲ့ စစ်ရေးပြင်ဆင်နေတဲ့ မှတ်တမ်းပုံရိပ်များ (ဓာတ်ပုံသတင်း)

ကရင်နီပြည်အခြေစိုက် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ၊ တပ်ရင်းအမှတ် (၂) က ရဲဘော်တွေဟာ နယ်မြေလုံခြုံရေးနဲ့ စစ်ရေးပြင်ဆင်နေတဲ့ မှတ်တမ်းပုံရိပ်တွေကို အဆိုပါတပ်ရင်းက ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။