ကချင်ပြည်နယ်အတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် တိုက်ပွဲဝင်ရင်း ကိုယ်လက်အင်္ဂါ စွန့်လွှတ်ခဲ့ရတဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ရဲဘော်တွေရဲ့ မင်္ဂလာပွဲအခမ်းအနားကို မေ ၇ ရက် မနေ့က KIA ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့မှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။

လိုင်ဇာမြို့ရှိ ဂေါ်နင်ဂျား ပြန်လည်ထူထောင်ရေးစခန်းမှာ ကိုယ်လက်အင်္ဂါ ဆုံးရှုံးခဲ့ရတဲ့ KIA ရဲဘော် ၃ ယောက်နဲ့ ဒေသခံ ကချင်အမျိုးသမီး ၃ ယောက်တို့ရဲ့ မင်္ဂလာလက်ထပ်ပွဲ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) က ဦးဆောင်ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ကလည်း ကိုယ်လက်အင်္ဂါ ဆုံးရှုံးခဲ့ရတဲ့ KIA ရဲဘော် (၆) ယောက်ကို စုပေါင်းမင်္ဂလာဆောင်ပွဲ ကျင်းပပေးခဲ့တယ်လို့ သိရပါတယ်။

(ဓာတ်ပုံ The Kachin Net)

0 Shares:
You May Also Like
Read More

KNU ညောင်လေးပင်ခရိုင် လယ်ယာစိုက်ပျိုးရေးဌာနက ရေကြီးရေလျှံမှုကြောင့် ပျက်စီးခဲ့တဲ့ လယ်ယာတွေမှာ ပြန်လည်စိုက်ပျိုးမယ့် လယ်သမားတွေကို မျိုးစပါးတွေ ထောက်ပံ့ပေးအပ်

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်အတွင်း ကရင်အမျိုးသားအစည်းအရုံး - KNU ညောင်လေးပင်ခရိုင် လယ်ယာစိုက်ပျိုးရေးဌာနက ရေကြီးရေလျှံမှုကြောင့် ပျက်စီးခဲ့တဲ့ လယ်ယာတွေမှာ ပြန်လည်စိုက်ပျိုးမယ့် လယ်သမားတွေကို မျိုးစပါးတွေ ထောက်ပံ့ပေးအပ်ခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။
Read More

မြိုင်မြို့နယ် ဗဟင်းရွာကို စစ်ကောင်စီ ပေါင် ၅၀၀ ဗုံးကြဲချ၊ ပြည်သူ ၁ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ မြိုင်မြို့နယ်အနောက်မြောက်ပိုင်း၊ ဗဟင်းရွာကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက် ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ဗမာ့တပ်တော် အခြေခံစစ်ပညာသင်တန်း အမှတ်စဉ် (၅/၂၀၂၅) သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

ဗမာ့တပ်တော်၊ အမှတ် (၃) စစ်ဦးစီးကွပ်ကဲရေးဒေသ၊ အခြေခံစစ်ညာသင်တန်း၊ အမှတ်စဉ် (၅/၂၀၂၅)၊ သင်တန်းဆင်းပွဲအခမ်းအနားကို ဩဂုတ်လ ၅ ရက်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ မနေ့ကညပိုင်းမှာ မှတ်တမ်းဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ထားပါတယ်။
Read More

အသံတိတ်သပိတ် ဂုဏ်ပြုသောအားဖြင့် ဂန့်ဂေါမြို့မရဲစခန်းကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်၊ ရဲ ၂ ဦး ဆေးရုံရောက်

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ အသံတိတ်သပိတ် အောင်ပွဲအထိမ်းအမှတ်အနေနဲ့ ဂန့်ဂေါမြို့မရဲစခန်းကို တော်လှန်ရေးအင်အားစုတွေက ဒရုန်းနဲ့ ဗုံးကြဲချတိုက်ခိုက်ခဲ့ရာ ရဲ ၂ယောက် ဆေးရုံတင်ထားရကြောင်း ယောအလင်းတန်းအဖွဲ့ဝင် ကိုရောင်နီက မောင်းကို ပြောပါတယ်။
Read More

ချောင်းဦးမြို့ပေါ်မှ အကြမ်းဖက်စစ်အုပ်စု လက်နက်ကြီးဖြင့် ပစ်ခတ်၊ စစ်ရှောင်အမျိုးသမီးတစ်ဦးနှင့် ဒေသခံတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရ…

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့ပေါ်ကနေ စစ်ကော်မရှင်တပ်သားတွေဟာ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သားပြည်သူ ၂ ယောက်သေဆုံးပြီး ၁ ယောက် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အောက်တိုဘာ ၁၀ ရက် ည ၉ နာရီခွဲလောက်က စစ်ကော်မရှင်တပ်သားတွေဟာ ထိတွေ့တိုက်ပွဲမရှိဘဲ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့ရာ ငါးလုံးတင်ရွာထဲ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
Read More

ပေါက်ခေါင်းမြို့နယ်ထဲ စစ်အုပ်စု စစ်ကြောင်းထိုးရင်း လက်နက်ကြီးပစ်လို့ ဒေသခံ ၁ ဦး သေဆုံး၊ စစ်ရှောင်ပြည်သူများ ထပ်မံ ထွက်ပြေးတိမ်းရှောင်နေရ

ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါက်ခေါင်းမြို့နယ်ထဲက ကျေးရွာတွေဘက်ကို စစ်အုပ်စု ထပ်မံစစ်ကြောင်းထိုးလာချိန် လက်နက်ကြီးတွေ နဲ့ ပစ်ခတ်မှုခဲ့တဲ့အတွက် ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။