ရခိုင်ပြည်နယ် စစ်မျက်နှာမှာ ရက္ခိုင့်တပ်တော် နဲ့ အတူ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တိုက်ခိုက်ရေးရဲဘော်တွေ တိုက်ပွဲဝင်ခဲ့တယ်လို့ ပကဖ အသံက ဒီနေ့မှာ သတင်းဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ်မှာ အကြမ်းဖက်စစ်တပ်နဲ့ အပြင်းအထန် တိုက်ခိုက်မှုတွေ ဖြစ်ပွားနေပြီး မြို့သိမ်းတိုက်ပွဲတွေ၊ စစ်ဌာနချုပ် သိမ်းတိုက်ပွဲတွေ ဖြစ်ပွားနေတာဖြစ်ပါတယ်။

ရခိုင်ပြည်နယ် စစ်မျက်နှာမှာ ရက္ခိုင့်တပ်တော်နဲ့အတူ တိုက်ပွဲဝင်ခဲ့တဲ့ ကာလအတွင်း ပကဖ အဖွဲ့ဝင် (၄၇) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ (၁၄) ယောက် ကျဆုံးခဲ့တယ်လို့ ပကဖ အသံက ဆိုပါတယ်။

ရခိုင်ပြည်နယ် စစ်မျက်နှာကနေ ပြန်လာတဲ့ စစ်ကိုင်းတိုင်း ပကဖ တိုက်ခိုက်ရေးရဲဘော်တွေကို ပြီးခဲ့တဲ့ မေလ (၂) ရက်မှာ ဂုဏ်ပြု ကြိုဆိုပွဲ ပြုလုပ်ခဲ့ရာ စစ်ကိုင်းတိုင်းပကဖ အဖွဲ့ က တာဝန်ခံ၊ ဒုတာဝန်ခံတွေ၊ သက်ဆိုင်ရာ ခရိုင်အသီးသီးက တာဝန်ခံ၊ မြို့နယ် တာဝန်ခံတွေနဲ့ ရေးရာ တာဝန်ခံတွေ တက်ရောက်ခဲ့တယ်လို့ ပကဖ အသံ က ဆိုပါတယ်။

ဒါ့အပြင် ရှေ့တန်းတိုက်ပွဲအတွင်း ကျဆုံးခဲ့တဲ့ ပကဖ ရဲဘော်တွေရဲ့ မိသားစုတွေနဲ့ ဒဏ်ရာရ ရဲဘော်တွေကိုလည်း အလေးပြုဂုဏ်ပြုတာ၊ ထောက်ပံ့ကူညီတာတွေ လုပ်ဆောင်ခဲ့ပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာနအောက်ရှိ ပကဖ အဖွဲ့တွေနဲ့ PDF တပ်ဖွဲ့တွေဟာ တစ်နိုင်ငံလုံးမှာ ရှိတဲ့ ရှေ့တန်းစစ်မျက်နှာတွေကို သွားရောက်ပြီး အကြမ်းဖက်စစ်တပ် နဲ့ စစ်အာဏာရှင်စနစ် ချေမှုန်းရေး တိုက်ပွဲဝင်နေရာ စစ်အာဏာရှင်စနစ် ချေမှုန်းရေးကို နေရာ တစ်ခု၊ ဒေသ တစ်ခုမှာ ကွက်ပြီး လုပ်ဆောင်လို့မရဘဲ တစ်နိုင်ငံလုံးမှာ လုပ်ဆောင်မှရမှာ ဖြစ်တယ်လို့ ပကဖ အသံက အသိပေးထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ကျောက်တော်မြို့နယ် စာသင်ကျောင်းပေါ် စစ်တပ် ဗုံးကြဲလို့ ၁၈ ဦး သေဆုံးမှုကို AA ၏ မူးယစ်ဂိုဏ်းစခန်းကို တိုက်ခိုင်ခြင်းသာဖြစ်ဟု စစ်တပ်လော်ဘီများ သတင်းအမှားဖြန့်

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ရှိ ကိုယ်ပိုင်အထက်တန်းကျောင်းတစ်ခုကို အကြမ်းဖက်စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းသားကျောင်းသူတွေ အပါအဝင် ၁၈ ယောက် သေဆုံးခဲ့မှုကို AA စခန်းကို ဗုံးကြဲရှင်းလင်းတာသာ ဖြစ်ကြောင်း စစ်တပ်ထောက်ခံတဲ့ လူမှုကွန်ရက်ချန်နယ်တွေက သတင်းအမှား ဖြန့်ဝေနေပါတယ်။
Read More

စာသင်ကျောင်းမှာ ‘ကျောင်းဆရာဆရာမများ စာသင်ရပ်ရန်’ ဆိုပြီး စာကပ်သွားလို့ အုပ်ကြီးက စစ်တပ်ကိုလှမ်းတိုင်၊ အကြမ်းဖက်စစ်တပ် စစ်ကြောင်းထိုး ဝင်ရောက်လာလို့ ဒေသခံတွေ ထွက်ပြေးရ

နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ မင်းပြားကျေးရွာစာသင်ကျောင်းမှာ ကျောင်းဆရာဆရာမများ စာသင်ရပ်ရန် ဆိုတဲ့ စာလာကပ်ထားလို့ဆိုပြီး အုပ်ချုပ်ရေးမှူးက ဓာတ်ပုံရိုက်ကာ အကြမ်းဖက်စစ်တပ်ကို အကြောင်းကြားခဲ့လို့ စစ်တပ်က ကား ၂စီးနဲ့ စစ်ကြောင်းထိုးဝင်ရောက်လာပြီး ဒေသခံတွေလည်း ဘေးလွတ်ရာတွေကို ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရပါတယ်။
Read More

ဖာပွန်ခရိုင်မှာ စစ်တပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ ၂ ရက်ဆက် တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ်သား (၅) ယောက်သေပြီး လက်နက်ခဲယမ်းတွေ ရရှိ

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်မှာ ၂ ရက်ဆက် တိုက်ပွဲဖြစ်ပွားရာ အကြမ်းဖက်စစ်ကောင်စီတပ်က ၅ ယောက် သေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး -KNU (ဗဟို) က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

၈ လနီးပါးအကြာမှာ အလုံးစုံသိမ်းပိုက်နိုင်ခဲ့သည့် အင်းတော်မြို့သိမ်းတိုက်ပွဲမှ လက်နက်ကြီး၊ လက်နက်ငယ်များ အများအပြား သိမ်းဆည်းရမိ…

စစ်ကိုင်းတိုင်းအထက်ပိုင်း ကချင်ပြည်နယ်အစပ်က အင်းတော်မြို့သိမ်းတိုက်ပွဲဟာ စစ်ဆင်ရေးစတင်ပြီး ၈ လအကြာမှာတော့ တစ်မြို့လုံးကို တော်လှန်ရေးတပ်တွေ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ကြီး၊ လက်နက်ငယ်အများအပြား သိမ်းဆည်းရမိခဲ့တယ်လို့ ရှေ့တန်းသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

အမျိုးသားလွတ်မြောက်ရေးတပ်တော်ရဲ့ အပတ်စဥ် (၆) အခြေခံ စစ်သင်တန်းကို ဒီနေ့ စတင်

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်အခြေစိုက် အမျိုးသားလွတ်မြောက်ရေးတပ်တော်ရဲ့ အပတ်စဥ် (၆) အခြေခံ စစ်သင်တန်းကို ဒီနေ့မှာ စတင်ခဲ့တယ်လို့ အမျိုးသား လွတ်မြောက်ရေးတပ်တော်က ထုတ်ပြန်ပါတယ်။
Read More

ရေဦးမြို့နယ် အင်ပုထိုးကျေးရွာကို စစ်ကောင်စီတပ် အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်၊ အရပ်သား ၁ ဦး သေပြီး ၂ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ အင်ပုထိုးကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ပွားဘဲ လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ရာ အရပ်သားပြည်သူ ၁ ယောက် သေဆုံးပြီး ၂ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (ရေဦး) - ရေဦး PDF က ဒီနေ့ ထုတ်ပြန်ပါတယ်။