အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ၄ နှစ်အတွင်း နိုင်ငံခြားရေးနည်းလမ်းအရ ကမ္ဘာ့နိုင်ငံကြီး ၁၀ နိုင်ငံမှာ ကိုယ်စားလှယ်တွေ ခန့်အပ်ထားရှိပြီးဖြစ်တယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီနေ့ မနက်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

NUG အစိုးရအနေနဲ့ နိုင်ငံခြားရေးနည်းလမ်းအရ လုပ်ငန်းတာဝန်တွေကို ထိရောက်စွာထမ်းဆောင်နိုင်ရေးအတွက် အာဆီယံ၊ ဩစတြေးလျ၊ ချက်၊ အိန္ဒိယ၊ ဂျပန်၊ (တောင်)ကိုရီးယား၊ နော်ဝေ၊ ပြင်သစ်၊ ဗြိတိန် စတဲ့ နိုင်ငံတွေမှာ NUG အစိုးရရဲ့ ကိုယ်စားလှယ်တွေ ခန့်အပ်ထားရှိပြီးဖြစ်တယ်လို့ ဆိုပါတယ်။

၂၀၂၄ ခုနှစ် ဇွန်လမှာ NUG အစိုးရဟာ တီမောဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ဒီလီမြို့တော်မှာ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် သံတမန်ဆိုင်ရာရုံးကို စတင်ဖွင့်လှစ်ခဲ့ပြီး ဒုတိယအကြီးအကဲတစ်ဦး ခန့်အပ် တာဝန်ပေးခဲ့တယ်လို့ ဆိုပါတယ်။

အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမှာလည်း NUG အစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနရုံးကို ဖွင့်လှစ်နိုင်ခဲ့ပြီး ကုလသမဂ္ဂမျက်နှာစာမှာလည်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ဆက်လက်ကိုယ်စားပြုခွင့်ရရှိခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြန်မာပြည်သူလူထုရဲ့ စစ်မှန်တဲ့အသံကို ကိုယ်စားပြုကာ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ရည်မှန်းချက်တွေ အောင်မြင်ရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်း၊ နိုင်ငံအသီးသီးနဲ့ အမြဲမပြတ် ထိတွေ့ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

(ဓာတ်ပုံ NUG နိုင်ငံခြားရေးဝန်ကြီးဌာန)
0 Shares:
You May Also Like
Read More

ကန်ဒေါင့်ရဲစခန်းသိမ်းတိုက်ပွဲတွင် ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး ပါဝင်တိုက်ခိုက်ခဲ့၊ ရဲဘော် ၂ ဦး ထိခိုက်ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ရှိ ကန့်ဒေါင့်ရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်မှုတွင် ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (𝗕𝗟𝗗𝗙) က မဟာမိတ်တပ်ဖွဲ့အဖြစ် ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့တယ်လို့ ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
Read More

NUG ရဲ့ တောင်ပိုင်းစစ်ဒေသမှာ စက်တင်ဘာလ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်သား (၁၄၇) ယောက်သေ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းစစ်ဒေသနယ်မြေမှာ စက်တင်ဘာလ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်သား  (၁၄၇) ယောက် သေဆုံးပြီး (၉၆) ယောက် ဒဏ်ရာရကာ (၈) ယောက်ကို အရှင်လက်ရဖမ်းဆီးရမိခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဇွဲကပင်တောင် တောမီးလောင်ကျွမ်းမှု ဟိုတယ်ဇုန်နှင့် နီးကပ်လာ 

ကရင်ပြည်နယ်၊ ဘားအံမြို့က ဇွဲကပင်တောင်မှာ တောမီးလောင်ကျွမ်းမှု များပြားနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

မြဝတီ နယ်ခြားစောင့်တပ်မှ ဗိုလ်ကြီး နိုင်သူရ ဖမ်းဆီးခံရ၊ စစ်ဆေးချိန် ခုခံသဖြင့် ပစ်ခတ်ရှင်းလင်းခံရ

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ တောင်တွင်းကြီး-မြို့သစ် လမ်းပိုင်းမှာ မြဝတီနယ်ခြားစောင့်တပ်က ဗိုလ်ကြီး နိုင်သူရ ဆိုသူကို ဖမ်းဆီးရမိပြီး စခန်းခေါ်ယူစစ်ဆေးရာမှာ လက်နက်လု ခုခံတဲ့အတွက် မဖြစ်မနေ ပစ်ခတ်ရှင်းလင်းခဲ့ရတယ်လို့ ဗိဿနိုး ပြည်သူ့ကာကွယ်ရေးတပ်မတော် - တပ်ရင်း ၃ (တောင်တွင်းကြီး) ပြန်ကြားရေးဌာနတာဝန်ခံက မောင်းကို ပြောပါတယ်။
Read More

ကောလင်းမှာ စစ်ကောင်စီက ၃ ရက်ဆက် လေကြောင်းတိုက်ခိုက်လို့ အရပ်သား ၈ ယောက် သေဆုံးပြီး ကလေးငယ်အပါအဝင် အယောက် ၂၀ နီးပါး ထိခိုက်ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ၃ ရက်ဆက် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၈ ယောက် သေဆုံးပြီး ကလေးငယ်အပါအဝင် အယောက် ၂၀ နီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကောလင်းခရိုင် တပ်ရင်း ၂ ထံက သိရပါတယ်။
Read More

အောင်ဇေယျစစ်ကြောင်းက အလင်းဝင်လာသူတွေ အဆိုပါစစ်ကြောင်းကို ချေမှုန်းနေတဲ့ တော်လှန်ရဲဘော်တွေအတွက် နောက်တန်းမှာ ချက်ပြုတ်ပေးနေ (ဓာတ်ပုံသတင်း)

စစ်ကောင်စီက ကရင်ပြည်နယ်ပြန်လည်စိုးမိုးရေးအတွက် နိုင်ငံတော်အဆင့်စစ်ဆင်ရေးအဖြစ် သတ်မှတ်ခဲ့တဲ့ အောင်ဇေယျစစ်ကြောင်းကနေ တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာသူတွေ ရှိခဲ့ပါတယ်။