တရုတ်နိုင်ငံရဲ့ မြန်မာ့အရေး ကြားဝင်ဖျန်ဖြေမှုတွေဟာ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ဖို့ မဖြစ်စေသင့်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၊ ယာယီသမ္မတ ဒူဝါလရှီးလက ဒီနေ့ ပြုလုပ်တဲ့ NUG အစိုးရရဲ့ ၁၃ /၂၀၂၅ အစိုးရအဖွဲ့အစည်းဝေးမှာ ပြောကြားလိုက်ပါတယ်။

“တရုတ်ရဲ့ မြန်မာ့အရေး ကြားဝင်ဖျန်ဖြေမှုတွေဟာ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်အောင် မဖြစ်စေသင့်ဘူးလို့ ထင်ပါတယ်။ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ အပါအဝင် တိုင်းရင်းသားတော်လှန်ရေး အင်အားစုတွေအနေနဲ့လည်း တရုတ်ရဲ့ ကြားဝင်ဖျန်ဖြေမှုတွေနဲ့ ပတ်သက်ပြီး၊ ဖြစ်သင့်ဖြစ်ထိုက်တဲ့ မူတွေအပေါ်မှာ အခြေခံဖို့ ကျွန်တော်တို့အားလုံး တိုက်တွန်းနှိုးဆော် သင့်တယ်လို့ ယူဆပါတယ်။” လို့ ယာယီသမ္မတက ပြောဆိုခဲ့တာပါ။

ဒါ့အပြင် ယာယီသမ္မတက တရုတ်နိုင်ငံဘက်ကနေ NUG အစိုးရအဖွဲ့အပေါ် အမြင်တချို့ကို ပြန်လည်တည့်မတ်ပေးဖို့လိုပြီး တရုတ်အနေနဲ့ NUG အစိုးရအပေါ်မှာ ထင်ကြေးအမျိုးမျိုးနဲ့ ချဥ်းကပ်ထင်မြင်နေတာ ကြာပြီဖြစ်သလို NUG အစိုးရအဖွဲ့အနေနဲ့ ဒီအချက်ကို လေးနက်စွာ ကိုင်တွယ်ဖြေရှင်းဖို့ လိုတယ်လို့ ပြောကြားထားပါတယ်။

NUG အစိုးရအဖွဲ့ဟာ တရုတ်ရဲ့ ရန်သူ မဟုတ်သလို တရုတ်ရဲ့ အကျိုးစီးပွားကို ထိခိုက်စေမယ့်အဖွဲ့မဟုတ်ဘူး ဆိုတာ တိတိကျကျ ထုတ်ဖော်ပြောဆိုနိုင်ဖို့ လိုသလို တရုတ်နဲ့ ပတ်သက်ရင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကို အခြေခံတဲ့ နိုင်ငံခြားရေးသဘောထား ရှိတယ်လို့ NUG ယာယီသမ္မတက ပြောကြားထားပါတယ်။

NUG အစိုးရအဖွဲ့ဟာ တရုတ်ရဲ့ ရန်ဘက်အင်အားစုတစ်ခု မဟုတ်တာကြောင့် မြန်မာနိုင်ငံအတွင်းမှာ ရှိတဲ့ တရုတ်ရဲ့ အကျိုးစီးပွားတွေနဲ့ ပတ်သက်ရင်လည်း NUG အစိုးရဟာ တရုတ်အတွက် ဆူးညှောင့်ခလုတ်အဖြစ် ရှိနေမှာမဟုတ်ဘဲ မိတ်ဖက်အနေနဲ့ ပူးပေါင်း ဆောင်ရွက်သွားမယ်ဆိုတာကို တရုတ်နိုင်ငံကို သတင်းစကားပါးသင့်ကြောင်း ယာယီသမ္မတဒူဝါလရှီးလက ပြောကြားထားပါတယ်။

0 Shares:
You May Also Like
Read More

သံဖြူဇရပ်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ ၁ ယောက် သေပြီး ၂ ယောက် ဒဏ်ရာရ…

မွန်ပြည်နယ် ၊ သံဖြူဇရပ်မြို့နယ်က ကုန်းမြင့်သာယာ ရွာအနီး နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ ၁ ယောက် သေပြီး ၂ ယောက် ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ တောင်ပိုင်းစစ်ဒေသ ၊ တောင်ညိုစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။
Read More

မြိုင်တွင် ပျူရွာ ဘန်ကာအနီးထိ တော်လှန်ရေးတပ်များ ပြောက်ကျားဝင်ပစ်ရင်း တိုက်ပွဲဖြစ်၊ ပျူစောထီး ကင်းမှူး ၁ ဦး သေ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ် တောင်ပိုင်း က သရက်ကန် ပျူစောထီးရွာကို တော်လှန်ရေးတပ်တွေ ပျောက်ကြား သွားရောက်ပစ်ခတ်တိုက်ခိုက်ရာ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက်ပျူစောထီး ၁ယောက် သေဆုံးခဲ့တယ်လို့ အညာမြေတပ်ပေါင်းစု တာဝန်ခံ ကိုဘိုဘိုသန့်ဇင်က မောင်းကို ပြောပါတယ်။
Read More

အကြမ်းဖက်စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲ ဝေဖန်လို့ ဖမ်းဆီးခံရသူများအနက် ရန်ကုန်မြို့က အများဆုံး ပါဝင်

အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲကို ဝေဖန်လို့ အဖမ်းခံရသူတွေထဲမှာ ရန်ကုန်မြို့က အများဆုံး ပါဝင်နေတယ်လို့ ရွေးကောက်ပွဲကာကွယ်ရေးဥပဒေနဲ့ စစ်ကော်မရှင်က တိုက်ရိုက် ခြိမ်းခြောက်နေသော လွတ်လပ်စွာပြောဆိုခွင့် အစီရင်ခံစာနဲ့ စစ်အုပ်စု ထုတ်ပြန်တဲ့ သတင်းအချက်အလက်တွေအရ သိရပါတယ်။
Read More

ကလေးက စစ်တပ်ဂိတ်တွေကို အသေခံဒရုန်းတွေနဲ့တိုက်ခိုက်လို့ စစ်ကောင်စီဘက်က ၆ ဦး ဒဏ်ရာရ

ကလေးမြို့နယ်၊ ဇင်းဂလင်းရွာနဲ့ ထိုမာရွာမှာရှိ တဲ့စစ်တပ်ဂိတ်တွေကို အသေခံ အရုန်း တွေနဲ့ ဗုံးကြဲတိုက်ခိုက်လို့ စစ်တပ်ဘက်မှ ၆ဦး ဒဏ်ရာရရှိခဲ့ကြောင်း  ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ထုတ်ပြန်ပါတယ်။
Read More

တောင်သာမြို့နယ် ထနောင်းကုန်းပျူစခန်းကို PLA နှင့် မဟာမိတ်များ ဝင်ရောက်တိုက်ခိုက်၊ ပျူစခန်းဘန်ကာများကို ဖျက်ဆီးကာ စစ်အုပ်စုအလောင်းများ၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်က ထနောင်းကုန်းပျူစောထီးစခန်းကို ဝင်ရောက်တိုက်ခိုက်မှုမှာ ဘန်ကာတွေကို ဖျက်ဆီးရင်း လက်နက်ခဲယမ်းတွေနဲ့ စစ်အုပ်စုအလောင်းတွေ ရရှိခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA (အနောက်မြောက်စစ်ဒေသ) အမှတ် ၈၁၅ တပ်ဖွဲ့ သတင်းတာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ဖလန်းကျင်းရွာအနီး ခရီးသည်တင်ယာဉ် တိမ်းမှောက်ကာ ကလေးငယ်အပါ ၆ ဦးသေဆုံး၊ ၁၁ ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်၊ ဖလန်းကျင်းရွာအနီးမှာ ခရီးသည်တင်ယာဉ် တိမ်းမှောက်လို့ ၆ ယောက် သေဆုံးပြီး ၁၁ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်သူတွေဆီက သိရပါတယ်။