ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မူးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူလူထုကို ပစ်မှတ်ထားပြီး ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ (၁) ယောက် သေဆုံးကာ (၂) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။

ဧပြီလ (၂၉) ရက် မနက်ပိုင်းမှာ အကြမ်းဖက် စစ်ကောင်စီတပ်က အင်ကုန်းကျေးရွာအတွင်း ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် (၁၄)နှစ်အရွယ် မိန်းကလေး သေဆုံးခဲ့ပြီး အရပ်သား (၂) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဧပြီလ (၃၀) ရက် ညနေပိုင်းမှာလည်း နတ်သံကွင်းကနေ အကြမ်းဖက်စစ်ကောင်စီတပ်က (၁၂၀) မမ (၂၁) လုံး ပစ်ခတ်ခဲ့ရာ စီပေါပေါ်နေရာကို (၆) လုံး၊ တောင်စု အနောက်ကို (၈) လုံး၊ နူကလော်နဲ့ စောဘောကုန်းကြား (၆) လုံး၊ အညာစုကျေးရွာအတွင်း (၁) လုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ KNU က ဆိုပါတယ်။

မေလ (၁) ရက် မနေ့က နေ့လည်ပိုင်းမှာလည်း နတ်သံကွင်းရှိ အကြမ်းဖက် စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးသီး (၃၄) လုံး ကြဲချခဲ့ပါသေးတယ်။ အညာစုကျေးရွာအတွင်း (၈) လုံး၊ စီပေါပေါ်ဘေးမှာ (၆) လုံး၊ ရန်မျိုးအောင်ကျေးရွာဘေးမှာ (၆) လုံး၊ တမာခေါကျေးရွာ အတွင်း (၄)လုံး၊ နောင်ကုန်းကျေးရွာအတွင်း (၈) လုံးနဲ့ ရေလဲကရင်ကျေးရွာအတွင်း (၁) လုံး ကြဲချခဲ့ရာ ရေလဲကရင်ကျေးရွာက နေအိမ် (၁) လုံး ပျက်စီးခဲ့ပြီး နွား (၁) ကောင် ထိခိုက်သေဆုံးတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မင်းရွာက စစ်ကောင်စီတပ်ကို စခန်းသိမ်းဖို့ ကြိုးပမ်းခဲ့ပေမယ့် ကျည်မလုံလောက်လို့ ပြန်လည်ဆုတ်ခွါခဲ့ရ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုတွေရှိနေတဲ့ ရေလယ်ကျွန်းဒေသ၊ မင်းရွာကို တော်လှန်ရေးအဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ကျည်အင်အားနည်းပါးတာကြောင့် စခန်းသိမ်းတိုက်ပွဲတော့ မဆင်နွှဲနိုင်ခဲ့ဘူးလို့ မြင်းမူမြို့ပြတော်လှန်ရေးအဖွဲ့ (M.C.R.F) က ထုတ်ပြန်ပါတယ်။
Read More

စစ်မှုထမ်းရန် ဖမ်းဆီးခံထားရသည့် စိတ်ဝေဒနာရှင်လူငယ် ၁ဦး စစ်ကြောရေးတိုက်ပေါ်မှ ခုန်ချသေဆုံး

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ အုတ်ကျင်း စစ်ကြောရေးအတွင်း ဖမ်းဆီးခေါ်ဆောင်ခံထားရတဲ့ စိတ်ဝေဒနာရှင် လူငယ်၁ယောက် တိုက်ပေါ်က ခုန်ချသတ်သေတဲ့ ဖြစ်စဥ်တစ်ခုဖြစ်ပွားခဲ့ကြောင်း Shwe Pyi Thar Information အဖွဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

အဓမ္မစစ်သားစုဆောင်းခံရသော လူငယ်များ နီးစပ်ရာ တော်လှန်ရေးအဖွဲ့တွေထံ အမြန်ဆုံး ဘက်ပြောင်းခိုလှုံဖို့ NUG ကာကွယ်ရေးဝန်ကြီးဌာန တိုက်တွန်း

အကြမ်းဖက်စစ်ကောင်စီရဲ့ အဓမ္မစစ်သားစုဆောင်းခြင်းခံရသူတွေ အခုရက်ပိုင်းအတွင်း ရှေ့တန်းစစ်မျက်နှာတွေမှာ ထိခိုက်သေဆုံးမှု များပြားလာကြောင့် စစ်မှုထမ်းဆင်း လူငယ်တွေ နီးစပ်ရာ တော်လှန်ရေးအဖွဲ့အစည်းတွေထံ အမြန်ဆုံး ဘက်ပြောင်းခိုလှုံဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ကာကွယ်ရေးဝန်ကြီးဌာနက တိုက်တွန်းနှိုးဆော်ထားပါတယ်။
Read More

ကန်ပိုက်တီမြို့သိမ်းတိုက်ပွဲမှာ တရုတ်ကိုထွက်ပြေးသွားတဲ့ မြန်မာစစ်သားတွေကို တရုတ်ကပြန်လည်လွှဲပြောင်း

KIA ရဲ့ထိုးစစ်ကြောင့် ကန်ပိုက်တီကနေ တရုတ်နိုင်ငံထဲ ထွက်ပြေးဆုတ်ခွါသွားရတဲ့ စစ်ကောင်စီတပ်သား၃၀၀ကျော်ကို တရုတ်နိုင်ငံက မြန်မာနိုင်ငံကို ပြန်လည် လွှဲပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်အုပ်စုထံ ရေဦးပကဖ တပ်ဖွဲ့ဝင် ၆ ဦး ပူးပေါင်းသွားကြောင်း သတင်းထွက်ပေါ် ၊ ရည်ရွယ်ချက်ရှိရှိ ပူးပေါင်းသွားတာမဟုတ်ဘဲ ထွက်ပြေးရာမှ ဖမ်းခံရပြီး ဝါဒဖြန့်တာလို့ ရေဦးပကဖ ပြော 

ကျည်ဆံခိုးရောင်းမှုကြောင့် ပြစ်ဒဏ်ပေးခံထားရသူနဲ့ အကျယ်ချုပ် ထိန်းသိမ်းထားရာကနေ ထွက်ပြေးသွားသူတွေကို အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးပြီး စစ်တပ်ထံ အလင်းဝင်ရောက်လာတဲ့ပုံစံမျိုး ဝါဒဖြန့် ပုံဖျက်တာတွေ လုပ်ဆောင်နေတယ်လို့ ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

မိုးကုတ်မြို့ကို စစ်တပ် ပေါင် ၅၀၀ ဗုံး ကြဲချလို့ ပြည်သူ (၈) ဦး သေဆုံး၊ (၇) ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်းမှာ အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲချတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ (၈) ယောက် သေဆုံးပြီး (၇) ယောက် ဗုံးစထိမှန် ဒဏ်ရာရခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။