အလုပ်သမားတွေရဲ့ အနိမ့်ဆုံး လုပ်ခကို တစ်ရက် အလုပ်ချိန် ၈ နာရီအတွက် ငွေကျပ် ၂၀၀၀၀ အထိ တိုးပေးဖို့ ၁၃၅ ကြိမ်မြောက် ကမ္ဘာ့အလုပ်သမားနေ့မှာ မြန်မာနိုင်ငံအထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (FGWM) အပါအဝင် အလုပ်သမားအဖွဲ့တွေက တောင်းဆိုလိုက်ပါတယ်။

အလုပ်သမားတွေရဲ့ လုပ်အားအပေါ် အမှီပြုပြီး အမြတ်အစွန်းရရှိနေတဲ့ စက်ရုံ၊ အလုပ်ရုံ လုပ်ငန်းရှင်တွေကို အလုပ်သမားနေ့ တောင်းဆိုချက်အနေနဲ့ တစ်ရက် အလုပ်ချိန် ၈ နာရီကို အနိမ့်ဆုံးလုပ်အားခ ကျပ်နှစ်သောင်းပေးဖို့နဲ့ လုပ်ငန်းခွင်အတွင်း လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးဖို့ကို တောင်းဆိုထားပါတယ်။

ဒါ့အပြင် လုပ်ငန်းခွင်မှာ ဘေးကင်းလုံခြုံတဲ့ အစီအမံတွေ လုပ်ဆောင်ပေးဖို့နဲ့ ဆန္ဒမပါဘဲ အတင်းအကြပ် အချိန်ပိုခိုင်းစေမှုအပါအဝင် အတင်းအဓမ္မ အလုပ်ခိုင်းစေမှုကို ချက်ချင်း ရပ်တန့်ဖို့ အလုပ်သမားအဖွဲ့အစည်းတွေက တောင်းဆိုထားပါတယ်။

နိုင်ငံတကာ အလုပ်သမား၊ လူ့အခွင့်အရေးအဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးအင်အားစုတွေအနေနဲ့လည်း စက်မှုဇုန်အလုပ်သမားတွေကို အဓမ္မစစ်မှုထမ်းစာရင်းသွင်း ပေါ်တာဆွဲတာနဲ့ နေရပ်ပြန် ရွှေ့ပြောင်းအလုပ်သမားတွေကို အဓမ္မစစ်မှုထမ်း ခိုင်းစေတာတွေ ရပ်တန့်ရေးအတွက် အကြမ်းဖက် စစ်အာဏာရှင်ကို ဖိအားပေးဖို့လည်း FGWM က တိုက်တွန်းထားပါတယ်။

 

(ဓာတ်ပုံ FGWM)

0 Shares:
You May Also Like
Read More

ရခိုင်တိုက်ပွဲတွေမှာ ဒီဇင်ဘာလအတွင်း စစ်ကောင်စီတပ်က ဗိုလ်မှူးကြီး ၁ ယောက် သေပြီး ဗိုလ်မှူးချုပ် ၃ ယောက်ကို AA အရှင်ဖမ်းမိ

ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့အကြား ဒီဇင်ဘာလအတွင်း တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်က ဗိုလ်မှူးချုပ် ၃ ယောက်ကို AA အရှင်ဖမ်းဆီးရမိပြီး ဗိုလ်မှူးကြီးအဆင့် တပ်မမှူး ၁ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
Read More

ရန်ကုန်မြို့လယ်‌ခေါင်မှာ စစ်အာဏာသိမ်းခြင်း ၄ နှစ်ပြည့်အဖြစ် All Power To The People (အာဏာအားလုံး လူထုဆီသို့) စာသားပါ ဘန်နာ ချိတ်ဆွဲ ဆန္ဒထုတ်ဖော်…

ရန်ကုန်မြို့လယ်‌ခေါင်မှာ အကြမ်းဖက်စစ်တပ်ရဲ့ လုံခြုံရေးတင်းကြပ်မှု အထပ်ထပ်ကြားက စစ်အာဏာသိမ်းခြင်း ၄ နှစ်ပြည့်နေ့အနေနဲ့ ' All Power To The People (အာဏာအားလုံး လူထုဆီသို့) ' ဆိုတဲ့ ဘန်နာကို တော်လှန်လူငယ်တွေ ချိတ်ဆွဲခဲ့တယ်လို့ General Strike Committee - GSC က ထုတ်ပြန်ထားပါတယ်။
Read More

သရက်ချောင်းမြို့နယ် ကျေးရွာ ၂ ရွာရှိ နေအိမ် ၄၀ ဝန်းကျင်ကို စစ်ကော်မရှင်တပ် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်ရှိ ကျေးရွာ ၂ရွာက နေအိမ်တွေကို အကြမ်းဖက် စစ်ကော်မရှင်တပ်က မီးရှို့ဖျက်ဆီးသွားတယ်လို့ Democracy Movement Strike Sommittee – Dawei ထံက သိရပါတယ်။
Read More

ကန့်ဘလူတွင် စစ်ကြောင်းဝင်စစ်အုပ်စုက အရပ်သား ၂ ဦးကို ပစ်သတ်ခဲ့၊ ကလေးငယ်နှင့် အမျိုးသမီးများအပါ အရပ်သား ၁၆ ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွား

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုက အရပ်သား ၂ ယောက်ကို ရွာထဲဝင်ရောက် ပစ်ခတ်သတ်ဖြတ်ရင်း ကလေးငယ်နဲ့အမျိုးသမီးတွေအပါ ၁၆ ယောက်ကို ဖမ်းဆီးခေါ်​ဆောင်သွားတယ်လို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင် တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

အကြမ်းဖက်စစ်တပ်က ပြည်နယ်နှင့် ယူနစ်များကို လေကြောင်းတိုက်ခိုက်လေ့ရှိသည့် လေဆိပ်နှင့် လေယာဉ်အမျိုးအစားများကို EAR နှင့် မိတ်ဖက်များ ထုတ်ပြန်

အကြမ်းဖက်စစ်တပ်က ပြည်နယ် နဲ့ ယူနစ်(တိုင်း)တွေအလိုက် လေကြောင်းတိုက်ခိုက်လေ့ရှိတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ လေဆိပ်နဲ့ လေယာဉ်အမျိုးအစားတွေကို Enemy Air Route (EAR) နဲ့ မြေပြင်ဒေသခံ လေကြောင်းကင်းထောက်အဖွဲ့တွေ ပူးပေါင်းပြီး မနေ့က ထုတ်ပြန်ထားပါတယ်။
Read More

ရှေ့တန်းမှာ စစ်ကောင်စီတပ်ကို တိုက်ခိုက်နေတဲ့ 96 Soldiers PDF (တောင်ပိုင်းတိုင်းစစ်ဒေသ) က တော်လှန်ရဲဘော်များ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ 96 Soldiers PDF (တောင်ပိုင်းတိုင်းစစ်ဒေသ) က တော်လှန်ရဲဘော်တွေရဲ့ ရှေ့တန်းရောက်ပုံရိပ်တွေကို အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ဖော်ပြထားပါတယ်။