မကွေးတိုင်း၊ ပခုက္ကူအခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်မ ( ၁၀၁ )လက်အောက်ခံ ခလရ ၂၅၅ တပ်ရင်းက စစ်ကောင်စီတပ်သား ၁ ယောက် လက်နက်မဲ့ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။

စလင်းမြို့နယ်အခြေစိုက် ခလရ ၂၅၅ တပ်ရင်းက စစ်မှုထမ်း အပတ်စဥ် (၈) သင်တန်းဆင်း စစ်ကောင်စီတပ်သား ကိုစိုင်းစိုင်းဟာ မင်းဘူးခရိုင် တပ်ရင်း ၅ ဆီ လက်နက်မဲ့ အလင်းဝင်လာတယ်လို့ ဆိုပါတယ်။

အလင်းဝင်ရောက်လာတဲ့ စစ်သားဟာ အမရပူရ မြို့နယ်မှာ မတရားသဖြင့် စစ်မှုထမ်း စုဆောင်းခံရပြီး ဟိုပင်မြို့နယ်မှာ စစ်သင်တန်း ၆လ တက်ရောက်ခဲ့ပြီးနောက် စလင်း တပ်ရင်း ခလရ- ၂၅၅ မှာ တာဝန်ထမ်းဆောင်ခဲ့ရတယ်လို့ သိရပါတယ်။

ကိုစိုင်းစိုင်းဟာ စစ်ကောင်စီ တပ်အတွင်း အနိုင်ကျင့်ဗိုလ်ကျမှု၊ မတရားသဖြင့် နှိပ်စက်ညှဥ်းပန်းမှုတွေ၊ မိမိဆန္ဒနဲ့မဟုတ်ဘဲ စစ်မှုထမ်း စုဆောင်းခံရတာတွေကြောင့် လွတ်မြောက်အောင် ထွက်ပြေးလာကာ မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်းဆီ အလင်းဝင်ရောက် ခိုလှုံခဲ့တယ်လို့ ဆိုပါတယ်။

ကျန်ရှိနေတဲ့ စစ်ကောင်စီတပ်သားတွေအနေနဲ့လည်း မိမိဆန္ဒနဲ့ မင်းဘူးခရိုင်အမှတ် ၅ တပ်ရင်းဆီ ဝင်ရောက် ခိုလှုံရင် လက်ခံဆောင်ရွက်ပေးမှာဖြစ်ပြီး လက်နက်ပါ ယူဆောင်ခဲ့ရင် ထိုက်တန်တဲ့ ဆုကြေးငွေ ပေးအပ်ကာ အေးချမ်းစွာ နေထိုင်နိုင်အောင် ဆောင်ရွက်ပေးမယ်လို့ ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

အကြမ်းဖက် တောင်းဆိုတိုင်း တပ်မတော်က လိုက်လျောခဲ့တဲ့ အစဉ်အလာ မရှိ၊ စစ်ပွဲများ ဆက်လက်ဆင်နွှဲသွားမည်ဟု မင်းအောင်လှိုင် ပြော

တိုင်းပြည်အာဏာကို ထိပါးနေတာကြောင့် တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ PDF တွေကို ဆက်လက်တိုက်ခိုက်သွားမယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောပါတယ်။
Read More

အသက် ၂၀ ကစလို့ တော်လှန်ရေးတာဝန်များ ၄ နှစ်ကြာ ထမ်းဆောင်ပြီးနောက် တပ်စိတ်မှူး ရဲဘော် ပေါက်စ ကျဆုံး

ကရင်နီပြည်နယ်၊ မိုးဗြဲမြို့တစ်နေရာမှာ အကြမ်းဖက်စစ်ကောင်စီတပ်ကို ခုခံတော်လှန်တိုက်ခိုက်ရင်း ကျဆုံးခဲ့တဲ့ ရဲဘော်ပေါက်စရဲ့ စျာပနအခမ်းအနားကို ပြုလုပ်ခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး - PLF က ထုတ်ပြန်ထားပါတယ်။
Read More

မော်လမြိုင်မှာ ကရင်ထာဝရ လက်နက်နဲ့ငြိမ်းချမ်းရေး လဲလှယ်ရေး အဖွဲ့ဝင်နဲ့ ရဲဒုတပ်ကြပ် စကားများရာကနေ ပစ်ခတ်မှုဖြစ်ပွါး

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ သီရိမြိုင်ရပ်ကွက်၊ ၁၆လမ်း၊ ပန်းခြံကျောင်းဘုန်းကြီးကျောင်း အရှေ့က နေအိမ်တစ်ခုမှာ ကရင်ထာဝရ လက်နက်နဲ့ငြိမ်းချမ်းရေး လဲလှယ်ရေးအဖွဲ့ဝင် နိုင်မင်းမင်းဇော်နဲ့ စစ်ကောင်စီ လက်အောက်ခံ ရဲဒုတပ်ကြပ် ထက်ဝေအောင်တို့ စကားများရာကနေ ပစ်ခတ်မှုဖြစ်ပွါးပြီး ရဲဒုတပ်ကြပ်ရဲ့ ဘယ်ဘက်ရင်အုံကို ကျည်ဆန်ထိမှန်ခဲ့တယ်လို့ သိရပါတယ်။
Read More

နတ်မောက်မြို့နယ်ထဲ စစ်ကြောင်းထိုးလာသည့် စစ်အုပ်စု တိုက်ခိုက်ခံရပြီး ၁၀ ဦးထက်မနည်း သေ

မကွေးတိုင်း၊ နတ်မောက်မြို့နယ်ထဲကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က အထိနာခဲ့တယ်လို့ နတ်မောက်ဂဠုန် PDF ထံက သိရပါတယ်။
Read More

ရွေးကောက်ပွဲဝင်မည့် ပါတီ ၄ ခုကို သတ်မှတ်ပါတီဝင်အရေအတွက်နှင့် ပါတီရုံးခန်း မရှိဟုဆိုကာ UEC ဖျက်သိမ်း၊ ကိုယ်စားလှယ်လောင်းလျှောက်လွှာတင်သူ များနေသည်ဟု ဆိုခဲ့သည့် ဒေါ်စန္ဒာမင်း၏ NDF ပါတီလည်း ပါဝင်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကနေ ထုတ်ပယ်ခံထားရတဲ့ ဒေါ်စန္ဒာမင်း ဝင်ရောက်ယှဥ်ပြိုင်မယ့် NDF ပါတီအပါအဝင် နိုင်ငံရေးပါတီ ၄ ခုကို သတ်မှတ်ပါတီဝင်ဦးရေ မပြည့်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ အကြမ်းဖက်စစ်တပ်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင် (UEC) က ရွေးကောက်ပွဲဝင်ခွင့် ဖျက်သိမ်းလိုက်ပါတယ်။
Read More

စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲမှာ မပါဝင်ဖို့ ကျေးရွာများကို လှည့်လည်ပြီး မင်းဘူးခရိုင် ပကဖ တာဝန်ခံ ဟောပြောဆွေးနွေး…

မကွေးတိုင်း၊ မင်းဘူးခရိုင်အတွင်းရှိ ကျေးရွာတွေကို မင်းဘူးခရိုင် ပကဖ သတင်းပြန်ကြားရေး တာဝန်ခံ နဲ့ တပ်ဖွဲ့ဝင်တွေ သွားရောက်ပြီး ပြည်သူတွေနဲ့ တွေ့ဆုံကာ အကြမ်းဖက်စစ်တပ် လုပ်ဆောင်မယ့် အတုအယောင် ရွေးကောက်ပွဲမှာ မပါဝင်ဖို့ ဟောပြောဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။