စစ်ကိုင်းငလျင်ကြောင့် ပျက်စီးခဲ့ရတဲ့ အစိုးရရုံးဌာနအဆောက်အဦးတွေကို ပြန်လည်ပြင်ဆင်ဖို့အတွက် မူလဆောက်လုပ်ခဲ့တဲ့ ကုမ္ပဏီတွေက တာဝန်ယူရမယ်လို့ အဆောက်အဦးတွေ ပြန်လည်ပြုပြင်အသုံးပြုရေးနဲ့ အသစ်တည်ဆောက်ရေးကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ စစ်ကောင်စီရဲ့ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးမောင်မောင်အေးက ဧပြီလ ၂၉ ရက်မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

စစ်ကိုင်းငလျင်ကြောင့် နေပြည်တော်၊ စစ်ကိုင်း၊ မန္တလေး၊ ပဲခူး၊ မကွေးနဲ့ ရှမ်းပြည်နယ်စတဲ့ ဒေသတွေမှာ ပျက်စီးခဲ့တဲ့ အစိုးရရုံး ဌာနအဆောက်အဦးတွေပြန်လည် ပြင်ဆင်တည်ဆောက်ရေးအတွက် မူလဆောက်လုပ်ခဲ့တဲ့ ကုမ္ပဏီတွေအပြင် စစ်ကောင်စီဝန်ကြီးဌာနတွေမှာ လက်ရှိတည်ဆောက်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ ကုမ္ပဏီတွေနဲ့ အင်ဂျင်နီယာအသင်း ၃ သင်းက ထောက်ခံပေးထားတဲ့ ကုမ္ပဏီတွေကိုပါ တာဝန်ပေးသွားမယ်လို့ ဆိုပါတယ်။

နေပြည်တော်တည်ဆောက်ရေးမှာ ပါဝင်ခဲ့တဲ့ ကုမ္ပဏီတွေအနေနဲ့ နေပြည်တော်စည်ပင် သာယာရေး ကော်မတီကို ဆက်သွယ်ကြဖို့ စစ်ကောင်စီရဲ့ နိုင်ငံပိုင်သတင်းစာတွေမှာ ကြေညာထားပြီး အချို့တွေက တိမ်းရှောင်သွားကြသလို အချို့ကတော့ စစ်ကောင်စီကို ပြန်လည်ဆက်သွယ်တာတွေ ရှိတယ်လို့ သိရပါတယ်။

အာဏာရှင်ဟောင်းသန်းရွှေလက်ထက် နေပြည်တော်တည်ဆောက်ရေးမှာ လွှတ်တော်နဲ့ အစိုးရရုံးတွေအပါအဝင် အဆောက်အဦးတည်ဆောက်ခွင့်တွေကို နာမည်ကြီးခရိုနီတွေ ပိုင်ဆိုင်တဲ့ ထူး၊ အေဒင်၊ အေးရှားဝေါလ်၊ မက်စ်မြန်မာ၊ IGE ၊ ACE စတဲ့ ကုမ္ပဏီကြီးတွေက ဆောက်လုပ်ခွင့်ရခဲ့တာဖြစ်တယ်။

0 Shares:
You May Also Like
Read More

ညောင်ဦးတွင် စစ်ကော်မရှင် စစ်ကြောင်း၂ ခု မိုင်းဆွဲခံရပြီး ၁၈ ဦးထက်မနည်း သေဆုံး

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ကျောက်ပန်းတောင်း-ညောင်ဦးလမ်းပိုင်းမှာ စစ်ကြောင်းဝင် အကြမ်းဖက်စစ်အုပ်စုကြောင့် ကျေးရွာ ၇ရွာထက်မနည်း စစ်ဘေးတိမ်းရှောင်နေရကြောင်း ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDA) သတင်းတာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

စစ်ကောင်စီတပ်က ဗိုလ်မှူးအဆင့် အရာရှိ ၂ ယောက် ဒေါနစစ်ကြောင်းထံ အလင်းဝင်

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ ဗျူဟာ (၃၃) နယ်မြေအတွင်းက ဒေါနစစ်ကြောင်း စစ်ရေးလှုပ်ရှားနယ်မြေအတွင်း စစ်ကောင်စီတပ်က ဗိုလ်မှူးအဆင့် အရာရှိ ၂ ယောက် အလင်းဝင်လာတယ်လို့ ဒေါနစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။
Read More

အရက်ထွက်ဝယ်သည့် စစ်သားများ အနီးကပ်ပစ်ခတ်ခံရပြီး နေရာမှာတင် ၂ ဦး သေ၊ ၁ ဦး ဒဏ်ရာဖြင့် ထွက်ပြေး

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်မှာ အရက်ထွက်ဝယ်တဲ့ အကြမ်းဖက်စစ်သားတွေကို အနီးကပ် ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၂ယောက် သေဆုံးပြီး ၁ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ Special_Task_Force (NGAZUN) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

စစ်ကောင်စီကြောင့် ချင်းမှာ ၄ နှစ်အတွင်း အရပ်သားနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ထောင်နီးပါး သေဆုံးခဲ့ရ

ချင်းပြည်နယ်မှာ စစ်ကောင်စီနဲ့ ချင်းလက်နက်ကိုင်တပ်ဖွဲ့တွေကြား တိုက်ပွဲတွေကြောင့် အရပ်သားနဲ့ ချင်းတော်လှန်ရေးတပ်ဖွဲ့ဝင် စုစုပေါင်း တစ်ထောင်နီးပါး သေဆုံးခဲ့ရတယ်လို့ ချင်းရေးရာအဖွဲ့ချုပ် (ICA) က ထုတ်ပြန်ပါတယ်။
Read More

နိုင်ငံတကာပါလီမန်များ ညီလာခံမှာ မြန်မာ့အရေးကို ထည့်သွင်းတင်ပြနိုင်ခဲ့

ဆွစ်ဇာလန်နိုင်ငံမှာ ကျင်းပနေတဲ့ နိုင်ငံတကာ ပါလီမန်များညီလာခံမှာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး အရေးကြီးတဲ့ အဆိုကို တင်သွင်းနိုင်ခဲ့ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က အသိပေးထုတ်ပြန်လိုက်ပါတယ်။
Read More

ထီးလင်းမှာ စစ်ကောင်စီက ကျားခဲရွာသား ၄ ယောက်ကို ရက်ရက်စက်စက်မီးရှို့သတ်ဖြတ်ပြီး ၁ ယောက်ကို ပစ်ခတ်သတ်ဖြတ်…

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီ​က ကျားခဲရွာကို ဝင်ရောက်စီးနင်းပြီး ရွာသား ၄ ယောက်ကို ရက်ရက်စက်စက် မီးရှို့သတ်ဖြတ်ကာ ဓားစာခံ ၃ ယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ယောအလင်းတန်းအဖွဲ့ဆီက သိရပါတယ်။