မကွေးတိုင်း၊ ညောင်ဦးမြို့နယ်၊ စဉ့်ကူနယ်မြေရဲစခန်းကနေ စစ်ကြောင်းထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ရာ စစ်တပ်က ၄ ယောက် သေဆုံးခဲ့တယ်လို့ Bagan Bo Cho PDF က ဒီနေ့ ထုတ်ပြန်ပါတယ်။

ဧပြီလ ၂၈ ရက် မနေ့က မနက်ပိုင်းမှာ ချောက်မြို့ကနေ စဉ့်ကူရဲစခန်းကို အင်အား ၆၀ ခန့်ပါ စစ်ကား ၂ စီးနဲ့ ရောက်ရှိလာပြီး ညနေပိုင်းမှာ တပ်မရေနံမှော်ဘက် စစ်ကြောင်းထိုးလာချိန် Bagan Bo Cho PDF နဲ့ မဟာမိတ် တပ်ဖွဲ့တွေက မိုင်းဆွဲပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်က ၄ ယောက် ပွဲချင်းပြီး သေဆုံးခဲ့သလို တိုက်ပွဲပြီးချိန် စစ်ကောင်စီတပ်က သေဆုံးသွားတဲ့ စစ်သားအလောင်းတွေကို မီးရှို့သွားတယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို Bagan Bo Cho PDF နဲ့ မဟာမိတ် တပ်ဖွဲ့တွေ ပြုလုပ်ခဲ့တာဖြစ်ပြီး အထိခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သလို Bagan Bo Cho PDF တပ်ဖွဲ့အနေနဲ့လည်း စစ်အာဏာရှင် တော်လှန်ရေးကို ဆက်လက်အရှိန်မြှင့် လုပ်ဆောင်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

 

0 Shares:
You May Also Like
Read More

တော်လှန်ရေး အဖွဲ့ဝင်တွေ ဝင်ထောင်ထားတဲ့ မိုင်းနင်းမိလို့ ကပစ ၂၂ က စစ်သား ၃ ယောက်သေ၊ ၂ ယောက် ပြင်းထန်ဒဏ်ရာရ..

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်မှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေထောင်ထားတဲ့ မိုင်းနင်းမိပြီး ကပစ ၂၂ က အကြမ်းဖက်စစ်သား ၃ယောက်သေကာ ၂ ယောက်စိုးရိမ်ရကြောင်း တကိုယ်တော် ကိုကျားဇိုး က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်းဝင် မြောက်ဦးမြို့ကို စစ်ကောင်စီ ဗုံးသီး ၂၁ လုံးခန့် ကြဲချတိုက်ခိုက်၊ အရပ်သား ၂ ဦး ဒဏ်ရာရ

ရခိုင်ပြည်နယ်ရှိ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်းဝင် မြောက်ဦးမြို့ကို အကြမ်းဖက်စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၂ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ရခိုင်ဒေသတွင်း သတင်းဌာနတွေ ဖော်ပြမှုနဲ့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ရွှေဘိုခရိုင် PDF တပ်ရင်း ၄ မှ စိုးမိုးနယ်မြေရှိ ဒေသခံများကို လေကြောင်းအန္တရာယ် အသိပညာပေးပွဲ ပြုလုပ် (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသလက်အောက်ရှိ စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင် တပ်ရင်း (၄)က အကြမ်း ဖက်စစ်ကောင်စီရဲ့ လေကြောင်းအန္တရာယ် နဲ့ ပတ်သက်ပြီး ဆောင်ရန် ၊ ရှောင်ရန်တွေ အသိပညာပေးဟောပြောခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ပါတယ်။
Read More

ခင်ဦးမြို့နယ်တွင် တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်တပ်စစ်ကြောင်း တပ်ပျက်ကာ နောက်ကြောင်းပြန်ဆုတ်

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ အကြမ်းဖက်စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ အပြင်းအထန် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်တပ်စစ်ကြောင်း တပ်ပျက်ကာ နောက်ကြောင်းပြန်ဆုတ်သွားတယ်လို့ ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မင်းတုန်းတွင် အကြမ်းဖက်စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီးနောက် အရပ်သားလူငယ်တချို့ ဖမ်းဆီးခံရ

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ ရဲစခန်းကို လူချိန်းဖို့လာတဲ့ အကြမ်းဖက်စစ်ကြောင်း ခြုံခိုတိုက်ခိုက်ခံရပြီးနောက် အရပ်သားတချို့ဖမ်းဆီးခံရကြောင်း ဗမာပြည်ကာကွယ်ရေးတပ်-USBA သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ကိုသာချိုက မောင်းကို ပြောပါတယ်။
Read More

မှော်ဘီလေတပ်က စစ်လေယာဥ်အချို့ကို ဧရာဝတီတိုင်းကို ပြောင်းရွှေ့ထားရှိ…

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်မှာရှိတဲ့ စစ်ကောင်စီ လေတပ်စခန်းက အကြမ်းဖက်စစ်တပ်ရဲ့ တိုက်လေယာဥ်နဲ့ ဗုံးကြဲလေယာဥ်အချို့ကို ဧရာဝတီတိုင်း၊ ပုသိမ်မြို့ကို လုံခြုံရေးအရ ပြောင်းရွှေ့ထားတယ်လို့ တပ်တွင်းသတင်းရင်းမြစ်ဆီက သိရပါတယ်။