ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အတွင်း အင်အား ၇၀ ခန့်ရှိ အကြမ်းဖက်စစ်ကြောင်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်ရာ အကြမ်းဖက် စစ်သား ၁၀ ယောက် သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ၊ ပဲခူးတိုင်းစစ်ဌာန ၊ ဗျူဟာ ၂၂ ဆီက သိရပါတယ်။

မင်းလှမြို့နယ်၊ ဆားချောင်းကျေးရွာကို ရောက်ရှိနေတဲ့ အင်အား ၇၀ ခန့်ပါ အကြမ်းဖက်စစ်ကြောင်းဟာ ဧပြီလ ၂၇ ရက် မနေ့က မနက်အစောပိုင်းမှာ လက်နက်ကြီး၊ လက်နက်ငယ်တွေ ပစ်ခတ်ပြီး ငမိုးရိပ်ကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့ရာ ငမိုးရိပ်ကျေးရွာကနေ ဇရစ်မြောင်ကျေးရွာဘက်ကို စစ်ကြောင်းထိုးလာချိန် ဗျူဟာ ၂၂ နဲ့ ပူးပေါင်းမဟာမိတ်စစ်ကြောင်းက တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

၂ နာရီကျော် ကြာမြင့်ခဲ့တဲ့ အဆိုပါတိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်က Mi35 တစ်စီး၊ ဂျက်ဖိုက်တာ ၂စီးနဲ့ လေကြောင်းပစ်ကူပေးခဲ့ပြီး နေ့လယ်ပိုင်းမှာတော့ အကြမ်းဖက်စစ်ကြောင်းဟာ ထောက်ကြန့်ကျေးရွာဘက် ပြန်လည်ဆုတ်ခွာပြီး ဘုန်ကြီးကျောင်းမှာ တပ်စွဲထားတယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ၁၀ ယောက် သေဆုံးပြီး လက်နက်ခဲယမ်းတွေနဲ့ စစ်သုံး ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ တိုက်ပွဲကို ဗျုဟာ ၂၂ က PDF တပ်ရင်းတွေဖြစ်တဲ့ တပ်ရင်း ၃၇၀၁ ၊ ၃၈၀၁ ၊ ၃၈၀၂ ၊ ၃၈၀၃ နဲ့ ACDF (Asho Chin Defense Force) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

x ဘားအံထောင်တွင် တိုက်ပိတ်ခံရရင်း ညှင်းပန်းရိုက်နှက်မှုကြောင့် နိုင်ကျဥ်း ၁ ဦး သေဆုံးခဲ့

ကရင်ပြည်နယ်၊ ဘားအံအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသား ၁၂ယောက်ကို ၃လတာ တိုင်ပိတ်ထားပြီးနောက် သူတို့ထဲ နိုင်ငံရေးအကျဉ်းသား ၁ယောက်ဟာ ထောင်ပိုင်တွေရဲ့ ညှင်းပန်းနှိပ်စက်မှုကြောင့် အသက်သေဆုံးခဲ့ရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က သတင်းထုတ်ပြန်ထားပါတယ်။ 
Read More

လေကြောင်းတိုက်ခိုက်မှုအန္တရာယ်ကြားက ကော့ကရိတ်မြို့နယ် ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာန၏ ကော်သူးလေ အစိုးရစစ် စာမေးပွဲ ဖြေဆိုပြီးစီး

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု အန္တရာယ်ကြားက ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ကရင်ပညာရေးနဲ့ ယဉ်ကျေးမှုဌာနရဲ့ ကော်သူးလေ အစိုးရ ပညာသင်ကျောင်းမှာ ကော်သူးလေ အစိုးရစစ် စာမေးပွဲ ဖြေဆိုပြီးစီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး - KNU (ဗဟို) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကျနော်က ငြိမ်းချမ်းရေးပဲ လုပ်တာပါ ဆိုတဲ့ ငါးမင်းဆွေကို သူထောက်ခံတဲ့ စစ်တပ်က ဖမ်းဆီးပြီး ရန်ကုန်ပို့

စစ်တပ်ထောက်ခံသူ ငါးမင်းဆွေကို နိုင်ငံတော် အကြည်ညို ပျက်စေမှုနဲ့ စစ်ကောင်စီက ကျိုက်ထိုမြို့မှာ လာရောက်ဖမ်းဆီးသွားပြီး ရန်ကုန်မြို့ကို ပို့ဆောင်မှာ ဖြစ်ကြောင်း စစ်ကောင်စီရဲ့ ဝါဒဖြန့် တယ်လီဂရန် ချန်နယ်တွေမှာ ဖော်ပြလာပါတယ်။
Read More

ဖားကန့်တွင် စစ်တပ်ပစ်ခတ်သည့် လက်နက်ကြီးကြောင့် ၂ နှစ်အရွယ် ကလေးငယ် သေဆုံး၊ ၅ ဦး ဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာမှာ အကြမ်းဖက်စစ်တပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ၂ နှစ်အရွယ် ကလေးငယ် တစ်ယောက် သေဆံဒးခဲ့ပြီး ပြည်သူ ၅ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ရေစကြိုမှာ အရပ်သားလူငယ်တစ်ယောက် PDF ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီး အသတ်ခံရ၊ မြို့ပေါ်မှာ လူသတ်၊ ဓားပြတိုက်၊ အနုကြမ်းစီးတာတွေ ပိုပိုများလာလို့ မြို့ခံတွေထိတ်လန့်နေ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့ပေါ်ရပ်ကွက်တွေမှာ လူသတ်၊ ဓားပြတိုက်၊ အနုကြမ်းစီးမှုတွေ ပိုမိိုဆိုးရွားလာပြီး အရပ်သားလူငယ်တစ်ယောက်ကိုလည်း အကြမ်းဖက်စစ်အုပ်စုက PDF အဖြစ် စွပ်စွဲသတ်ဖြတ်ခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Read More

ရေဖြူအခြေစိုက် ခလရ ၂၇၃ တပ်ရင်းက စစ်မှုထမ်း တပ်သားသစ် ၃ ဦး လက်နက်မဲ့ အလင်းဝင်လာ

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်အခြေစိုက် ခလရ ၂၇၃ တပ်ရင်းက စစ်မှုထမ်း တပ်သားသစ် ၃ ယောက် လက်နက်မဲ့ အလင်းဝင်ရောက်လာတယ်လို့ ဒေါနတပ်ရင်း၊ တပ်ခွဲ ၆ - ဝေဟင်တပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။