မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်က စစ်ကောင်စီလက်အောက်ခံ ရဲတပ်သား ၁ယောက်ဟာ လက်နက်နှင့်တကွ Myingyan Black Tiger (MBT) တပ်ဖွဲ့ထံ အလင်းဝင်ရောက်လာတယ်လို့ MBT တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ 

အဆိုပါ ရဲတပ်သားဟာ ဧပြီလ ၂၂ ရက်နေ့မှာ ကြိုတင် ဆက်သွယ်ခဲ့ပြီးနောက် ဧပြီလ ၂၆ ရက်နေ့မှာတော့ MBT တပ်ဖွဲ့ထံကို အလင်းဝင်ရောက်လာခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ 

“သူက ကြိုတင် ဆက်သွယ်ထားတာပါ ဧပြီလ ၂၂ ရက်နေ့မှာပါ။ သူယူလာတဲ့ လက်နက်တွေကတော့ အူဇီ က ၁ လတ်၊ G3G ကတော့ ၂တောင့်၊ အူဇီ ထဲ ထည့်ပစ်တဲ့ 9 မမ ကျည်ကတော့ အတောင့် ၂၀၀ ပါ ” လို့ MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက မောင်းကို ပြောပါတယ်။ 

MBT တပ်ဖွဲ့က လက်နက်နဲ့တကွ ပူးပေါင်းလာတဲ့ ရဲတပ်သားကို ဂုဏ်ပြုဆုငွေတွေ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။ 

စစ်ကောင်စီ လက်အောက်မှာ အကြမ်းဖက်မှုတွေ လုပ်ဆောင်နေတဲ့ ရဲတပ်သားတွေအနေနဲ့ ပြည်သူတွေအပေါ် အကြမ်းဖက်တာတွေကို ရပ်တန့်ပြီး အဆိုပါ ရဲတပ်သား ကဲ့သို့ Myingyan Black Tiger (MBT) တပ်ဖွဲထံ လာရောက်ပူးပေါင်းကြဖို့လည်း MBT တပ်ဖွဲ့က တိုက်တွန်းထားပါတယ်။

0 Shares:
You May Also Like
Read More

ပဲခူးရိုးမတိုက်ပွဲအတွင်း အထိနာသွားတဲ့ စစ်ကောင်စီစစ်ကြောင်းက ကျေးရွာတွေကို မီးတင်ရှို့နေ

ပဲခူးတိုင်း၊ တောင်ငူမြို့အနောက်ဘက်က ပဲခူးရိုးမတိုက်ပွဲအတွင်း အထိနာသွားတဲ့ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းက ကျေးရွာတွေကို မီးတင်ရှို့နေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ထားပါတယ်။
Read More

“ဖိရင်ကြွမယ် ထိရင်ချမယ်” ဆိုတဲ့ ရန်ကုန်မြို့က စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှု (ဓာတ်ပုံသတင်း)

စစ်ကောင်စီကို နည်းမျိုးစုံနဲ့တွန်းလှန်နေမှာဖြစ်ကြောင်း တော်လှန်လူငယ်တွေက ရန်ကုန်မြို့တစ်နေရာမှာ အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုကို မနေ့က အောက်တိုဘာလ ၅ ရက်နေ့မှာ  ကျင်းပပြုလုပ်ခဲ့ကြပါတယ်။
Read More

နောင်ချိုကို စစ်ကောင်စီ ထပ်မံဗုံးကြဲတိုက်ခိုက်လို့ အရပ်သားပြည်သူနှစ်ယောက် သေဆုံးခဲ့ရ

TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားပြည်သူ ၂ ယောက်သေဆုံးခဲ့ရကြောင်း တအာင်းတပ်မတော် TNLA က ထုတ်ပြန်ပါတယ်။
Read More

သပိတ်ကျင်းမြို့နယ်အတွင်း တိုက်ပွဲ​များ ဆက်လက်ပြင်းထန်​နေပြီး မြို့ပေါ်နေရာအများစုကို စစ်တပ် ပြန်လည်ထိန်းချုပ်​ထားဟု ဆို

မန္တလေးတိုင်းအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် - မန္တလေး(MDY PDF) ထိန်းချုပ်ထားတဲ့ သပိတ်ကျင်းမြို့နယ်ထဲက နေရာအများစုကို စစ်တပ်က ထိန်းချုပ်လိုက်ပြီလို့ ရှေ့တန်းသတင်းရင်းမြစ်နဲ့ စစ်ကောင်စီ လော်ဘီမီဒီယာတွေရဲ့ သတင်းဖော်ပြမှုအရ သိရပါတယ်။
Read More

အောက်တိုဘာလအတွင်း လူသားချင်းစာနာမှုနှင့် သဘာဝဘေး ခံစားရသူများအတွက် ငွေကျပ် (၂၁၃.၁၂) သန်း ပံ့ပိုးနိုင်ခဲ့ကြောင်း NUG ထုတ်ပြန်

အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း အမှန်တကယ် လိုအပ်နေသူတွေအတွက် ငွေကျပ် (၂၁၃.၁၂) သန်းကို ပံ့ပိုးပေးနိုင်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။
Read More

ထိုင်ဝမ်ကယ်ဆယ်ရေးအဖွဲ့တွေကို ပြည်ဝင်ခွင့်မပေးခဲ့သည့် စစ်ကောင်စီက မည်သည့်နိုင်ငံတကာအဖွဲ့အစည်းကိုမဆို ကြိုဆိုတယ်ဟု ဝါဒဖြန့်

ထိုင်ဝမ်ကယ်ဆယ်ရေးအဖွဲ့တွေကို ငြင်းပယ်ခဲ့တဲ့ အာဏာသိမ်းစစ်တပ်က ကယ်ဆယ်ရေး လာရောက်လုပ်ဆောင်လိုတဲ့ ဘယ်အဖွဲ့အစည်းကိုမဆို ကြိုဆိုလက်ခံသွားမယ်လို့ ဝါဒဖြန့် ထုတ်ပြန်ပါတယ်။