မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း စစ်ကိုင်းငလျင်ဒဏ်ကြောင့် အကူအညီ လိုအပ်သူ ၁ သိန်းကျော်အတွက် စတာလင်ပေါင် ၂၅ သန်း ကူညီထောက်ပံ့ခဲ့တယ်လို့ UK in Myanmar က ဒီနေ့ ထုတ်ပြန်ပါတယ်။

ယူကေအစိုးအနေနဲ့ စစ်ကိုင်းငလျင်အတွက် ဒီနေ့အထိ ရံပုံငွေ စုစုပေါင်း စတာလင်ပေါင် ၂၅ သန်းအထိ ထောက်ပံ့ထားပြီး ဒေသခံမိတ်ဖက်တွေကတစ်ဆင့် အကူအညီလိုအပ်နေသူ ၁၁၆,၀၀၀ ကျော်ဆီ ရောက်ရှိပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

အင်အားပြင်း မြေငလျင်လှုပ်ခတ်ပြီးနောက် အချိန်တစ်လကြာမြင့်ခဲ့ချိန်မှာ ယူကေအစိုးရအနေနဲ့ ထိခိုက်ခံစားခဲ့ရသူတွေနဲ့အတူ တစ်သားတည်း ရပ်တည်နေပြီး အသက်ကယ်ဆယ်ရေးနဲ့ အရေးပေါ်လူသားချင်းစာနာမှုအကူအညီတွေ ဆက်လက် ပေးအပ်တုံ့ပြန်ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် စစ်ကိုင်းငလျင် ဖြစ်ရပ်ဆိုးကြောင့် ထိခိုက်ခံစားခဲ့ရသူအားလုံးကို အောက်မေ့သတိရဆုတောင်းပေးနေတယ်လို့ ယူကေက ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်မှာ လှုတ်ခတ်ခဲ့တဲ့ အင်အားပြင်း စစ်ကိုင်းငလျင်ကြီးကြောင့် မန္တလေးမြို့ ၊ စစ်ကိုင်းမြို့၊ ပျဥ်းမနားမြို့နဲ့ နေပြည်တော်အပါအဝင် ဒေသ ၆ ခုမှာ အပြင်းအထန်ခံစားခဲ့ရပြီး လူပေါင်း လေးထောင်ခန့် အသက်ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ပေါင်းတည်မှာ အင်အား ဖြည့်တင်းဖို့ လာတဲ့ စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၁ ယောက် သေဆုံး…

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ သစ်ပုတ်ပင်တာဝါတိုင်စခန်းကို အင်အားဖြည့်တင်းဖို့ လာတဲ့ စစ်ကောင်စီတပ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁ ယောက် သေဆုံးပြီး ၃ ယောက် ဒဏ်ရာရရှိသွားတယ်လို့ ၃၆၀၁ PPDF တပ်ရင်းဆီက သိရပါတယ်။
Read More

ကလေးမြို့နယ်မြောက်ပိုင်းရှိ ပြည်သူ့ ဆေးရုံကို အကြမ်းဖက်စစ်‌တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်…

ဩဂုတ်လ (၁၁)ရက်၊ ည (၈)နာရီ (၂၁)မိနစ်မှာ ကလေးမြို့နယ်မြောက်ပိုင်းရှိ "People's Healthcare Network (Kalay)" ရဲ့ "Station Hospital - Northern Kalaymyo (မြောက်ပိုင်းတိုက်နယ်ဆေးရုံ) - PHN (Kalay)"ကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
Read More

ကမ္ဘာ့အခြေအနေအရပ်ရပ်က နွေဦးတော်လှန်ရေးအပေါ် မျက်နှာသာပေးမှု အများကြီးမရှိတာကို စိတ်ဓာတ်မကျဘဲ မိမိခွန်အားဖြင့် အဆုံးသတ်အောင်ပွဲ ဆင်နွှဲနိုင်ကြောင်း NUG ဝန်ကြီးချုပ် ပြော

ကမ္ဘာ့အခြေအနေအရပ်ရပ်က ပြည်သူ့နွေဦးတော်လှန်ရေးအပေါ် မျက်နှာသာပေးမှု အများကြီး မရှိနေတာကို စိတ်ဓာတ်မကျဘဲ ကိုယ့်ခွန်အားနဲ့ကိုယ် တော်လှန်ရေး အဆုံးသတ်အောင်ပွဲ ဆင်နွှဲနိုင်တယ်လို့ မနေ့က ပြုလုပ်တဲ့ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီအစည်းအဝေး အမှတ်စဉ်၊ (၃၄/၂၀၂၅) မှာ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောဆိုလိုက်ပါတယ်။
Read More

စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ လူ့အခွင့်အရေးကော်မရှင်ကို NUG က အသိအမှတ်မပြုဘဲ ဖျက်သိမ်းကြောင်း ကြေညာ

စစ်ကောင်စီက ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို အသိအမှတ်မပြုဘဲ ဖျက်သိမ်းလိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က မနေ့က ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ ထုတ်ပြန်ကြေညာပါတယ်။
Read More

မင်းကင်းမြို့နယ် ရွှေမျှောလုပ်ငန်းနေရာကို စစ်တပ် လေကြောင်း ဗုံးကြဲမှုကြောင့် ဒေသခံ ၂ ဦး သေဆုံး၊ ၁၀ ဦးကျော် ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ ရွှေမျှောလုပ်ငန်းနေရာကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံတွေ ထိခိုက်သေဆုံးခဲ့တယ်လို့ မင်းကင်း နွေဦးတော်လှန်ရေးအဖွဲ့ထံက သိရပါတယ်။
Read More

သာယာဝတီခရိုင် အမှတ် (၃) တပ်ရင်းရဲ့ ခရစ်စမတ်ပွဲတော် (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သာယာဝတီခရိုင် အမှတ် (၃) တပ်ရင်း (P23803) ရဲ့ ခရစ်ယာန်ဘာသာဝင်တွေဖြစ်တဲ့ တပ်ဖွဲ့ရဲ့ ခေါင်းဆောင် ၂ ယောက် အပါအဝင် ရဲဘော်တွေရဲ့ နေ့ထူးနေ့မြတ်ဖြစ်တဲ့ ခရစ်စမတ်ပွဲတော်ကို သာယာဝတီခရိုင် အမှတ်(၃)တပ်ရင်းရဲ့ တပ်ရင်းဌာနချုပ်မှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။