အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ သန်လျင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးနေလင်းအောင် (ခ) ကိုပေါက်စ ဟာ ဒီနေ့ ဧပြီလ ၂၇ ရက်နေ့မှာ ကွယ်လွန်ခဲ့တယ်လို့ သိရပါတယ်။

တော်လှန်ရေးတာဝန်တွေ ထမ်းဆောင်နေစဉ် အသက် ၄၅ နှစ်အရွယ် လွှတ်တော်ကိုယ်စားလှယ်ဟာ လွတ်မြောက်နယ်မြေတစ်နေရာမှာ ကွယ်လွန်ခဲ့ခြင်းဖြစ်တယ် NLD ပါတီဝင်တွေက ဆိုပါတယ်။

သန်လျင်မြို့နယ် အမှတ်(၁) မဲဆန္ဒနယ်ကနေ ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ်အဖြစ် ၂၀၁၅ ခုနှစ်နဲ့ ၂၀၂၀ ပြည့်နှစ်တို့မှာ ရွေးကောက်ခံခဲ့ရပြီး၂၀၂၁ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း လွတ်မြောက်နယ်မြေကို ရောက်ရှိကာ တော်လှန်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေသူတစ်ယောက်လည်း ဖြစ်ပါတယ်။

တချိန်က ပါတီနဲ သူ့ရဲ့ သန်လျင်မြို့အတွက် အကောင်းဆုံးကြိုးစားဖော်ဆောင်ခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးနေလင်းအောင်ဟာ လက်ရှိ တော်လှန်ရေးလုပ်ငန်းစဉ်တွေမှာလည်း တက်ကြွစွာ လှုပ်ရှားနေသူဖြစ်တယ်လို့ NLD ပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်အချို့က သူတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာ ရေးသားထားပါတယ်။

ဦးနေလင်းအောင် ကွယ်လွန်ခဲ့တဲ့အပေါ် အထူး ဝမ်းနည်းကြေကွဲကြောင်း ရန်ကုန်တိုင်း လွှတ်တော် ကိုယ်စားပြုကော်မတီ (CRYH) ကလည်း ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

CDF – KKG တပ်ရင်း (၄) ၏ အပတ်စဥ် ၅ အခြေခံစစ်သင်တန်းဆင်းပွဲ

Chinland Defense Force, Kalay – Kabaw – Gangaw (CDF – KKG) တပ်ရင်း (၄) ရဲ့ အခြေခံစစ်သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ခဲ့တဲ့ ပုံရိပ်တွေကို အဆိုပါ တပ်ဖွဲ့က ထုတ်ပြန်လာပါတယ်။
Read More

ရန်ကုန်ရှိ စစ်ကောင်စီ၏ ကမာရွတ် ရဲစခန်းကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်…

“နောက်ဆက်တွဲအသေးစိတ်ကတော့ စုံစမ်းဆဲပါ.....ရန်သူ့ဘက်က ထိခိုက်သေဆုံးမူကတော့ ရှိနိုင်ပါတယ်။ လက်ပစ်ဗုံး ၂ လုံးစလုံး ကွဲပါတယ်ဗျ...အသံလည်းအတော်ကျယ်တယ်၊ ပြင်းအားလည်း အတော်ပြင်းတယ်”
Read More

စစ်တပ်၏ အတုအယောင်ရွေးကောက်ပွဲဝင်မည့် ချင်းပြည်နယ်စည်ပင်ဝန်ကြီးဟောင်းတစ်ဖြစ်လည်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုးထက်ကို NLD ပါတီက ထုတ်ပယ်ကြောင်း ကြေညာ

အကြမ်းဖက်စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ ဆိုထားတဲ့ ချင်းပြည်နယ်စည်ပင်ဝန်ကြီးဟောင်းလည်း ဖြစ်သူ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ ပြည်နယ်လွှတ်တော်ကိုယ် စားလှယ် ဦးစိုးထက် (ခ) ဆလိုင်းမဲလုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) က ထုတ်ပယ်လိုက်ကြောင်း ဒီနေ့မှာ ထုတ်ပြန်ကြေညာထားပါတယ်။
Read More

ဂုဏ်သိက္ခာကင်းမဲ့ဆုံး စစ်ရာဇဝတ်မှုအဖြစ် အကြမ်းဖက်စစ်တပ် စဉ့်ကူးဆေးရုံကို ထပ်မံ လေကြောင်းဗုံးကြဲတိုက်ခိုက်

မန္တလေးတိုင်း၊ စဉ့်ကူးမြို့ပေါ်က မြို့နယ်ပြည်သူ့ဆေးရုံကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ စဉ့်ကူးမြို့နယ်ကို ထိန်းချုပ်စိုးမိုးထားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

MNDAA က လားရှိုးမှာ ကုန်စည်ဝယ်ယူရောင်းချမှုတွေ ကုန်ကျစရိတ်သက်သာစေဖို့ ဆောင်ရွက်နေ

MNDAA က လားရှိုးမှာ ကုန်စည်ဝယ်ယူရောင်းချမှုတွေ အဆင်ပြေလွယ်ကူစေဖို့ ရေရှည်အစီအမံတွေ ချမှတ်ဆောင်ရွက်သွားမယ်လို့ နိုဝင်ဘာ ၂၈ ရက် မနေ့က ထုတ်ပြန်ပါတယ်။
Read More

တစ်နိုင်ငံလုံးမှာ စစ်ဘေးရှောင် လူဦးရေ ၄ သန်းကျော်အထိ ရှိလာပြီး အရေအတွက်က နေ့စဉ်မြင့်တက်နေ

စစ်အာဏာသိမ်းထားတဲ့  ၄နှစ်တာ နီးပါးကာလအတွင်း တစ်နိုင်ငံလုံးမှာ စစ်ဘေးရှောင် လူဦးရေက  ၄သန်းကျော်အထိ ရှိလာပြီး စစ်ဘေးရှောင်ပြည်သူ အရေအတွက်က နေ့စဉ်မြင့်တက်လျက်ရှိတယ်လို့ Blood Money က ထုတ်ပြန်ပါတယ်။