မကွေးတိုင်း၊ စလင်းမြို့နယ် ကံပြားကျေးရွာဘက်ကနေ ကန်ဘောင်ကျေးရွာဘက် စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ်တန်းကို ဧပြီ ၂၂ ရက် မနက်ပိုင်းမှာ တော်လှန်ရေးတပ်တွေ တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့-စလင်းထံက သိရပါတယ်။

စစ်ကောင်စီတပ်ဟာ သံချပ်ကာ ၁စီး၊ တင့်ကား ၂စီးအပါအဝင် ကား ၉စီး၊ ခန့်မှန်းအင်အား ၂၀၀ နဲ့ တော်လှန်ရေးတပ်တွေရဲ့ စိုးမိုးနယ်မြေအတွင်း ဝင်ရောက်လာခဲ့တာလို့ ဆိုပါတယ်။

တော်လှန်ရေးပူးပေါင်းတပ်တွေဟာ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ စုပေါင်းပစ်ခတ် တိုက်ခိုက်ခဲ့တာကြောင့် ဧပြီ ၂၅ ရက်မှာ အကြမ်းဖက်စစ်တပ်စစ်ကြောင်း ပြန်လည်ဆုတ်ခွာသွားပြီး စစ်တပ်အရာရှိ ၁ ယောက်အပါအဝင် အများအပြားသေဆုံးခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးအဖွဲ့-စလင်း(ပကဖ-စလင်း) နဲ့အတူ မကွေးတိုင်းပကဖ လက်ရုံးတပ်ဖွဲ့ ၊ မင်းဘူးခရိုင် အမှတ်-၁တပ်ရင်း၊ မင်းဘူးခရိုင် အမှတ်-၅တပ်ရင်း၊ မင်းဘူးခရိုင် လက်ရုံးတပ်၊ ဗမာ့တပ်တော်၊ ဒေါင်းစစ်အောင် LPDFနဲ့ ဒေါင်းညီနောင်မြို့ပြပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းလုပ်‌ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မြင်းခြံမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်နဲ့ မြင်းခြံခရိုင်အမှတ် ၉ တပ်ရင်းတို့ တိုက်ပွဲဖြစ်ပွားပြီး စစ်သားအများအပြားသေကာ ဒရုန်း ၂ စီးကို ပစ်ချနိုင်ခဲ့ (ရုပ်/သံ)

အကြမ်းဖက်စစ်တပ်ဘက်က နိုဝင်ဘာ ၁၁ ရက်က စတင်ကာ လေကြောင်းကနေ ၁၅ ကြိမ်ထက်မနည်း လာရောက်ဗုံးကြဲခဲ့ပြီး မြေပြင်ထိုးစစ်စတင်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Read More

ကျောမြို့နယ် ရွှေပင်ရွာကို အကြမ်းဖက်စစ်တပ် မီးရှို့ဖျက်ဆီး (ရုပ်/သံ)

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ကျောမြို့နယ် ရွှေပင်ရွာကို အကြမ်းဖက်စစ်တပ်က ဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ယောကာကွယ်ရေးတပ် မြေပြင်စစ်ဒေသရုံးရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
Read More

ညောင်ဦးမြို့မှ ထွက်လာသည့် အကြမ်းဖက်စစ်တပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပွား၊ စစ်သား ၈ ဦး သေ (ရုပ်/သံ)

မန္တလေးတိုင်း၊ ညောင်ဦးမြို့က ထွက်လာတဲ့ အင်အား ၉၀ ခန့်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၈ ယောက်သေဆုံးခဲ့တယ်လို့ People's Democratic Army က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကမ္မမြို့ပေါ်ရဲစခန်းကို ဒရုန်းဖြင့် ဗုံးသီးကြဲချ တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့ပေါ်ရှိ ရဲစခန်းကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ RED GIANT တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မံစီမြို့ရှိ စစ်ကောင်စီတပ်ရင်းတွေကို KIA ပူးပေါင်းတပ်တွေ တိုက်ထုတ်ပြီး မြို့ကို ထိန်းချုပ် (ရုပ်/သံ)

ကချင်ပြည်နယ်၊ မံစီမြို့နယ်မှာ နောက်ဆုံးကျန်ရှိတဲ့ စစ်ကောင်စီတပ်ရင်းတွေကို KIA နဲ့ ပူးပေါင်းတပ်တွေက တိုက်ထုတ်ပြီးတဲ့နောက် မြို့ကို ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။
Read More

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီ၏ Jummerကို ကျော်လွှားနိုင်ခဲ့သည့် ဒရုန်းစစ်ဆင်ရေး (ရုပ်/သံ)

KNLA တပ်မဟာ (၃) နယ်မြေအတွင်း အကြမ်းဖက်စစ်ကောင်စီတပ် စခန်းသိမ်းတိုက်ပွဲတစ်ခုမှာ စစ်ဆင်ရေးဆောင်ရွက်ခဲ့တဲ့ ရုပ်သံမှတ်တမ်းဖိုင် ၁ ခုကို  Federal Wings က ထုတ်ပြန်လိုက်ပါတယ်။