မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်က ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) ၁၃ စက်ရုံအတွင်းကို ရှော့တိုက်ဒုံး ၁၀ လုံး အောင်မြင်စွာ ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့လို့၊ စစ်သား ၅ ယောက်သေဆုံးပြီး အရာရှိ ၃ ယောက် အပါအဝင် ၁၀ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ Brave Warriors for Myanmar (BWM) က‌ သတင်းထုတ်ပြန်ထားပါတယ်။

ဧပြီလ ၂၅ ရက် မနေ့ည သန်းခေါင်အချိန်မှာ အဆိုပါ တိုက်ခိုက်မှုကို ဖော်ဆောင်ခဲ့တာဖြစ်ပြီး ကပစ ၁၃ စက်ရုံထဲက Primer Workshop အတွင်းကို ရှော့တိုက်ဒုံး ၃ လုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

Chemical Shop တစ်လုံး မီးလောင်ပျက်စီးခဲ့ပြီး၊ ဂါလံ ၅၀၀၀ ဆန့် FO (File Oil) မီးထိုးဆီ သိုလှောင်ကန်လည်း မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုအတွင်း တာဝန်ကျ အရာရှိ ၃ ယောက်နဲ့ စစ်သား ၁၂ ယောက် ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ပြီး အရာရှိ ၃ ယောက်ထဲက ၁ ယောက်ဟာ ဘယ်ဘက်နားရွက် ပြတ်ထွက်သွားသလို နောက်တစ်ယောက်ကတော့ ဘယ်ခြေသလုံး အစဖောက်ထွက်ပြီး ကျန်တစ်ယောက်က ကျောတစ်ပြင်လုံး မီးလောင်ဒဏ်ရာ အသီးသီး ရရှိခဲ့တယ်လို့ သိရပါတယ်။
ထပ်မံသိရှိရတဲ့သတင်းများအရ ဒဏ်ရာရ စစ်သား ၁၂ ယောက်ထဲက ၅ ယောက် သေဆုံးသွားခဲ့ပြီး ကျန်ရှိတဲ့ ဒဏ်ရာရ အရာရှိနဲ့ စစ်သားတွေကို တဆရ ၁၆/၁၀၀ မကွေးကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို BWM အဖွဲ့ရဲ့ ဦးဆောင်မှုနဲ့အတူ Shadow (အညာ) ၊ No More Dictatorship- NMD အဖွဲ့ ၊ Eagle Brigade အဖွဲ့တို့ ပူးပေါင်း တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး နယ်မြေခံ Upper Minhla P.D.F နဲ့ People independence army (PIO/PIA) အဖွဲ့ တို့ကလည်း အဘက်ဘက်ကနေ အဆင်ပြေအောင် အားဖြည့် ကူညီခဲ့တယ်လို့ သိရပါတယ်။

ကပစ ၁၃ စက်ရုံဟာ စစ်ကောင်စီရဲ့ အသက်သွေးကြောဖြစ်တဲ့ စစ်လက်နက်တွေ တပ်ဆင်ရာမှာ အရေးပါတဲ့ Primer (ဗုံးသီးအခွံ) များ ထုတ်လုပ်တဲ့ စက်ရုံဖြစ်ပါတယ်။
0 Shares:
You May Also Like
Read More

ပခုက္ကူတွင် ပြည်သူများအား လက်နက်ပြ ခြိမ်းခြောက်နေသည့် ပျူစောထီးကို KTV မှာဖမ်းမိ

“သူက တပ်မ ၁၀၁ က ဗိုလ်ရဲ့ အခိုင်းအစေ ပျူစောထီးပါ လက်ကိုင်တုတ်လိုပေါ့။ လက်နက်ပေးထားတယ်။ KTV မှာ ကောင်တာ ထိုင်ရတော့ ရပ်ကွက်ထဲက ပြည်သူတွေကို လက်နက်ပြ ခြိမ်းခြောက်တယ်။ ဖမ်းတာတော့ သူ့တစ်ယောက်တည်းကို ဖမ်းတာပါ။ တခြား အပြစ်မရှိသူတွေကို မဖမ်းပါဘူး” လို့ Badassess Burma Force အဖွဲ့ရဲ့ သတင်းပြန်ကြားရေးက မောင်းကို ပြောပါတယ်။
Read More

မြိုင်မှာ စစ်အုပ်စုကို အနီးကပ် ပစ်ခတ်တိုက်ခိုက်ရာ ၂ဦး သေဆုံးပြီး လက်နက်တချို့ သိမ်းဆည်းရရှိ

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်သားတွေကို ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီဘက်က ၂ ယောက်သေဆုံးပြီး လက်နက်တချို့ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ မြိုင် ပကဖ ထံက သိရပါတယ်။
Read More

မုံရွာတွင် ကျေးရွာ ၂ ရွာ မီးရှို့လာသည့် အကြမ်းဖက်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ စစ်သား ၃ ဦး မျက်မြင်သေ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ ကျေးရွာတွေကို မီးရှို့လာတဲ့ စစ်ကြောင်းနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားရာ စစ်အုပ်စုဘက် ထိခိုက်သေဆုံးမှုတွေရှိခဲ့ကြောင်း မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ဂန့်ဂေါခရိုင် အမှတ် (၁) တပ်ရင်းက တပ်ရင်းရှိ ရဲဘော်ရဲမေတွေရဲ့ မိသားစုတွေကို ဆန် ထောက်ပံ့ပေးခဲ့ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသ၊ ဂန့်ဂေါခရိုင် အမှတ် (၁) တပ်ရင်းက စားဝတ်နေရေး အခက်အခဲရှိတဲ့ ရဲဘော်ရဲမေတွေရဲ့ မိသားစုတွေကို ဆန် ထောက်ပံ့ပေးခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ICC အဖွဲ့ဝင်နိုင်ငံမဟုတ်လို့ ICC ဖမ်းဝရမ်းကို အသိအမှတ်မပြုဘူးလို့ စစ်ကောင်စီ တုံ့ပြန်

နယ်သာလန်နိုင်ငံအခြေစိုက် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) ရဲ့ အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ တောင်းဆိုချက်အပါအဝင် ICC ပြောဆိုချက်တွေကို ICC အဖွဲ့ဝင်မဟုတ်တဲ့ မြန်မာနိုင်ငံက ဘယ်တုန်းကမှ အသိအမှတ်မပြုခဲ့ဘူးလို့ စစ်ကောင်စီက တုံ့ပြန်ပြောဆိုထားပါတယ်။
Read More

လက်နက်ထောက်ပံ့ပြီး စစ်ရေးအတွေ့အကြုံပေးသည့် AA နှင့် ပထမဆုံး စစ်သင်တန်းတွင် ပညာသင်ကြားပေးခဲ့သည့် CDF-Mindat ကို ကျေးဇူးတင်ကြောင်း ချင်းတပ် CDF-Daai ပြော

လက်နက်အထောက်အပံ့နဲ့ စစ်ရေးအတွေ့အကြုံတွေ ပေးတဲ့ အာရက္ခတပ်တော် AA နဲ့ ပထမဆုံး စစ်သင်တန်းမှာ ပညာသင်ကြားပေးခဲ့တဲ့ CDF-Mindat ကို ကျေးဇူးတင်ကြောင်း ချင်းတော်လှန်ရေးတပ်တစ်ဖွဲ့ဖြစ်တဲ့ CDF-Daai က တပ်တည်ထောင်ခြင်း ၄ နှစ်ပြည့်နေ့ စက်တင်ဘာလ ၂၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။