အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့ (People’s Police)ရဲ့ လက်အောက်ခံတပ်ဖွဲ့တစ်ခုဖြစ်တဲ့ လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအထူးတပ်ဖွဲ့(SSTF) ရဲ့ သင်တန်းအပတ်စဉ်(၃) သင်တန်းဆင်းပွဲကို ပြီးခဲ့တဲ့ မတ်လ ၃၁ ရက်က လွတ်မြောက်နယ်မြေတစ်ခုမှာ ပြုလုပ်ခဲ့တယ်လို့ SSTF က ဒီနေ့ ထုတ်ပြန်ပါတယ်။

သင်တန်းဆင်းပွဲ အခမ်းအနားကိုတော့ NUG အစိုးရရဲ့ ပြည်သူ့ရဲတပ်ဖွဲ့ ဒုတိယရဲချုပ်ထွန်းထွန်းဝင်း နဲ့အတူ နွားထိုးကြီး အမှတ်(၁၀) တပ်ရင်းမှူး ကိုစိုးအောင်၊ နွားထိုးကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ ကိုသူရ၊ မိုးကုတ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ တာဝန်ခံကိုတွတ်ပီ၊ အမရပူရ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ တာဝန်ခံ ကိုမိုးလွင်တို့ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ သင်တန်းကို မိုးကုတ်၊ နောင်ချို၊ ပြင်ဦးလွင်၊ အမရပူရ၊ မတ္တရာ၊ နွားထိုးကြီး စတဲ့ ဒေသတွေက PDF ရဲဘော်တွေနဲ့ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေ တက်ရောက်ခဲ့ပြီး သင်တန်းကာလ ၄ လ ခန့် အတွင်း SSTF အထူးတပ်ဖွဲ့ဝင်တွေကို မြို့ပြစစ်ဆင်ရေးနှင့် အထူးတိုက်ခိုက်ရေးစစ်ပညာရပ်တွေ လေ့ကျင့်သင်ကြားပေးခဲ့တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

နတ်တလင်း ဒမငယ်ရဲကင်းစခန်းကို လက်ပစ်ဗုံးနဲ့ တိုက်ခိုက်၊ ရဲ ၂ ယောက် ဒဏ်ရာရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၊ ဒမငယ်ရဲကင်းစခန်းကို လက်ပစ်ဗုံးနဲ့ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲ ၂ ယောက် ခြေပြတ်၊ လက်ပြတ်ဒဏ်ရာ ရရှိခဲ့တယ်လို့ နတ်တလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - Phoenix D F တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ဝင်းဝတပ်စခန်းကနေ ထွက်ပြေးသွားပြီး KNLA ဆီ အလင်းဝင်သွားတဲ့ စစ်သား ၂ ဦးကို ပြန်ရှာရန် လာသည့် အကြမ်းဖက်စစ်တပ် ရွာသားတစ်ဦးကို ပစ်ခတ်သတ်ဖြတ်

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်အခြေစိုက် အကြမ်းဖက်စစ်တပ်ရဲ့ ခမရ တပ်ရင်း (၄၀၃) ဝင်းဝတပ်စခန်းကနေ ထွက်ပြေးသွားတဲ့ စစ်သား ၂ ယောက်ကို ပြန်ရှာဖို့ လာတဲ့ အကြမ်းဖက်စစ်တပ်က ဝင်းဝ ကျေးရွာနေ ဒေသခံ အမျိုးသားကို ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပေါက်မှာ စစ်ရှောင်သံဃာတစ်ပါးနဲ့ အရပ်သား၂ယောက်ကို စစ်အုပ်စုက ရက်ရက်စက်စက် ဖမ်းဆီးသတ်ဖြတ်

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးထားတဲ့ သံဃာတော်တစ်ပါးနဲ့ အရပ်သား၂ ယောက်ကို ရက်ရက်စက်စက် သတ်ဖြတ်ပြီး ကျန်တဲ့သူတွေကိုပါ ညှင်းပန်းနှိပ်စက်နေကြောင်း ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။
Read More

အင်အား ၁၂၀ ခန့်ရှိ အကြမ်းဖက်စစ်ကြောင်းကို ဒရုန်းနဲ့ ဗုံး အလုံး ၂၀ ကြဲတိုက်ခိုက်ရာ ၈ ယောက်ထက်မနည်း ထိခိုက်မှု ရှိ

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ တပိုဆယ်အိမ်စုကျေးရွာထဲ ဝင်ရောက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ စစ်သား (၈) ယောက်ထက်မနည်း ထိခိုက်မှုရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

စလင်းမှာ ရွာထဲ ရိက္ခာလာလုတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး ၃ယောက်သေကာ ၂ယောက်ထက်မနည်းဒဏ်ရာရ

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်မှာ ​ရွာထဲစစ်ကြောင်းဝင်ရင်း အရပ်သားတွေရဲ့ စားနပ်ရိက္ခာတွေလုယူဖို့လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ရာ ၃ယောက်သေပြီး ၂ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရသွားတယ်လို့ မင်းဘူးခရိုင်၊ အမှတ် (၁) တပ်ရင်း တာဝန်ရှိသူက မောင်းကိုပြောပါတယ်။ စက်တင်ဘာ…
Read More

Airbus to Airstrike လှုပ်ရှားမှုကိုစတင်၊ မြေပြင်ရော အွန်လိုင်းကနေပါ လုပ်ဆောင်မှာဖြစ်လို့ ပြည်သူတစ်ရပ်လုံးပါ၀င်ပေးဖို့ တောင်းဆို

စစ်ကောင်စီကို ထောက်ပံ့ကူညီနေတဲ့ AVIC ကနေ Airbus ရဲ့ရင်းနှီးမြှုပ်နှံမှုတွေ ဖယ်ရှားဖို့ တော်လှန်ပြည်သူတွေပါ၀င်တဲ့ ဖိအားပေးတောင်းဆိုမယ့် လှုပ်ရှားမှု တစ်ရပ်ကို အောက်တိုဘာလ ၂၅ ရက်နေ့ကစတင်လိုက် ပြီဖြစ်ပါတယ်။