မကွေးတိုင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေး၊ 8+ အညာမြေစစ်ဆင်ရေးအဖွဲ့ ရဲဘော်တွေရဲ့ မွမ်းမံသင်တန်းဆင်းပွဲကို ဧပြီ ၂၃ ရက်က ကျင်းပပြီးစီးခဲ့တယ်လို့ သိရပါတယ်။

မြိုင်မြို့နယ် ပြည်သူကာကွယ်ရေးအဖွဲ့လက်အောက်ခံ 8+ အညာမြေစစ်ဆင်ရေးအဖွဲ့ဟာ ၄င်းတို့ရဲ့ ရဲဘော်တွေကို စစ်ဆင်ရေး၊ ကာကွယ်ရေး၊ တရားဥပဒေစိုးမိုးရေး ကိစ္စများ၊ ပြည်သူများနဲ့ ဆက်ဆံရေး ဆိုင်ရာများအပါအဝင် စစ်ပွဲများဆင်နွဲတဲ့အခါမှာ လက်နက်ကိုင်စည်းကမ်းနဲ့ စစ်ရာဇဝတ်မှုများ မချိုးဖောက် မကျူးလွန်မိစေဖို့ ရည်ရွယ်ပြီး ဒီသင်တန်းကို ပြုလုပ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

TNLA ထိန်းချုပ်ရာ သီပေါမြို့ကို စစ်ကော်မရှင် လေကြောင်းဗုံးကြဲ၊ နေအိမ်အများအပြားပျက်စီး (ရုပ်/သံ)

ရှမ်းပြည်နယ်အတွင်း TNLA ထိန်းချုပ်ထားတဲ့ သီပေါမြို့ကို စစ်ကော်မရှင်က အောက်တိုဘာ ၄ ရက် မနေ့ညပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ဇေယျဝတီမြို့ဘူတာရုံရှိ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးတပ်တွေ စီးနင်းတိုက်ခိုက်၊ စစ်သား ၃ ယောက် ဒဏ်ရာရပြီး သေနတ် ၁ လက်သိမ်းဆည်းရရှိ (ရုပ်/သံ)

ပဲခူးတိုင်း ‌‌တောင်ငူခရိုင် ဖြူးမြို့နယ် ဇေယျဝတီမြို့ဘူတာရုံရှိ စစ်ကောင်စီတပ်သားတွေကို ဝင် ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ယောက် ဒဏ်ရာရရှိပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ တယ်လို့ ဖြူးမြို့နယ်ပကဖမှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

မုံရွာမြို့နယ်အတွင်း သံချပ်ကာယာဉ်များ အသုံးပြုပြီး တပ်စွဲရန်လာသည့် စစ်ကော်မရှင်တပ်သားများကို အကြိမ်ကြိမ်ဟန့်တားတိုက်ခိုက် (ရုပ်သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ကျောက္ကာရွှေဂူနီဘုရားဝန်းအတွင်း တပ်စွဲဖို့လာတဲ့ စစ်ကော်မရှင်တပ်သားတွေကို တော်လှန်ရေးတပ်တွေက အကြိမ်ကြိမ်ဟန့်တားတိုက်ခိုက်ခဲ့တယ်လို့ မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ရွှေဘိုတွင် စပါးရိတ်စက်များ လုယက်လာသည့် စစ်အုပ်စုကို တိုက်ခိုက်မှု ပျူ ၄ ဦးသေဆုံးပြီး စက်များကို ပြည်သူထံ ပြန်လည်အပ်နှံ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်းမှာ ပြည်သူတွေဆီက စပါးရိတ်စက်တွေ လုယက်လာတဲ့ စစ်အုပ်စုကို တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၄ ယောက် သေဆုံးပြီး စက်တွေကို ပြည်သူထံ ပြန်လည်အပ်နှံခဲ့တယ်လို့ ပကဖ၊ ရွှေဘိုမြို့နယ်က သတင်းထုတ်ပြန်ထားပါတယ်။
Read More

အင်းတော်မြို့ကို KIA နှင့် ပူးပေါင်းတပ်များ အပြီးသတ်သိမ်းပိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း အင်းတော်မြို့ကို KIA နဲ့ ပူးပေါင်းတပ်တွေက ဧပြီ ၇ ရက် ညပိုင်းမှာ အပြီးသတ် တိုက် ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်တယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

မှော်ဘီမြို့နယ် ဝါးနက်ချောင်းစံပြရွာ အုပ်ချုပ်ရေးမှူးရုံးကို ၄၀ မမ ဗုံးပစ်လောင်ချာနဲ့ ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၂ ယောက် ထိခိုက်ဒဏ်ရာရ (ရုပ်/သံ)

ရန်ကုန်တိုင်း ဝါးနက်ချောင်းစံပြရွာ အုပ်ချုပ်ရေးမှူးရုံးကို မတ်လ ၁၁ ရက် မနေ့ညပိုင်းက ၄၀ မမ ဗုံး ပစ်လောင်ချာနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Civilian Military SRDF အဖွဲ့ထံက သိရပါတယ်။