မကွေးတိုင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေး၊ 8+ အညာမြေစစ်ဆင်ရေးအဖွဲ့ ရဲဘော်တွေရဲ့ မွမ်းမံသင်တန်းဆင်းပွဲကို ဧပြီ ၂၃ ရက်က ကျင်းပပြီးစီးခဲ့တယ်လို့ သိရပါတယ်။

မြိုင်မြို့နယ် ပြည်သူကာကွယ်ရေးအဖွဲ့လက်အောက်ခံ 8+ အညာမြေစစ်ဆင်ရေးအဖွဲ့ဟာ ၄င်းတို့ရဲ့ ရဲဘော်တွေကို စစ်ဆင်ရေး၊ ကာကွယ်ရေး၊ တရားဥပဒေစိုးမိုးရေး ကိစ္စများ၊ ပြည်သူများနဲ့ ဆက်ဆံရေး ဆိုင်ရာများအပါအဝင် စစ်ပွဲများဆင်နွဲတဲ့အခါမှာ လက်နက်ကိုင်စည်းကမ်းနဲ့ စစ်ရာဇဝတ်မှုများ မချိုးဖောက် မကျူးလွန်မိစေဖို့ ရည်ရွယ်ပြီး ဒီသင်တန်းကို ပြုလုပ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မြောင်မြို့နယ် ကျောက်ရစ်ရဲစခန်းကို စက်လှေနဲ့ တပ်ချိန်းဖို့လာတဲ့ အကြမ်းဖက်စစ်သားတွေကို တိုက်ခိုက်မှု ၃ ယောက်သေ (ရုပ်/သံ)

မကွေးတိုင်း ရေစကြိုမြို့မှ စက်လှေ ၃ စီးနဲ့ မြောင်မြို့နယ် ‌ကျောက်ရစ်ရဲစခန်းကို တပ်ချိန်းဖို့ လာတဲ့ အကြမ်းဖက်စစ်သား အင်အား ၆၀ ခန့်ကို တိုက်ခိုက်ခဲ့တယ်လို့ Royal Brother Defence Forceအဖွဲ့ထံက သိရပါတယ်။
Read More

ဆင်ပေါင်ဝဲမြို့နယ်အတွင်း စစ်ကောင်စီယာဉ်တန်းအား မိုင်းဆွဲတိုက်ခိုက်၊ စစ်သားနှင့် ရဲ ၄ ဦး သေ (ရုပ်/သံ)

မကွေးတိုင်း၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်အတွင်း စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သားနဲ့ ရဲ ၄ ယောက် သေဆုံးခဲ့တယ်လို့ သရက်ခရိုင်၊ အမှတ်- ၅ တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။
Read More

ပခုက္ကူတပ်မ ၁၀၁ မှ တက်လာတဲ့ ပါရာမော်တာ ၁ စီး ပစ်ချခံရ (ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ် အစပ်တွင် ပခုက္ကူတပ်မ ၁၀၁ မှ တက်လာတဲ့ ပါရာမော်တာ ၁ စီးကို ပစ်ချခဲ့တယ်လို့ မြိုင်ပကဖမှ သတင်းထုတ်ပြန်ထားပါတယ်။ ယနေ့ နိုဝင်ဘာလ ၂၂ ရက်နေ့ ညနေ ၄ နာရီ ၄၅ မိနစ်ဝန်ကျင်ခန့်က အကြမ်းဖက် စစ်တပ်ရဲ့ ပခုက္ကူ တပ်မ ၁၀၁ မှ တက်လာတဲ့ ပါရာမော်တာ ၁ စီးကို ပစ်ခတ်ခဲ့ရာ ပျက်ကျခဲ့တယ်လို့ သိရပါတယ်။ ပျက်ကျမှုကြောင့် ပါရာမော်တာပေါ်ရှိ အကြမ်းဖက် စစ်သားများ သေဆုံးခြင်းရှိမရှိကို မြိုင်ပကဖမှ အသေးစိတ်ထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။
Read More

လေကြောင်းတိုက်ခိုက်မှုကြောင့် ချောင်းဦးဆီမီးသပိတ်အတွင်း ကျဆုံးခဲ့သည့် BLDF ရဲဘော် ဘုန်းမြင့်ဇော် (ခ) ရဲဘော်တည်ကြည် စျာပန (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာမြို့နယ်နဲ့ ချောင်းဦးမြို့နယ်အစပ်မှာ ကျင်းပနေတဲ့ သီတင်းကျွတ်ဆီမီးထွန်းပွဲကို စစ်ကော်မရှင်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် BLDF ရဲဘော် ဘုန်းမြင့်ဇော် (ခ) ရဲဘော်တည်ကြည် ကျဆုံးခဲ့ရတယ်လို့ Burma Liberation Democratic Front က သတင်းထုတ်ပြန်ပါတယ်။ ရဲဘော်ဘုန်းမြင့်ဇော် (ခ) ရဲဘော်တည်ကြည်ရဲ့ ဈာပနအခမ်းအနားကို ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး အခြေစိုက်ရာ တော်လှန်ရေးဒေသတနေရာမှာ အောက်တိုဘာလ ၁၀ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ချောင်းဦးမြို့နယ် ကျီကုန်းရွာကို မီးရှို့ဖျက်ဆီးနေတဲ့ အကြမ်းဖက်စစ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် ကျီကုန်းရွာကို မီးရှို့ဖျက်ဆီးနေတဲ့ အကြမ်းဖက်စစ်သားတွေကို Rc plane ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Burmese Peacock Defense Force-BPDF မှ သတင်းထုတ်ပြန်ထားပါတယ်။ အဲဒီတိုက်ခိုက်မှုကို ဒီဇင်ဘာ ၈ ရက်နဲ့ ၉ ရက် ၂ ရက်ဆက် တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ စစ်ဆင်ရေးကို ဗမာ့ဒေါင်းဒရုန်းတပ်ဖွဲ့မြိုင်နယ်(ပကဖ)၊ မုံရွာခရိုင် အမှတ်(၄)တပ်ရင်းနဲ့ အညာဖိုက်တာ Local PDF မဟာမိတ် အဖွဲ့များက ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။