မကွေးတိုင်း၊ ရေစကြိုမြို့နယ် ဗလဘကျေးရွာကို မီးရှို့ပြီး ပြန်လာတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ယာဉ် ၄ စီးကို ဧပြီ ၂၄ ရက် ညနေပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။

အကြမ်းဖက်စစ်တပ်ယာဉ်တန်းကို ခလရ ၂၅၈ တပ်ရင်းသို့ သွားလာလမ်းမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်တပ်ရဲ့ ဟောင်ဝှစ်ဇာ ၁၂၀ မမ၊ ၈၀ မမ တွေကနေ မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည်တွေမှာ အသုံးပြုထားတဲ့ ပြင်အားမြင့်မိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာကြောင့် အကြမ်းဖက်စစ်သားတွေ ထိခိုက်သေဆုံးမှုရှိနိုင်တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ရေစကြိုမြို့နယ် ပကဖ ရဲဘော်တွေ လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

သေ့ဘောဘိုးစခန်းဆီ စစ်ကူလာသော အကြမ်းဖက်စစ်ကြောင်းအား ဗိုလ်ဒါဘော ဦးဆောင်တိုက်ခိုက်နေသည့် မှတ်တမ်းရုပ်သံ

မြန်မာ-ထိုင်းနယ်စပ် သေ့ဘောဘိုးစခန်းကို စစ်ကူလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို Cobra Column က စစ်ကြောင်းမှူးဖြစ်သူ ဗိုလ်ဒါဘော ဦးဆောင်တိုက်ခိုက်နေတဲ့ ရုပ်သံဖိုင်လာထွက်ပေါ်လာပါတယ်။
Read More

KTV ကို လာတဲ့ ကပစ ၂၄ မှ ဗိုလ်မှူးသော်ဇင်ဦးနှင့် စကစထောက်တိုင် KTV ပိုင်ရှင်တို့ တိုက်ခိုက်ခံရပြီး သေဆုံး (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့မှာ ဧပြီလ ၁၀ ရက် ည ၉ နာရီခန့်က KTV ကို လာတဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၂၄) က ဗိုလ်မှူး သော်ဇင်ဦးနဲ့ စကစထောက်တိုင် အိမ်ဖြူတော် KTV ပိုင်ရှင် ကိုမြင့်ဦးတို့ ပခုက္ကူမြို့ စက်မှုန်ဇုံ ရထားဘူတာနဲ့ အိမ်ဖြူတော် KTV အနီး တော်လှန်ရေးတပ်တွေက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သေဆုံးသွားတယ်လို့ Earthquake People’s Defence Force ထံက သိရပါတယ်။
Read More

ပဲခူးရိုးမအတွင်း အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်မှု ၆ ယောက်သေ (ရုပ်/သံ)

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အပိုင် ပဲခူးရိုးမအတွင်း ဖေဖော်ဝါရီ ၄ ရက် မနက်ပိုင်းက အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ယောက်သေခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ(၅) ဗျူဟာထံက သိရပါတယ်။
Read More

ရေစကြို ရေလယ်ကျွန်းဒေသက ပျူစောထီးတွေ အခြေစိုက်ရာနေရာကို ဒရုန်းနဲ့တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသက ပျူစောထီးတွေ အခြေစိုက်ရာကျေးရွာကို ဒရုန်းနဲ့  ဗုံးသီးတွေ  ၂ကြိမ်တိုင် ကြဲချတိုက်ခိုက်ခဲ့ကြောင်း  Myingyan Black Tiger (MBT) ထံက သိရပါတယ်။
Read More

မင်းအောင်လှိုင်က အတွေ့အကြုံ ရှိပြီးသားမို့ တာဝန်ပေးရင် သမ္မတလုပ်နိုင်တယ်လို့ ဇော်မင်းထွန်း ပြော (ရုပ်/သံ)

ဒီနေ့ ရန်ကုန်မြို့မှာ ပြုလုပ်တဲ့ ကျားဖြန့်ဆိုင်ရာ သတင်းစာရှင်းလင်းပွဲမှာ မင်းအောင်လှိုင် သမ္မတ လုပ်နိုင်တယ်လို့ အကြမ်းဖက်စစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက ပြောကြားလိုက်ပါတယ်။
Read More

လေးကေ့ကော်မြို့နယ် စွယ်တော်ကုန်းတိုက်ပွဲမှာ အသက်ပေးလှူသွားတဲ့ Cobra Column 2 VENOM ရဲဘော်သောင်းလှအတွက် အမိန့်ပြန်တမ်းထုတ်ပြန် (ရုပ်/သံ)

ကရင်ပြည်နယ် လေးကေ့ကော်မြို့အနီးရှိ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ စွယ်တော်ကုန်းစခန်းသိမ်းတိုက်ပွဲမှာ ရဲဘော် သောင်းလှကျဆုံးခဲ့ရတယ်လို့ Cobra Column 2 VENOM ထံက သိရပါတယ်။