ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ ကြူရှောကျေးရွာအုပ်စု၊ ပန်ဆန်ကျေးရွာမှာ စစ်လက်နက်ကြွင်းကျန် လက်နက်ကြီး ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ဒေသခံ ၁ ယောက် ပွဲချင်းပြီး သေဆုံးပြီး ကိုရင်ငယ်လေး တစ်ပါးအပါအဝင် ဒေသခံ ၄ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်းက ဒီနေ့ ထုတ်ပြန်ပါတယ်။

ဧပြီလ ၂၄ ရက် မနေ့က ညနေပိုင်းမှာ လက်ဖက်ခူးပြန်လာတဲ့ အရပ်သားတွေက ပြန်လာတဲ့လမ်းမှာ မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကောက်ယူဆော့ကစားရာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ၈ နှစ်အရွယ် ကလေးငယ် ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

အသက် (၁၁) နှစ်အရွယ် ကိုရင်ဖြစ်သူဟာ ခြေထောက်နှစ်ဖက်စလုံးမှာ ဒဏ်ရာပြင်းထန်ထိခိုက်ခဲ့ပြီး အသက် (၄) နှစ်အရွယ် ကလေးငယ် ၃ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

ဒဏ်ရာပြင်းထန်တဲ့ ကိုရင်ငယ်လေးကို လက်ရှိမှာ ကွတ်ခိုင်ဆေးရုံကို ပို့ဆောင်ကာ ဆေးကုသပေးနေပြီး အဆိုပါ ကိုရင်ငယ်လေးဟာ ခြေနှစ်ဘက်စလုံးမှာ စတီးချောင်း ထည့်ရမှာဖြစ်တာကြောင့် ဆေးကုသဖို့ ငွေကြေးအခက်အခဲရှိနေတယ်လို့ သိရပါတယ်။

အဆိုပါစစ်ကျန်လက်နက်ပစ္စည်း ပေါက်ကွဲရာနေရာဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၂ နှစ်ဆန်းပိုင်းအထိ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာဖြစ်ပြီး လက်နက်ကြွင်းကျန်ပစ္စည်း အများအပြားကျန်ရှိနေကာ ဒီနေ့အထိ မြေမြုပ်မိုင်းတွေ မရှင်းလင်းရသေးတဲ့ နေရာတွေ ဖြစ်တယ်လို့ သိရပါတယ်။

(ဓာတ်ပုံ ဒေသခံ)

0 Shares:
You May Also Like
Read More

ကရင်နီပြည် ကိုယ်ပိုင်တရားစီရင်ရေးစနစ်ကနေ ရာဇဝတ်မှုပေါင်း ၇၀ကျော်ကို လက်ခံဆောင်ရွက်နိုင်ခဲ့

ကရင်နီပြည်မှာ ကိုယ်ပိုင်တရားစီရင်ရေးစနစ်ကနေ ရာဇဝတ်မှုပေါင်း ၇၀ ကျော်ကို လက်ခံဆောင်ရွ့က်နိုင်ခဲ့တယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က အသိပေးထုတ်ပြန်ပါတယ်။
Read More

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ရင်းအမှတ်(၅) ကို စစ်ရေးချုပ်ခူးရီးဒူ လာရောက်တွေ့ဆုံ

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်းအမှတ်(၅) ကို KNDF တပ်ဖွဲ့ရဲ့ စစ်ရေးချုပ် ခူးရီးဒူ လာရောက်တွေ့ဆုံခဲ့တယ်လို့ အဆိုပါတပ်ရင်းက မနေ့က ထုတ်ပြန်ပါတယ်။
Read More

ဘုတလင်မှာ ဗကသများအဖွဲ့ချုပ်က ကိုဖုန်းမော်ကျဆုံးခြင်း (၃၇) နှစ်ပြည့်နှင့် တံတားနီအရေးအခင်း (၃၇) နှစ်ပြည့်အဖြစ် စာ‌စောင်များ ဖြန့်ဝေ (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အတွင်း ဘုတလင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)က မတ်လ ၁၃ ရက်မှာ ကျရောက်တဲ့ ကိုဖုန်းမော်ကျဆုံးခြင်း နှစ်ပတ်လည်နဲ့ မတ်လ ၁၆ ရက်မှာ ကျရောက်တဲ့ တံတားနီနေ့ အထိမ်းအမှတ် အဖြစ် လက်ကမ်းစာ‌စောင်တွေ ဖြန့်ဝေခဲ့တယ်လို့ ဗကသများ အဖွဲ့ချုပ်က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဖြူးမြို့နယ်က ကျေးရွာတွေကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ တိုက်ခိုက်မှုကြောင့် အရပ်သား ၁ ယောက် သေဆုံးကာ ၁ ယောက် ပြင်းထန်ဒဏ်ရာရ…

ပဲခူးတိုင်း၊ ဖြူးမြို့နယ်အတွင်းရှိ ကျေးရွာတွေကို အကြမ်းဖက်စစ်ကောင်စီတပ်က ဒရုန်းနဲ့ တိုက်ခိုက်မှုကြောင့် အရပ်သား ၁ ယောက် သေဆုံးကာ ၁ ယောက် ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တောင်ပိုင်းစစ်ဒေသ ၊ အမှတ်(၂)စစ်ဒေသခွဲက ထုတ်ပြန်ပါတယ်။
Read More

မြင်းခြံခရိုင်ပကဖထံမှ သေနတ်ယူထွက်ပြေးသည့် အချုပ်သားများအနက် ၈ ဦးကို Zero ပြောက်ကျားတပ်ဖွဲ့ ပြန်လည်ဖမ်းဆီးအပ်နှံထား

မန္တလေးတိုင်း၊ မြင်းခြံခရိုင်ပကဖထံကနေ လက်နက်တွေနဲ့အတူ ထွက်ပြေးလွတ်မြောက်သွားတဲ့ အချုပ်သားတွေထဲက ၈ယောက်ကို ပြန်လည်ဖမ်းဆီးရမိခဲ့တယ်လို့ မြင်းခြံခရိုင်တပ်ရင်း (၇)၊ Zero ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက မောင်းကိုပြောပါတယ်။ အောက်တိုဘာလ ၁၆ရက် မနေ့က မြင်းခြံခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံကနေ အချုပ်သား အယောက် ၃၀ နီးပါး သေနတ်တွေနဲ့အတူ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက ဖော်ပြခဲ့ပါတယ်။
Read More

အိုးတိန်တွင်းရွာ လေကြောင်းတိုက်ခံရမှုဖြစ်စဥ်မှ ကလေးငယ် ၂ဦး ထပ်မံသေဆုံးပြီး စုစုပေါင်းသေဆုံးသူ ၂၄ဦးအထိရှိလာ

ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုဖြစ်စဥ်အတွင်း ထိခိုက်ဒဏ်ရာရထားတဲ့ ကလေးငယ် ၂ယောက်ထပ်မံ သေဆုံးသွားတာကြောင့် စုစုပေါင်းသေဆုံးသူ ၂၄ယောက်အထိရှိလာပြီလို့ ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ က ထုတ်ပြန်ပါတယ်။